Toyota နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးအစီအစဉ်ကို မြို့နယ်လေးခုတွင် ကျင်းပ

190

ရန်ကုန်၊ အောက်တိုဘာ
Toyota နှင့် မြန်မာနိုင်ငံကြက် ခြေနီအသင်းတို့ ပူးပေါင်း၍ ယာဉ် အန္တရာယ်ကင်းရှင်းရေး အစီအစဉ် ကို ရန်ကုန်တိုင်းရှိ မြို့နယ်လေးခု တွင် ကျင်းပခဲ့ကြောင့် Toyota Myanmar မှ သိရသည်။

၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ထုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ယာဉ်အန္တရာယ် ကင်းရှင်းရေး ကမ္ဘာ့ အဆင့် အစီရင်ခံစာတွင် ယာဉ် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိ မှုများသည် အသက် ငါးနှစ်မှ ၂၉ နှစ်ကြားရှိ ကလေးသူငယ်များနှင့် လူငယ်များတွင် ပိုမိုဖြစ်ပွားကြောင်း အလားတူ မြန်မာနိုင်ငံတွင်လည်း ယာဉ်မတော်တဆမှုကြောင့် သေ ဆုံးမှုနှုန်း မြင့်မားလာခဲ့သည်။ ထို့ ကြောင့် Toyota မှ ယာဉ်အန္တ ရာယ်ကင်းရှင်းရေး ပညာပေးအစီ အစဉ်ကို မြန်မာနိုင်ငံကြက်ခြနီအသင်းနှင့် ပူးပေါင်းကာ ယာဉ်ထိန်း ရဲတပ်ဖွဲ့၏ အကူအညီယူ၍ ၂ဝ၁၇ ခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီး တွင် ပညာပေးမှုများ စတင်ခဲ့ သည်။ ကနဦးအနေဖြင့် အမှတ်-၈ လှိုင်သာယာ အထက်တန်းကျောင်း ၌ ပညာပေးမှုများ စတင်ခဲ့ပြီး မင်္ဂလာဒုံ၊ အင်းစိန်နှင့် သန်လျင် မြို့နယ်များရှိ ကျောင်းများတွင် ပြု လုပ်ခဲ့သည်။

“ကားထုတ်လုပ်တဲ့ ကုမ္ပဏီ အနေနဲ့ရော တာဝန်ယူမှုရှိတဲ့ အဖွဲ့ အစည်းတစ်ခုအနေနဲ့ပါ မြန်မာနိုင် ငံကို အထောက်အပံ့ပေးချင်တဲ့ အတွက် ယာဉ်အန္တရာယ်ကင်းရှင်း ရေး ပညာပေးအစီအစဉ်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊ ပညာပေးအစီ အစဉ်ကို မိတ်ဖက် အဖွဲ့အစည်း အနေန့ဲ MRCS နဲ့တိုင်ပင်ပြီး တိုးချဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊ အနာဂတ်ရဲ့ ကလေးငယ်တွေကနေ စတင်ပြီး လူငယ်၊ လူရွယ်တွေအထိ ယာဉ်အန္တရာယ် ကင်းရှင်းရေးလှုပ် ရှားမှုကို အဆင့်ဆင့် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု Toyota Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်အန္တရာယ် ကင်းရှင်းရေး ပညာပေးအစီအစဉ်ကို ရန်ကုန်တိုင်း ရှိ မြို့နယ်လေးခုမှ အခြေခံပညာ ကျောင်းများတွင် ပညာပေးဟော ပြောပွဲများ ကျင်းပခဲ့ပြီး ဆရာ/မ ဦးရေ ၁၂ဝ နှင့် ကျောင်းသား/သူ ဦးရေ ၁,၂၅ဝ ကို မျှဝေခဲ့ကြောင်း သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here