Star Sky  ကုမ္ပဏီမှ   လူတက်နင်းခံသော ကာဗာသားများဖြင့် ၂ဝ၁၇   မိုဒယ်   ဆိုင်ကယ်သုံးမျိုး စတင်ထုတ်လုပ်

1026

တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များတွင် နာမည်ရ Brand တစ်ခုဖြစ်သည့် Star Sky ကုမ္ပဏီမှ ယခု ထွက်ရှိလာသော ၂ဝ၁၇ မိုဒယ် New Scoopy i င ၊ Wave 125 ၊ New Dream 125 ဆိုင်ကယ်များကို လူတက်နင်းခံသည့် ကာဗာသားများဖြင့် ပထမဦးဆုံးထုတ်လုပ်ထားကြောင်း သိရသည်။

 

”အရင်က ထွက်ရှိခဲ့တဲ့ ဆိုင်ကယ်တွေရဲ့ ကာဗာသားတွေက တိုက်မိ၊ ခိုက်မိတာပဲဖြစ်ဖြစ်လဲရင် ကအစ နည်းနည်းကျိုးပဲ့လွယ်တယ်၊ ၂ဝ၁၇ မိုဒယ်ကို အခုမှစထုတ်တဲ့ New Scoopy i ၊ Wave i 125 နဲ့ New Dream 125 မှာကျတော့ ကာဗာသားတွေကို လူတက်နင်းခံနိုင်အောင်၊ လုံးဝကြံ့ခိုင်မှုရှိအောင် ထုတ်လုပ်ပေးထားတယ်၊ ရွှံ့ကာတွေဆိုရင် ကာဗာသားတွေကို လိမ်ချိုးလို့တောင် ရတယ်၊ ကာဗာသားတွေ လုံးဝကြံ့ခိုင်မှုရှိအောင် ထုတ်ပေးတာကတော့ အခု ပထမဦးဆုံးပဲ”ဟု မန္တလေးမြို့ ‘ Star Sky ဆိုင် ကယ်ကုမ္ပဏီ’ အရောင်းတာဝန်ခံ မစိုးစိုးက ပြောသည်။

 

အဆိုပါ ဆိုင်ကယ်သုံးမျိုးကို တရုတ်နိုင်ငံရှိ Star Sky စက်ရုံထုတ် GYG အင်ဂျင်နည်းပညာသစ်ဖြင့် ဆီစား ၃ဝ ရာခိုင်နှုန်းသက်သာအောင် ထုတ်လုပ်ထားပြီး New Scoopy i တွင် ထူးခြားမှုအနေဖြင့် Combine ဘရိတ်သုံးကာ ဖုန်းအားသွင်းနိုင်သည့် အပေါက်များကိုလည်း အံခွက်အဖွင့်/အပိတ်ပုံစံသစ်ဖြင့် ထုတ်လုပ်ပေးထားကြောင်း၊ ထို့ပြင် 110 CC ကို Digital ဒိုင်ခွက်တပ်ဆင်ပေးထားပြီး အပြာ၊ ပန်းဆီ၊ ကျောက်ပြာ၊ အနီ၊ အဖြူ၊ ဇီးရောင်၊ အနက်၊ ခဲနက် စသော အရောင်ရှစ်မျိုးဖြင့် ထုတ်လုပ်ထားကြောင်း Star Sky ကုမ္ပဏီမှ သိရ သည်။

 

”အဲဒီလိုပဲ Wave i 125 မှာ ဆိုလည်း Tool Wox က ဆိုင်ကယ်ဦးထုပ်တစ်လုံးလုံးဆံ့တဲ့ အကျယ်အဝန်းနဲ့ ထုတ်ပေးထားတယ်၊ သူကတော့ အရောင်က နက်နီနဲ့ ဖြူနီနှစ်မျိုးပဲ ထုတ်ပေးထားသေးတယ်၊ New Dream 125 မှာကျတော့ ခါးကယ်ရီယာပါသလို အင်ဂျင်ကို ရုန်းအား၊ ဆွဲအားကောင်းအောင်၊ ပေါ့ပါးသွက်လက်မှုရှိအောင် ထုတ်ပေးထားတယ်၊ New Dream 125 မှာတော့ အနီရောင်၊ အနက်ရောင်၊ စိမ်းပြာရောင် သုံးမျိုးနဲ့ ထုတ်ထားတယ်၊ အဓိကကတော့ အခု ၂ဝ၁၇ မိုဒယ်သစ်မှာ ဒလက်ဘီးကို ဦးစား ပေးထားသလို ကာဗာသားတွေကြံ့ခိုင်မှုရှိအောင် ဦးစားပေးထုတ်လုပ် ပေးထားပါတယ်”ဟု မန္တလေးမြို့ ‘ Star Sky ကုမ္ပဏီ’မှ ကိုထွန်းမင်း ထိုက်က ဆိုသည်။

 

ယခု နိုဝင်ဘာလဆန်းပိုင်းမှ စတင်ထွက်ရှိလာသော အဆိုပါဆိုင်ကယ်များတွင် အင်ဂျင်တစ်နှစ် အာမခံနှင့် Service မှာ အချိန်မရွေး လက်ခအခမဲ့ဖြစ်ပြီး New Scoopy i ကျပ် ၉၇ဝ,ဝဝဝ၊ Wave i 125 ကျပ် ၇၈ဝ,ဝဝဝ၊ New Dream 125 ကျပ် ၆၈ဝ,ဝဝဝ တို့ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here