Toyota Mingalar မှ ကားအမျိုးအစား ခုနစ်မျိုးကို October Promotion အစီအစဥ်ဖြင့် ရောင်းချမည်

224

 

ရန်ကုန်၊ ​အောက်တိုဘာ ၁၄

Toyota Mingalar မှ ကားအမျိုးအစား ခုနစ်မျိုးကို October Promotion အစီအစဥ်ဖြင့်အောက်တိုဘာလကုန်အထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

October Promotion အစီအစဥ်တွင် Toyota Corolla Cross ၊Toyota Avanza ၊ Toyota Majesty ၊ Toyota Corolla Altis ၊ Toyota Rush ၊ Toyota Extra Cab ၊ Toyota Double Cab တို့ကို အထူးအစီအစဥ်များဖြင့်ရောင်းချမည် ဖြစ်သည်။

” Toyota ကားချစ်သူများအတွက်အထူးအစီအစဥ်အနေနဲ့ Toyota Extra Cab ကို ဝယ်ယူမည်ဆိုပါက Free Insurance +Lamina Film ၊ Toyota Double Cab ကိုဝယ်ယူမည်ဆိုပါက Free Insurance+Lamina Film+Emergency Set၊Toyota Avanza ကို ဝယ်ယူမည်ဆိုပါက Gold Service Package၊ သို့မဟုတ် 1 Year Coating Service ၊ Toyota Corolla Altis ကို ဝယ်ယူမည်ဆိုပါက Gold Service Package ၊ သို့မဟုတ် Free Insurance ၊ Toyota Corolla Cross ကိုဝယ်ယူမည်ဆိုပါက Gold service Package+Lamina Film ၊ သို့မဟုတ် 1 year Coating Service ၊ Toyota Majesty ကို ဝယ်ယူမည်ဆိုပါက Gold Service Package +Lamina Film + Emergency Kit + Cool Box ၊Toyota Rush ကို ဝယ်ယူမည်ဆိုပါက Gold Service Package ၊ သို့မဟုတ် 1 Year Coating Service တို့ကို ရရှိမှာဖြစ်ပါတယ်” ဟု Toyota Mingalar မှတာဝန်ရှိသူတစ်ဦးကပြောသည်။

Toyota Mingalar မှ Toyota ကားများဖြစ်သည့် Toyota Corolla Cross ကို အ​မေ
ရိကန်ဒေါ်လာ ၃၄,၃၀၀၊ Toyota Avanza ကို အမေရိကန်ဒေါ်လာ ၁၈,၃၈၀၊ Toyota Majesty ကို အမေရိကန်ဒေါ်လာ ၅၈,၃၀၀၊Toyota Corolla Altis ကို အမေရိကန်ဒေါ်လာ ၃၁,၈၀၀၊ Toyota Rush ကို အမေရိကန်ဒေါ်လာ ၂၅,၀၆၀၊ Toyota Extra Cab ကို အမေရိကန်ဒေါ်လာ ၂၈ ၃၀၀ နှင့် Toyota Double Cab High Grade ကို အမေရိကန်ဒေါ်လာ ၄၇,၃၀၀၊ Double Cab Adventure Grade ကို အမေရိကန်ဒေါ်လာ ၅၀,၆၀၀​ ဖြင့် ရောင်းချပေးနေပြီး ထိုကားများအတွက် သုံးနှစ်၊ သို့မဟုတ်ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

ရဲထွန်း​ကျော်

Photo Credit: Toyota Mingalar

LEAVE A REPLY

Please enter your comment!
Please enter your name here