Taipei AMPA Exhabition မှ AMPA Myanmar Expo ဆီသို့

917

အာရှကျားလေးကောင်(သို့) အာရှနဂါးလေးကောင် ဆိုပြီး သတ်မှတ်ထားသည့် စီးပွားရေးတိုးတက်မှု မြင့်မားသော နိုင်ငံလေးခုတွင် ထိုင်ဝမ်နိုင်ငံလည်း ပါဝင်နေသည်။ ထိုင်ဝမ်နိုင်ငံသည် နိုင်ငံအကျယ်အဝန်း ၁၃,၉၇၃ စတုရန်းမိုင်သာ ကျယ်ဝန်းသော ကျွန်းနိုင်ငံဖြစ်ပြီး လူဦးရေ ၂၅ သန်းကျော် နေထိုင်၍ မြန်မာနိုင်ငံလူဦးရေ၏ တစ်ဝက်နီးပါး ရှိနေသည်။ နည်းပညာတိုးတက်မှုမြင့်မားပြီး အိုင်တီပစ္စည်းများကိုလည်း ကမ္ဘာ့နိုင်ငံကြီးများထံ တင်ပို့ရောင်းချလျက်ရှိရာ အလုပ်အကိုင် အခွင့်အလမ်းများပြားကာ တစ်ဦးချင်း GDP မှာလည်း အာရှစီးပွားရေးအားကောင်းသည့် ထိပ်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေသည်။ ခေတ်မီဆန်းသစ်သော နည်းပညာများ ပေါ်ထွက်လာခြင်းနှင့်အတူ အသစ်အသစ်ထုတ်လုပ်သော  မိုဒယ်မြင့်ကားများတွင်လည်း အဆင့်မြင့်နည်းပညာများ ထည့်သွင်းအသုံးပြုလာခဲ့ရာ ထိုင်ဝမ်ထုတ် ကားအပိုပစ္စည်းများသည်လည်း ကမ္ဘာ့နာမည်ကြီး Car Brand များကို အထောက်အပံ့ပေးနိုင်ခဲ့သည်။ ထိုင်ဝမ်နိုင်ငံတွင် ကားနှင့်ပတ်သက်သည့် Auto Parts ၊Auto Accessories၊Tuning & Restyling ၊Engine Parts ၊Chassis System ၊Automobile Frame And Parts ၊Repair & Maintenance နှင့် Automobile Electronic Components & Parts စသည်တို့ကိုထုတ်လုပ်သည့် စက်ရုံပေါင်းများစွာရှိပြီး နာမည်ကြီး ဃမေ မြညေိ များနှင့် နိုင်ငံအသီးသီးရှိ အရောင်းကိုယ်စား လှယ်များထံ တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ထိုသို့ ကားနှင့်ပတ်သက်သည့်ထုတ်ကုန်များကို အဝယ်များနှင့် မိတ်ဆက်ပေးရန်အတွက် ထိုင်ဝမ်နိုင်ငံ၏မြို့တော် တိုင်ပေမြို့တွင် နှစ်စဉ် Automotive Component Exhibitions များပြုလုပ်ရာ၌ ပြီးခဲ့သည့် 2018 Taipei AMPA Exhibition သည်လည်း  ၃၂ ကြိမ်မြောက်ရှိပြီဖြစ်သည်။

 

2018 Taipei AMPA Exhibition

ကမ္ဘာ့အကြီးမားဆုံး ကားအပိုပစ္စည်းအရောင်းပြပွဲများတွင် ပါဝင်သည့် 2018 Taipei AMPA Exhibition ကို ပြီးခဲ့သည့် ဧပြီ ၁၁ ရက်မှ ၁၅ ရက်အထိ တိုင်ပေမြို့ရှိ Nangang Exhibition Center နှင့် Taipei 101 World Trade Center တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုပြပွဲတွင် ထိုင်ဝမ်၊ အမေရိကန်၊ ဂျာမနီ၊ အဂင်္လန်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများမှ ကုန်ပစ္စည်းထုတ်လုပ်သူ ၁,၃ဝ၆ ဦးမှ ပြခန်း ၃,၇ဝ၇ ခန်း ခင်းကျင်းပြသခဲ့ပြီး ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာမှ လာရောက် လည်ပတ်ကြည့်ရှုသူပေါင်း ၃၈,ဝဝဝ ကျော်နှင့် ပြည်ပဝယ်ယူသူ ၇,၅ဝဝ လာရောက်ခဲ့သည်။ ယခုပြပွဲတွင် ယခင်ပြပွဲများထက် Activities များ ထပ်ထည့်ထားပြီး ၁၂ နှစ်ဆက်တိုက်ကျင်းပခဲ့သည့် Innovation Award တွင်လည်း ထုတ်ကုန် ၁၁၈ ခု ဝင်ရောက်ယှဉ်ပြိုင်သည့်အထဲမှ ဆုရရှိသည့် ကုမ္ပဏီ ၂၄ ခုကိုရွေးချယ်ပြီး ဆုများပေးအပ်ခဲ့သည်။အနိုင်ရရှိခဲ့သည့် ထုတ်ကုန်များကို Nangang Exhibition Center Hall 1 Ground Floor Gallery ရှိ Innovation Award Special Display Area ၌ ပြသခွင့်ပြုခဲ့သည်။

Taipei AMPA သည် 5 Joint Exhibitions ဖြစ်ပြီး Taipei Int’l Auto Parts & Accessories Show၊ Taiwan Int’l Electric Vehicle Show၊Taipei Int’l Automobile Electronics Show ၊Taiwan International Intelligent Transportation Show ၊ Taiwan Int’l Motorcycle Industry Show ၊ Taiwan International Car Turning & Car Care Show စသည့် ခေါင်းစဉ်များအောက်တွင် Auto Parts ၊ Auto Accessories ၊Tuning & Restyling ၊Engine Parts ၊ Chassis System ၊Automobile Frame And Parts ၊ Repair & Maintenance နှင့် Automobile Electronic Components & Parts ၊Automobile Electronic Products ၊ Tire & Rim ၊ Electric Vehicles ၊ Brake Control System LED Products ၊ Drive Information System ၊  GPS Device Products ၊ Vehicle Safety System ၊ Car Repair Tools ၊ Motorcycle Parts and Accessories စသည့် ကုန်ပစ္စည်းများကို ခင်းကျင်းပြသခဲ့သည်။ ထိုပြပွဲကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ကားထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ကားအပိုပစ္စည်းရောင်းချရေးလုပ်ငန်းရှင်များ လာရောက်လည်ပတ်ဝယ်ယူကြသလို မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်းနှင့်အတူ Automobile Journal မှ  အယ်ဒီတာတစ်ဦးလည်း သွားရောက်လည်ပတ်ခဲ့သည်။

ပြပွဲကာလအတွင်း၌လည်း Application နှင့် ဆက်စပ်သည့် ကုန်ပစ္စည်းများအပေါ် ထုတ်လုပ်သူများ အသိအမြင်ရရှိစေရန်အတွက်လည်း လုပ်ငန်းဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ ထို့ပြင် ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက်အပြင် နည်းပညာဆိုင်ရာ တိုးတက်မှုများနှင့် လုပ်ငန်းရှင်များ၏ အနာဂတ်တွင်ဖြစ်လာနိုင်မည့် အလားအလာများအတွက် (Conventional Automotive Spare Parts ၊ Electric Vehicles ၊Telematics Automotive Electronics and Smart Transportation  စသည်တို့ကို စာတန်း ၁၆ ခုနှင့် လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲများလည်း ကျင်းပခဲ့သည်။ Taipei AMPA တွင် ထိုင်ဝမ်နိုင်ငံ၏ Automotive Industry တိုးတက်မှုသမိုင်းကို တွေ့မြင်ခဲ့ရသည်။ 2018 Taipei AMPA တွင် အဆင့်မြင့်နည်းပညာများဖြင့် ထုတ်လုပ်သော ထွက်ကုန်ပစ္စည်းများကို လေ့လာခွင့်ရခဲ့သလို လာမည့်နှစ် ဧပြီ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် 2019 Taipei AMPA Exhibition တွင်လည်း ထိုင်ဝမ်နိုင်ငံ၏ အသစ်အသစ်သော ထုတ်ကုန်များကို တွေ့မြင်နိုင်မည် ဖြစ်သည်။

 

2018 AMPA Myanmar Expo

ထိုင်ဝမ်နိုင်ငံထုတ် ယာဉ်အပိုပစ္စည်းများကို ပြသရောင်းချသည့် Taiwan Auto Expo ကို ရန်ကုန်မြို့တွင် ၂ဝ၁၃ ခုနှစ်ကတည်းက ပြုလုပ်ခဲ့ရာ ယခုနှစ်တွင် Taipei AMPA အမည်ဖြင့် ပြောင်းလဲကျင်းပမည်ဖြစ်သည်။ Taipei AMPA Expo ကို လာမည့် စက်တင်ဘာ ၂၇ ရက်မှ ၃ဝ ရက်အထိ ရန်ကုန်မြို့ရှိ Yangon Convention Center တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ထိုင်ဝမ်နိုင်ငံထုတ် ယာဉ်အပိုပစ္စည်း၊ အလှဆင်ပစ္စည်းနှင့် ယာဉ်နှင့်ပတ်သက်သည့် အိုင်တီပစ္စည်းများကို ပြသရောင်းချမည် ဖြစ်သည်။

”လာမယ့် စက်တင်ဘာလအတွင်း ရန်ကုန်မြို့မှာ AMPA Myanmar ပြပွဲကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်၊ ထိုင်ဝမ်နိုင်ငံထုတ် ကားအပိုပစ္စည်း၊ အလှဆင်ပစ္စည်းတွေကို Auto Expo Myanmar ဆိုပြီး ၂ဝ၁၃ ခုနှစ် ကတည်းက ပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်၊ ဒီနှစ်မှာတော့ AMPA Myanmar ဆိုပြီး အမည်သစ်နဲ့ ကျင်းပမှာပါ၊ AMPA ပြပွဲဟာဆိုရင် နှစ်ပေါင်း သုံးဆယ်ကျော် ရပ်တည်နိုင်ခဲ့သလို ကမ္ဘာ့အကျော်ကြားဆုံး ပြပွဲတွေထဲမှာလည်း ပါဝင်ပါတယ်၊ ရန်ကုန်မြို့မှာလည်း Taipei AMPA ရဲ့ ပထမဆုံးပြည်ပ Brand အခွဲအဖြစ်နဲ့ AMPA Myanmar ပြပွဲကို ကျင်းပပြုလုပ် မှာ ဖြစ်ပါတယ်၊ ဒီပြပွဲကို ကူညီပံ့ပိုးမယ့် ဗြြီဗ အသင်းကိုလည်း ကျေးဇူးတင်ပါတယ်၊ ရန်ကုန်မြို့မှာ ထိုင်ဝမ်နိုင်ငံထုတ် ကားအပိုပစ္စည်းတွေ၊ အလှဆင်ပစ္စည်းတွေကို ပြပွဲပြုလုပ်တာ အတွေ့အကြုံ ငါးနှစ်ကျော်ရှိပြီး လာရောက်ကြည့်ရှုတဲ့သူတွေကို ဆွဲဆောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်၊ ပြပွဲ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာရှိတဲ့ Car Parts and Accessories  စျေးကွက်သမားတွေကို ထိုင်ဝမ်နိုင်ငံထုတ် ပစ္စည်းကောင်းတွေကိုသတိထားမိစေဖို့နဲ့ မိတ်ဆက်ပေးချင်တဲ့အတွက် ဖြစ်ပါတယ်၊ ဒီပြပွဲကို AMPA ရဲ့ စံသတ်မှတ်ချက်နဲ့အညီ ကျင်းပပြုလုပ်မှာဖြစ်ပြီး ထိုင်ဝမ်နိုင်ငံအတွက် တင်မက မြန်မာနိုင်ငံအတွက်ပါ အခွင့်အလမ်းကောင်းတွေ ယူဆောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ‘TAITRA’ မှ Deputy Executive Director Mr.Frank J.K.Chen က ဆိုသည်။

AMPA Myanmar Expo ကို မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း(MAMDA)မှလည်း ကူညီပံ့ပိုးပေးမည်ဖြစ်ရာ မြန်မာနိုင်ငံအထိ မော်တော်ယာဉ် အပိုပစ္စည်း ရောင်းချရေးလုပ်ငန်းရှင်များနှင့် မော်တော်ယာဉ် အလှဆင်ဝါသနာပါသူများအတွက် အခွင့်အလမ်းကောင်းများ ရရှိစေမည်ဖြစ် သည်။

”ဂျပန်ကားဟောင်းတွေကိုပဲ အသုံးပြုတဲ့ မြန်မာနိုင်ငံဟာ အခုအချိန်မှာတော့ ဘယ်မောင်း Brand New ကားတွေကိုပဲ တင်သွင်းခွင့်ရတော့မှာ ဖြစ်တဲ့အတွက် ကားသစ်စျေးကွက်က ကြီးမားလာပါတယ်၊ မြန်မာနိုင်ငံမှာ လူဦးရေနဲ့ ကားအစီးရေ အချိုးချကြည့်ရင် ကားအရေအတွက်က နည်းနေသေးတဲ့အတွက် စျေးကွက်လိုအပ်ချက် ကြီးမားနေပါတယ်၊ ထိုင်ဝမ်နိုင်ငံထုတ် ယာဉ်အပိုပစ္စည်းတွေက အရည်အသွေးကောင်းလို့ ကမ္ဘာမှာ နာမည်ကြီးပြီး မြန်မာနိုင်ငံမှာလည်း အသုံးပြုနေကြပါတယ်၊ Taipei AMPA Exhibition မှာ MAMDA အဖွဲ့ဝင် နှစ်ဆယ်ကျော် သွားရောက်ခဲ့သလို AMPA Myanmar Expo မှာလည်း ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်၊ AMPA Myanmar Expo မှာ ထိုင်ဝမ်က လုပ်ငန်းရှင်တွေကို ကြိုဆိုနေပြီး ပြပွဲကိုလည်း စောင့်မျှော်နေပါတယ်၊ Taipei AMPA Exhibition မှာ  အတွေ့အကြုံကောင်းတွေ အများကြီးရရှိခဲ့တဲ့အတွက် နောက်နှစ်တွေမှာလည်း သွားရောက်လည်ပတ်ဖို့ အဆင်သင့်ပါပဲ”ဟု ‘မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း’ ဥက္ကြ ဒေါက်တာစိုးထွန်းက ဆိုသည်။

ကမ္ဘာပေါ်တွင် ကျင်းပလျက်ရှိသည့် ကားအရောင်းပြပွဲများထက် ကားအပိုပစ္စည်းအရောင်းပြပွဲများက ရောင်းချမှုငွေ နှစ်ဆနီးပါးပိုများလျက်ရှိရာ ယာဉ်အစီးရေ ၁ဝ သိန်းဝန်းကျင်ရှိသည့် မြန်မာနိုင်ငံတွင်လည်း Auto Parts Expo များ ကျင်းပနိုင်ရန် ပြည်ပကုမ္ပဏီများကို ဖိတ်ခေါ်မှုပြုရမည် ဖြစ်သည်။ လာမည့် AMPA Myanmar Expo ကိုလည်း Taipei AMPA ၏ Sub-Brand တစ်ခုအဖြစ် ကျင်းပမည်ဖြစ်ရာ ခမ်းနားသည့်ပြပွဲတစ်ခုအဖြစ် မြင်တွေ့ရတော့မည်ဖြစ်ပေသည်။

ကိုဖြိုး

 

LEAVE A REPLY

Please enter your comment!
Please enter your name here