Toyota Mingalar မှ ၂၀၂၀ မိုဒယ် Toyota Hilux Revo ကားသစ်ကို ပြည်တွင်းစျေးကွက်အတွင်း စတင်မိတ်ဆက်ရောင်းချ

362

 

ရန်ကုန်၊ ​အောက်တိုဘာ ၁၀

Toyota Mingalar မှ ၂၀၂၀ မိုဒယ် Toyota Hilux Revo ကားသစ်ကို အောက်တိုဘာ ၁၀ ရက်(ယ​နေ့)တွင် Toyota Mingalar Showroom ၌ စတင်မိတ်ဆက် ရောင်းချခဲ့ကြောင်း သိရသည်။

Toyota Hilux Revo Single Cab နှင့် Extra Cab ကားသည် 2.4 Liter VN Turbo Diesel 4 Cylinders 6 Speed Manual Transmission တပ်ဆင်ထားပြီး Toyota Hilux Revo Double Cab တွင် 1GD-FTV(2.8L VN Turbo Diesel 4 Cylinders 6 Speed Automatic Transmission ကို အသုံးပြုထားသည်။

Single Cab တွင် Bench Type Front Seat ၊ Manual Air Conditioner ၊ Stylish Halogen Headlamps ၊ ABS ၊SRS Airbags တို့ပါဝင်ပြီး Extra Cab ကားတွင် ပုံစံအသစ်ဖြင့်ဖန်တီးထားသည့် Bumper Front Grille နှင့် Fog Lamps တို့ကိုတပ်ဆင်ထားသည်။ အတွင်းပိုင်းတွင် Display Audio ၊ Fabric Seats ၊ Automatic Air Conditioner ၊ Stylish 4 Bulb Halogen Headlamps ၊ ABS ၊ HAC ၊ VSC ၊ TSC ၊ SRS Air Bags တို့ကာဝင်သည်။

Double Cab ကားတွင် Toyota Safety Sense ၊ PSC ၊ DRCC ၊ LDA ၊ 8 inch Display Audio ၊ Leather Seats ၊ Automatic Air Conditioner ၊ Stylish Bi-beam LED Headlamps ၊ ABS ၊ HAC ၊ DAC ၊ VSC ၊ TSC ၊ LSD ၊ Parking Assist ၊7SRS Airbags တို့ ပါဝင်သည်။

Toyota Mingalar မှ Toyota Hilux Revo ကားသစ်ကို ဝယ်ယူမည်ဆိုပါက Single Cab ကို အမေရိကန်ဒေါ်လာ ၂၀,၇၀၀၊ Toyota Revo Extra Cab ကို အ​မေရိကန်​ဒေါ်လာ ၂၈,၃၀၀၊ Double Cab Hight Grade ကိုအမေရိကန်ဒေါ်လာ ၄၇,၃၀၀၊ Adventure Grade ကို အမေရိကန်ဒေါ်လာ ၅ဝ,၆၀၀ ရောင်းချပေးနေပြီး ထိုကားများအတွက်
သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here