Suzuki Auto City မှ နှစ်ရက်ကြာကျင်းပမည့် Special Sale Event တွင် Suzuki ကားများကို ၁ဝ ရာခိုင်နှုန်း Down Payment အရစ်ကျစနစ်ဖြင့် ရောင်းမည်

443

ရန်ကုန်၊ အောက်တိုဘာ
Suzuki Auto City မှ နှစ်ရက်ကြာကျင်းပမည့် Special Sale Event တွင် Suzuki ကားများကို ၁ဝ ရာခိုင်နှုန်း Down Payment အရစ်ကျစနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

Suzuki Auto City မှ အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် မြန်မာပလာဇာ၌ Special Sale Event ပြုလုပ်မည် ဖြစ်ပြီး ပြပွဲကာလအတွင်း ဝယ် ယူသူများကို ပရိုမိုးရှင်းလက် ဆောင်ပစ္စည်းများနှင့်အတူ ၁ဝ ရာခိုင်နှုန်း Down Payment ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

“Suzuki Auto City ရဲ့ Special Sale Event မှာ ကား ဝယ်ယူမယ့်သူတွေကို ကားအသုံးအဆောင် ပစ္စည်းတွေ လက်ဆောင် ပေးဖို့ စီစဉ်ထားသလို Suzuki ကားတွေကို ၁ဝ ရာခိုင်နှုန်း Down Payment ပေးသွင်းပြီး အရစ်ကျ နဲ့ ဝယ်ယူလို့ရအောင် စီစဉ်ထားပါ တယ်”ဟု Suzuki Auto City မှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

Suzuki ကားများကို AYA Bank ဖြင့် ချိတ်ဆက်ပြီး ၁ဝ ရာ ခိုင်နှုန်း Down Payment ပေးသွင်း၍ အရစ်ကျစနစ်ဖြင့် ရောင်း ချပေးမည်ဖြစ်သည်။ ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ် သော Suzuki ကားများကို ရောင်း ချရာတွင် ဝင်ငွေခွန်၊ ကညနမှတ် ပုံတင်ကြေးနှင့် ရန်ကုန်လိုင်စင် အတွက် အခွန်အခမပါ Suzuki Swift (GL)ကို ၂ဝ၉ သိန်း၊ Suzuki Swift (GLX)ကို ၂၄၁ သိန်း၊ Suzuki Ciaz ကို ၂၇၂ သိန်း၊ Suzuki Ertiga ကို ၂၇၂ သိန်းနှင့် Suzuki Carry ကို ၉၄ သိန်း ၆ သောင်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here