Toyota ကားအမျိုးအစား ခုနစ်မျိုးကို July Promotion ဖြင့် ရောင်းမည်

338

 

ရန်ကုန်၊ ဇွန် ၂၉
Toyota Mingalar မှ Toyota Vios ၊ Rush ၊ Fortuner ၊ Extra Cab ၊ Hiace ၊ Majesty ၊ Land Cruiser 200 အစရှိသည့် ကား အမျိုးအစားခုနစ်မျိုးကို July Promotion အစီအစဉ်ဖြင့် ရောင်းချ မည်ဖြစ်ကြောင်း သိရသည်။

“Toyota ကားချစ်သူတွေအတွက် ဇူလိုင် ပရိုမိုးရှင်းအနေနဲ့ Toyota Vios ၊ Rush ၊ Fortuner ၊ Extra Cab ၊ Hiace ၊ Majesty ၊ Land Cruiser 200 အစရှိတဲ့ ကားတွေ ဝယ်ယူတဲ့သူတိုင်းကို Gold Service Package ၊ ဒါမှမဟုတ် တခြားသော ဝန်ဆောင်မှုအများကြီးပေးတဲ့ Service တွေကို ကားအမျိုးအစားအလိုက် အထူးအစီအစဉ်တွေနဲ့ ပေး အပ်သွားမှာဖြစ်ပါတယ်”ဟု Toyota Mingalar မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

Toyota Mingalar မှ Toyota Vios ကို အမေရိကန်ဒေါ်လာ ၂၁,၈ဝဝ၊ Rush ကို အမေရိကန်ဒေါ်လာ ၂၈,၅ဝဝ၊ Fortuner ကို အမေ ရိကန်ဒေါ်လာ ၆၃,၈ဝဝ၊ Extra Cab ကို အမေရိကန်ဒေါ်လာ၂၈,၃ဝဝ၊ Hiace ကို အမေရိကန်ဒေါ်လာ ၄၃,၉ဝဝ၊ Majesty ကို အမေရိကန် ဒေါ်လာ ၅၈,၃ဝဝ၊ Land Cruiser 200 ကို အမေရိကန်ဒေါ်လာ ၁၈၇, ၁ဝဝ ဖြင့် ရောင်းချမည်ဖြစ်ပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေးထားကြောင်း သိရသည်။
ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here