Terminator 2  ဇာတ်ကားတွင် မင်းသား အာနိုးလ် စီးခဲ့သည့် Harley-Davidson Fat Boy ဆိုင်ကယ် လေလံတင်ရောင်းချမည်

798

၁၉၉၁ ခုနှစ်တွင် ပြသခဲ့သည့် Terminator 2:Judgement Day  ရုပ်ရှင်ဇာတ်ကားမှ မင်းသား အာနိုးလ် စီးခဲ့သော Harley-Davidson Fat Boy ဆိုင်ကယ်ကို လေလံတင်ရောင်းချသွားတော့မည် ဟု မေ ၁၈ ရက်တွင် auto.ndtv  သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

ဇာတ်ဝင်ခန်းအတွင်းပါသည့် အယ်လ်အေမြို့ တံတားပေါ်မှ ရေဆိုးထုတ်မြောင်းအတွင်း ဆိုင်ကယ်ဖြင့် ခုန်ချခြင်းအခန်းရိုက်ကူးရာတွင် မင်းသား အာနိုးလ်က Harley-Davidson Fat Boy ဆိုင်ကယ်ကို ရွေးချယ်ခဲ့ပြီး ယင်းမှာ ဟောလိဝုဒ် ရုပ်ရှင်လောက သမိုင်းတစ်လျှောက် အကျော်ကြားဆုံး ဆိုင်ကယ်ဇာတ်ဝင်ခန်းများအနက် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။   Terminator 2:Judgement Day  ရုပ်ရှင်ဇာတ်ကားအတွင်း သုံးစွဲခဲ့သော အဆိုပါ Harley-Davidson Fat Boy ဆိုင်ကယ်ကို လာမည့် ဇွန် ၅ ရက် တွင်ပြုလုပ်မည့် ‘Icons Legends of Hollywood Auction’  လေလံပွဲ၌ ရောင်းချသွားမည်ဟုသိရသည်။ ၁၉၉၁ မိုဒယ်  Harley-Davidson Fat Boy  ဆိုင်ကယ်မှာ အပြင်ပိုင်း မျက်မြင် ကောင်းမွန်နေသေးသော်လည်း စက်ပိုင်းဆိုင်ရာအခြေအနေကို အတိအကျ မသိရသေးပေ။ သို့ရာတွင် လေလံတင်ရောင်းချရာ ၌ အမေရိကန်ဒေါ်လာ နှစ်သိန်းမှ သုံးသိန်းအတွင်းရရန် ကျွမ်းကျင်သူများက မျှော်လင့်ထားသည်။

ထိုလေလံပွဲတွင် အမှတ်တရ ရုပ်ရှင်အသုံးအဆောင် နှစ်ထောင်ကျော်ပါဝင်ကာ Terminator 1 ဇာတ်ကားတွင် အာနိုးလ်ဝတ်ခဲ့သည့် သားရေဂျာကင်၊ Judge Dredd  ဇာတ်ကားမှ Law-Master  ဆိုင်ကယ်တို့လည်း ပါဝင်ကြောင်း သိရသည်။

Ref : auto.ndtv

LEAVE A REPLY

Please enter your comment!
Please enter your name here