Toyota Mingalar မှ ကားအမျိုးအစား ရှစ်မျိုးကို November Promotion အစီအစဉ်ဖြင့် ရောင်းချမည်

123

 

ရန်ကုန်၊ နိုဝင်ဘာ ၁၁

Toyota Mingalar မှ ကားအမျိုးအစား ရှစ်မျိုးကို November Promotion အစီအစဉ်ဖြင့် နိုဝင်ဘာလကုန်အထိ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ November Promotion အစီအစဉ်တွင် Toyota Hiace ၊ Toyota Majesty ၊ Toyota Fortuner ၊ Toyota Corolla Cross ၊ Toyota Extra Cab ၊ Toyota Vios ၊ Toyota Avanza ၊ Toyota Innova တို့ကို အထူးအစီအစဉ်များဖြင့်ရောင်းချပေးမည်ဖြစ်သည်။

“Toyota ကားချစ်သူများအတွက် Toyota Mingalar Showroom ကနေ Toyota Hiace ကို ဝယ်ယူမယ်ဆိုရင် Gold Service Package သို့မဟုတ် Free Insurance ၊ Toyota Majesty ကို ဝယ်ယူမည်ဆိုပါက Gold Service Package + Lamina Film + Free Insurance + Cool Box ၊ Toyota Fortunerကို ဝယ်ယူမည်ဆိုပါက Gold Service Package သို့မဟုတ် Free Insurance ၊ Toyota Inova ကိုဝယ်ယူမည်ဆိုပါက Gold Service Package သို့မဟုတ် Free Insurance ၊ Toyota Extra Cab ကို ဝယ်ယူမည်ဆိုပါက Gold Service Package သို့မဟုတ် Free Insurance ၊ Toyota Corolla Cross ကို ဝယ်ယူမည်ဆိုပါက Gold service Package+Lamina Film သို့မဟုတ် 1 year Coating Service ၊ Toyota Avanza ကိုဝယ်ယူမည်ဆိုပါက Gold Service Package သို့မဟုတ် 1 year Coating Service ၊Toyota Vios ကိုဝယ်ယူမည်ဆိုပါက Gold Service Package သို့မဟုတ် Free Insurance တို့ရရှိမှာဖြစ်ပါတယ်”ဟု Toyota Mingalar မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Toyota Mingalar မှ Toyota ကားများ ဝယ်ယူမည်ဆိုပါက ဈေးနှုန်းအသစ်များဖြင့် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး Toyota Corolla Cross ကို အမေရိကန်ဒေါ်လာ ၃၄,၃၀၀၊ Toyota Majesty ကို အမေရိကန်ဒေါ်လာ ၅၈,၃၀၀၊ Toyota Avanza ကို အမေရိကန်ဒေါ်လာ ၁၈,၃၈၀၊ Toyota Vios ကို ၂၀,၉၀၀၊ Toyota Rush ၂၅,၀၆၀၊ Toyota Innova ကို အမေရိကန်ဒေါ်လာ ၃၄,၁၀၀၊ Toyota Corolla Altis
ကို အမေရိကန်ဒေါ်လာ ၃၁,၈၀၀၊ Toyota Camry ကို အမေရိကန်ဒေါ်လာ ၄၄,၃၅၀၊ Toyota Fortuner ကို အမေရိကန်ဒေါ်လာ ၅၇,၆၀၀၊Toyota Land Cruiser ကို အမေရိကန်ဒေါ်လာ ၁၅၇,၇၀၀၊ Toyota Hiace ကို အမေရိကန်ဒေါ်လာ ၄၃,၉၀၀၊ Toyota Single Cab ကို အမေရိကန်ဒေါ်လာ၂၀,၇၀၀၊ Toyota Extra Cab ကို အမေရိကန်ဒေါ်လာ ၂၈,၃၀၀၊ Toyota Double Cab ကို အမေရိကန်ဒေါ်လာ ၅၀,၆၀၀ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး ထိုကားများအတွက် အာမခံအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေးထားကြောင်းသိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here