Suzuki ရဲ့နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဆင့်မြင့် Sporty ဒီဇိုင်းအသစ်နဲ့ ထုတ်လုပ်ထားတဲ့ New Suzuki Smash 110 ဆိုင်ကယ်

487

 

Suzuki လို့ပြောရင် အသက် နှစ်ဆယ်အောက်လူငယ်တွေက မော်တော်ကား Suzuki ကိုပဲ ပြေးမြင်မိနိုင်ပေမဲ့ လက်ရှိ အသက် သုံးဆယ်ကျော် အရွယ်တွေကတော့ Suzuki လို့ပြောရင် ကားရော၊ ဆိုင်ကယ်ရော ပြေးမြင်ကြမှာ သေချာပါတယ်။ Suzuki ဆိုင်ကယ်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မြန်မာပြည်ဆိုင်ကယ်ဈေးကွက်မှာ ဆရာတစ်ဆူဖြစ်ခဲ့ဖူးပါတယ်။ အထူးသဖြင့် Suzuki ဆိုင်ကယ်တွေထဲမှာမှ Suzuki Smash က နာမည်အရဆုံးပါ။ ဈေးနှုန်းအားဖြင့်လည်း မြင့်သလို အရည်အသွေးလည်းကောင်း နှစ်ပေါင်းများစွာ အကြမ်းခံတာကြောင့် လူကြိုက်များ ရတာလို့ Suzuki ဆိုင်ကယ်ချစ်သူတွေက ဆိုကြပါတယ်။

Brand တစ်ခု နှစ် ဆယ်ချီဈေးကွက်ထဲမှာ နံပါတ်တစ်ဖြစ်နေဖို့ ဆိုတာ မလွယ်ကူလှသလိုဘဲ Suzuki ဟာလည်း မြန်မာပြည်ဆိုင်ကယ်ဈေး ကွက်ထဲမှာ နှစ်အတန်ကြာအောင် ပျောက်သလောက်နီးပါး ဖြစ်သွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ထဲမှာတော့ မန္တလေးမြို့အပါအဝင် မြို့တော်တော်များများက ဆိုင်ကယ်ဈေးကွက်ထဲ တစ်ကျော့ပြန် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ တစ်ကျော့ပြန်ဝင်ရောက်လာတဲ့ Suzuki ဆိုင်ကယ်ထဲမှာမှ Suzuki Smash ဆိုင်ကယ်အကြောင်းကို မိတ်ဆက်ချင်ပါတယ်။

ထိုင်းနိုင်ငံထုတ် New Suzuki Smash ဆိုင်ကယ်ကို အများစုက 110 ဆိုင်ကယ်လို့ ခေါ်ဆိုကြပေမဲ့ တကယ်တမ်းတော့ အင်ဂျင်ပါဝါ 113 CC နဲ့ ထုတ်လုပ်ပေးထားတာပါ။ ၂၀၂၀ မိုဒယ်မှာတော့ Suzuki ရဲ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ် အဆင့်မြင့် Sporty ဒီဇိုင်းပုံစံအသစ်နဲ့ ထုတ်လုပ်ထားတာ တွေ့မြင်ရပြီး သူ့ရဲ့ဒီဇိုင်းပုံစံက စီးနင်းသူတိုင်းရဲ့ ပုံရိပ် ကို ဝင့်ကြွားထည်ဝါစေမှာ သေချာတယ်လို့ Suzuki ဆိုင်ကယ်ရဲ့ မန္တလေးမြို့ ကိုယ်စားလှယ်ဖြစ်တဲ့ DT Naing Oo ကုမ္ပဏီက ဆိုပါတယ်။

စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အင်ဂျင်ရဲ့လုပ်ဆောင်ချက်တွေကိုတော့ အဲဒီဆိုင်ကယ်အမျိုးအစား စီးဖူးသူတိုင်း ကြိုက်ကြတာ အားလုံးအသိဖြစ် ပါတယ်။ အင်ဂျင်အမျိုးအစားက 4 Stroke တစ်လုံးထိုးအင်ဂျင်ကို လေအေးပေးစနစ်နဲ့ ထုတ်လုပ်ပေးထားပါတယ်။

၂၀၂၀ မိုဒယ်မှာတော့ ဒီဇိုင်းနဲ့ စတစ်ကာတွေ ပြောင်းသွားတာတွေ့ ရပြီး စတစ်ကာအရောင်က ရွှေရောင်ဖြစ်သွားပါတယ်။ ပြီးတော့ မိုင်းလစ် ခွက်လည်း ဒီဇိုင်းပြောင်းသွားသလို ဘရိတ်တွေကလည်း Disc ဘရိတ်နဲ့ Half ဘရိတ် နှစ်မျိုးနှစ်စားထွက်ရှိတဲ့အထဲမှာ Disc ဘရိတ်နဲ့ New Smash ဆိုင်ကယ်အမျိုးအစားက ပိုရောင်းရတယ်လို့ သိရပါတယ်။

သော့က နှစ်ထပ်သော့အမျိုးအစားဖြစ်ပြီး ဆီတိုင်ကီကလည်း ၄ ဒသမ ၃ လီတာ ဆံ့ပါတယ်။ ဆိုင်ကယ်အရောင်တွေအနေနဲ့ အနက် ရောင်၊ အဖြူရောင်၊ နီနက်ရောင် စတဲ့အရောင်တွေနဲ့ ထုတ်လုပ်ပေးထား ပြီး အင်ဂျင် Warranty နှစ်နှစ် အာမခံပေးထားပါတယ်။

New Suzuki Smash ဆိုတဲ့ အမည်နဲ့ လိုက်ဖက်အောင် စီးရတဲ့ သူတိုင်း Fitting ကျပြီး Smart ကျကျ စီးနင်းရမှာ သေချာပါတယ်။ Disc ဘရိတ်နဲ့ ဆိုင်ကယ်တစ်စီးကို ကျပ် ၁,၉၅၀,ဝဝဝ နဲ့ ရောင်းချနေပြီး Half ဘရိတ်နဲ့ဆိုင်ကယ်ကိုတော့ တစ်စီးကို ကျပ် ၁,၈၈၀,ဝဝဝ နဲ့ ရောင်းချ နေတယ်လို့ မန္တလေးမြို့ DT Naing Oo ကုမ္ပဏီကနေ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here