Suzuki Swift Sport BeeRacing Limited Edition ကို အီတလီနိုင်ငံတွင် အွန်လိုင်းမှ သီးသန့်ရောင်းချမည်

416

Maruti Suzuki Swift ၏မျိုးဆက်သစ်အဖြစ် ထုတ်လုပ်သော Suzuki Swift Sport BeeRacing Limited Edition ကို တရားဝင်မိတ်ဆက်မှုမတိုင်ခင် အီတလီနိုင်ငံရှိ Suzuki တရားဝင်အရောင်းပြခန်းမှတစ်ဆင့် အွန်လိုင်းသီးသန့် ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း auto.ndtv သတင်းဝက်ဘ်ဆိုက်က မတ် ၁၈ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

Suzuki Swift Sport BeeRacing Limited Edition တွင် မူလလက်ဟောင်းမိုဒယ်၌ တပ်ဆင်ပေးသည့် 1.4 L Booster Jet တာဘို ဓာတ်ဆီအင်ဂျင်၊ Manual ဂီယာခြောက်ချက်နှင့် ရှေ့ဘီးယက်စနစ်တို့ကို ထပ်မံသုံးစွဲထားပြီး တစ်နာရီလျှင် ကီလိုမီတာ ၂၁ဝ အမြန်နှုန်းအထိ မောင်းနှင် နိုင်သည်။ ကိုယ်ထည်အရောင်ကို Champion Yellow နှင့် Dubai Black Metallic တို့ဖြင့် အထူးခြယ်သပေးထားကာ ညာဘက်ခြမ်းတွင် ပြိုင်ကားဆန်ဆန် လိုင်းစင်းများ ထည့်သွင်းထားသည်။ ပျားသလက်ကွက်ဖော်ထားသော ရှေ့ဘမ်ပါရှဲလ် မှာ ပိုကြီးလာသလို Front Lip Spoiler ၊ Side Skirts နှင့် အနက် ရောင် Rear Diffuser စသည့် အဆင့်မြှင့်တင်မှုများအပြင် ၁၇ လက်မ Two-Tone အလွိုင်းဘီးခွေ၊ အိပ်ဇောပိုက်နှစ်မြွှာ၊ အနက်ရောင် အမိုးပေါ်တွင် အဝါရောင် Racing Stripes တို့လည်း ပါဝင်လာသည်။

ဂျပန်ကားကုမ္ပဏီ Suzuki သည် ပြီးခဲ့သော ဖေဖော်ဝါရီလတွင် Suzuki Swift Sport BeeRacing Limited Edition ကို စတင်ဖြန့်ချိပေးခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ကြိုတင်မှာကြားမှု လေးသောင်းကျော်ရှိကာ အစီးရေ တစ်သိန်းကို လျင်မြန်စွာ ရောင်းချခဲ့ရသည်။ ပြိုင်ကားပုံထွက်အောင် ဖန်တီးထားသည့် ၂ဝ၁၈ Suzuki Swift Sport BeeRacing Limited Edition ကို အီတလီနိုင်ငံတွင် ယူရို ၁၈,ဝဝဝ ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဧပြီ ၁၈ ရက် နောက်ဆုံးထား၍ ကြိုတင်မှာကြားနိုင်ကြောင်း သိရသည်။

Ref : auto.ndtv.com

LEAVE A REPLY

Please enter your comment!
Please enter your name here