Toyota Mingalar မှ ကားအမျိုးအစား ငါးမျိုးကို August Monsoon Promotion အစီအစဉ်ဖြင့် ရောင်းချမည်

368

 

ရန်ကုန်၊ ဇူလိုင်
Toyota Mingalar မှ ကားအမျိုးအစား ငါးမျိုးကို August Monsoon Promotion အစီအစဉ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

August Monsoon Promotion အစီအစဉ်တွင် Toyota Avanza ၊ Rush ၊ Extra Cab ၊ Fortuner နှင့် Majesty တို့ ပါဝင် မည် ဖြစ်သည်။

“Toyota ကားချစ်သူတွေအတွက် အထူးပရိုမိုးရှင်းအနေနဲ့ Toyota Avanza ကို Gold Service Package ၊ ဒါမှမဟုတ်1 Year Coatings ၊ Rush ကို Gold Service Package ၊ ဒါမှမဟုတ် 1 Year Coatings ၊ Extra Cab ကို Free Insurance နဲ့ Lamina Film ၊ Fortuner ကို Gold Service Package ၊ ဒါမှမဟုတ် Free Insurance + Emergency Set ၊ Majesty ကို Gold Service Package နဲ့ Lamina Film + Emergency Kit+Cool Box တွေ ပေးအပ်သွား မှာ ဖြစ်ပါတယ်၊ ဒါ့ပြင် သြဂုတ်လ အတွင်း ဘယ်ကားအမျိုးအစားမဆို ဝယ်ယူသူတွေအတွက် Ionizer နဲ့ Disinfecting Service တွေလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်”ဟု Toyota Mingalar မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

Toyota Mingalar မှ Toyota Avanza ကို အမေရိကန် ဒေါ်လာ ၂ဝ,ဝဝဝ၊ Rush ကို အ မေရိကန်ဒေါ်လာ ၂၈,၅ဝဝ၊Extra Cab ကို အမေရိကန်ဒေါ်လာ ၂၈,၃ဝဝ ၊ Fortuner ကို အမေရိ ကန်ဒေါ်လာ ၆၃,၈ဝဝ နှင့် Majesty ကို အမေရိကန်ဒေါ်လာ ၅၈,၃ဝဝ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေး ထားကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here