Suzuki KL Seven Mega 6 မှ Suzuki Road Show ကို မြန်မာပလာဇာ၌ နှစ်ရက် ကျင်းပမည်

743

ရန်ကုန်၊ မေ

Suzuki KL Seven Mega 6 မှ Suzuki Road Show ကို မြန်မာပလာဇာ၌ ဇွန် ၅ ရက်နှင့် ၆ ရက်တို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Suzuki Road Show တွင် ဝယ်ယူသော Customer များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် Suzuki KL Seven Mega 6  မှ Suzuki Ciaz ဝယ်ယူပါက Ciaz Original ခြေနင်း၊ ရေကာနှင့် Dashboard Cover များ ပေးအပ်သွားမည်ဖြစ်ပြီး Suzuki Ertiga ဝယ်ယူပါက Ertiga Original ခြေနင်း၊ ရေကာ၊ Back Camera များ လက်ဆောင်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Suzuki Carry Truck ဝယ်ယူပါကလည်း ရေကာ(Visor) များ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Suzuki KL Seven Mega 6 မှ Suzuki Ciaz ကို ကျပ် ၂၄၆ သိန်း၊ Suzuki Ertiga ကို ကျပ် ၂၃၁ သိန်းနှင့် Suzuki Carry Truck ကို ကျပ် ၈၁ သိန်းတို့ဖြင့် ရောင်းချပေးနေပြီး Warranty အဖြစ် Suzuki Ciaz နှင့် Suzuki Ertiga အတွက် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း၊ Suzuki Carry Truck အတွက် တစ်နှစ်၊ သို့မဟုတ် ကီလိုမီတာ နှစ်သောင်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ CKD ၊SKD စနစ်ဖြင့် ထုတ်လုပ်သော Suzuki ကားများကို တရားဝင်အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ဝယ်ယူရာတွင် လက်ငင်းငွေချေစနစ် အပြင် တစ်နှစ်မှ ငါးနှစ်အထိ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here