ယာဉ်မောင်းလိုင်စင် လက်တွေ့ ဖြေဆိုသူဦးရေ နေ့စဉ် ၁,ဝဝဝ ဝန်းကျင်ရှိပြီး သုံးပုံတစ်ပုံခန့်သာ အောင်မြင်

1165

ယာဉ်မောင်းလိုင်စင် လက်တွေ့ဖြေဆိုသူများ၏ အောင်/ရှုံး အဖြေရလဒ်ကို ချက်ချင်း အကြောင်းပြန်ပေးသည့် စနစ်ဖြင့် စစ်ဆေးနေပြီး နေ့စဉ်ဖြေဆိုသူ ၁,ဝဝဝ ဝန်းကျင်ခန့်ရှိရာ သုံးပုံတစ်ပုံခန့်သာ အောင်မြင်ကြောင်း ယာဉ်မောင်းလိုင်စင် စစ်ဆေးရေးဌာန(ရွာသာကြီး)မှ သိရသည်။ ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးဌာန (ရွာသာကြီး)တွင် ယာဉ် မောင်းလိုင်စင်(လက်တွေ့) လာရောက်ဖြေဆိုသူ တစ်နေ့လျှင် ၈ဝဝ မှ ၁,ဝဝဝ ဝန်းကျင်ထိရှိနေပြီး လာရောက်ဖြေဆိုသူများ၏ အောင်/ရှုံး အဖြေရလဒ်များကို ချက်ချင်းလက်ငင်းအကြောင်းပြန်သည့်စနစ်ဖြင့် စစ်ဆေးပေးနေပြီး တစ်နေ့လျှင် ယာဉ်မောင်းလိုင်စင် (လက်တွေ့)ဖြေဆိုသူ ၁ဝဝ ဝန်းကျင်သူအောင်မြင်ကြောင်း သိရသည်။

”ယာဉ်မောင်းလိုင်စင် (လက်တွေ့)လာဖြေသူတွေထဲမှာ အောင်တဲ့သူက သုံးပုံတစ်ပုံလောက်ပဲရှိတယ်၊ လာဖြေတဲ့သူတွေက သင်တန်းဆင်းလက်မှတ်ပါပေမဲ့ သင်တန်းတကယ်တက်ခဲ့ဖို့တော့လိုတယ်၊ သင်တန်းဆင်းလက်မှတ်တွေ ဝယ်လာတာမျိုးတော့ မဖြစ် စေချင်ဘူး၊ တကယ်လက်တွေ့လေ့ကျင့်လာရင် တကယ်အောင်ကြမှာ ပဲ၊ ပတ်မောင်းနဲ့ ပါကင်ထိုးဖြေတဲ့ အခါ ပါကင်ထိုးတဲ့နေရာမှာ အကျ များကြတယ်၊ လက်တွေ့စစ်ဆေးတာက ကားအမျိုးအစားအလိုက် ကားရဲ့လေးပုံတစ်ပုံကိုပဲ ပါကင် အကျယ်အဝန်းပေးထားတာပါ၊ ဥပမာ ကားဗျက်က ၄ ပေဆိုရင် အကျယ်က ၅ ပေ အဲ့ဒီအထဲကို စက္ကန့် ၉ဝ အတွင်း ဝင်အောင် ပါကင်ထိုးနိုင်ရင် အောင်ပါတယ်၊ ဒီမှာက လူအများရှေ့မှာ လက်တွေ့စစ်ရတာပါ၊ အောင်တယ်၊ ကျတယ် ဆိုတာ မြင်နေရတဲ့အရာပါ၊ အဲ့ဒီအတွက် အောင်/ရှုံး အဖြေကို ဖြေပြီးပြီးချင်းမှာ တစ်ခါတည်း ပေးလိုက်တာပါ၊ ဒီလိုစစ်တယ်ဆိုတာ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် လိုနေ တာတွေ အများကြီးရှိပါသေးတယ်၊ အများပြည်သူပိုင်တဲ့လမ်းမှာ မောင်းဖို့ဆိုရင် တကယ်ကျွမ်းကျင် ဖို့လိုပါတယ်”ဟု ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန (ရွာသာကြီး)မှ တာဝန်ရှိသူက ဆိုသည်။

ယာဉ်မောင်းလိုင်စင် (လက်တွေ့)ဖြေဆိုခြင်းများအတွက် ပထမအဆင့် ပတ်မောင်းဖြေဆိုရမည်ဖြစ်ပြီး ကားအကြီးအသေးအမျိုးအစားအလိုက် ပါကင်အကျယ်အဝန်း ပြုလုပ်ထားပြီး ထိုစည်းထဲသို့ သတ်မှတ်ထားသည့် အချိန်တွင် စနစ်တကျ ပါကင်ဝင်အောင်ထိုးနိုင်မှသာ အောင်မြင်မည်ဖြစ်ပြီး အောင်မြင် ခြင်း၊ ကျရှုံးခြင်းများကို ဖြေဆိုပြီးချိန်တွင် ချက်ချင်းလက်ငင်းအကြောင်းပြန်ပေးလျက်ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here