Touch Screen တပ်ဆင်ထားတဲ့ ကမ္ဘာ့ပထမဆုံးကား

310

 

ယနေ့ခေတ်ဟာ နည်းပညာအဆမတန်တိုးတက်လာတဲ့အချိန်ကာလ ဖြစ်တာကြောင့် နယ်ပယ်တိုင်းမှာ တိုးတက်ဖြစ်ထွန်းမှုတွေက ထင် မှတ်မထားရလောက်အောင်ပဲ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေပါတယ်။ ကြိုးစားမှုမရှိတဲ့ကုမ္ပဏီ၊ လူ့အဖွဲ့အစည်း၊ နိုင်ငံတစ်နိုင်ငံဟာ ခေတ်မီ နည်းပညာတွေကို ပိုင်ဆိုင်ထားခြင်းမရှိဘူးဆိုရင် တခြားသူတွေနဲ့ယှဉ်ရင် အားနည်းနေမှာက အမှန်ပါပဲ။ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံကြီးတွေဟာ အင်္ဂါ ဂြိုဟ်အထိ ခြေချဖို့ပြင်ဆင်နေကြပြီး မိုးပျံကားတွေကလည်း လာမယ့် ဆယ်စုနှစ်အနည်းငယ်အတွင်း ဝေဟင်ထက်ပျံသန်းဖို့တာစူနေပါပြီ။ မိုး ပျံကားလို့ဆိုရာမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုကျော်လောက်ကဆိုရင် ဝေ ဟင်ပေါ်ပျံသန်းဖို့မပြောနဲ့ ယနေ့ခေတ်ပေါ်ကားတိုင်းလိုလို မဖြစ်မနေ ထည့်သွင်းထားတဲ့ Touch Screen ကိုတောင် တပ်ဆင်နိုင်ခြင်း မရှိသေး ပါဘူး။

Touch Screen ဟာ ခေတ်မီကားတိုင်းမှာ မရှိမဖြစ်အရေးပါတဲ့ ကြားခံကိရိယာတစ်ခုလို့ဆိုနိုင်ပြီး လမ်းညွန်မြေပုံကိုကြည့်မလား၊ ရုပ် ရှင်ကြည့်မလား၊ သီချင်းပဲ နားထောင်မလား၊ ဖုန်းပဲပြောမလား ကြိုက်ရာ အသုံးပြုနိုင်ပါတယ်။ လက်ညှိုးလေး တစ်ချက်ထောက်လိုက်ရုံနဲ့ ကိုယ် လုပ်ချင်တဲ့အရာကို အလွယ်တကူ လုပ်ဆောင်နိုင်တာက နည်းပညာတိုး တက်မှုရဲ့ပြယုဂ်တစ်ခုလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ပထမ ဆုံးသော Touch Screen ထည့်သွင်းထားတဲ့ကားကို တည်ဆောက်နိုင် ခဲ့တာကတော့ အမေရိကန်ထိပ်တန်းကားကုမ္ပဏီ General Motors ရဲ့ လက်အောက်ခံ ကားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ကြငခု ပဲ ဖြစ်ပါတယ်။ ၁၈၉၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Buick ဟာ တန်ဖိုးမြင့် ဇိမ်ခံမို ဒယ်တစ်ခုဖြစ်တဲ့ Buick Riviera ကို ၁၉၆၃ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ တာဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာတော့ ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပါတယ်။

Buick Riviera ဟာ စတင်ထုတ်လုပ်စဉ်ကတည်းက လူကြိုက်များ ခဲ့တဲ့မိုဒယ်တစ်ခုဖြစ်ပြီး ၁၉၈၆ မိုဒယ်မှာတော့ ဒက်ရှ်ဘုတ်မှာ တပ်ဆင် လေ့ရှိတဲ့ Infotainment ကို လက်တစ်ချက်ထိလိုက်ရုံနဲ့ လုပ်ဆောင်နိုင်တဲ့ Touch Screen နဲ့ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ပထမဆုံးစမ်းသပ်တပ် ဆင်တဲ့ Touch Screen ဖြစ်တာကြောင့် ယနေ့ခေတ်လို မျက်နှာပြင် ကြီးမားကျယ်ပြန့်တာမျိုးမဟုတ်ဘဲ ခြောက်လက်မသာသာ လေးထောင့် စပ်ပုံစံဖြစ်ပါတယ်။ Climate ၊ Summary ၊ Radio စတဲ့ Function သုံးမျိုးကို အပေါ်ဘက်မှာပြုလုပ်ထားပြီး အောက်ဘက်မှာတော့ Gages ၊ Diagnostic ၊ Trip Monitor စတဲ့ သုံးမျိုးကိုပြုလုပ်နိုင်ပါတယ်။ ယာဉ် မောင်းအနေနဲ့ ကိုယ်ပြုလုပ်ချင်တဲ့ Function ကို Screen မှာပေါ်လာတဲ့အတိုင်း လက်နဲ့ထောက် ကာ လုပ်ဆောင်နိုင်တာက ယနေ့ခေတ် Touch Screen တွေရဲ့ဖခင်လို့ဆိုရင်လည်း မမှားပါဘူး။ နောက်ပိုင်း ကျမှ တခြားကုမ္ပဏီတွေက အပြိုင်အဆိုင် တီထွင်ဖန်တီးခဲ့ တာကြောင့် ယနေ့ခေတ်လို အလန်းစား Touch Screen တွေ ထွက်ေပါ်လာခဲ့ တာ ြဖစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here