Sports Car Review

681

BMW ကားကုမ္ပဏီဟာ 4 Series ဇိမ်ခံကားမိုဒယ်ရဲ့ စွမ်းဆောင်ရည်မြင့်ဗားရှင်း တံခါးနှစ်ပေါက် ပြိုင်ကား မိုဒယ် M4 ကို ၂ဝ၁၄ ခုနှစ်ကမှ စတင်ရောင်းချစျေး ကွက်တင်ခဲ့တာဖြစ်ပြီး BMW ရဲ့ ပြိုင်ကားလုပ်ငန်းခွဲကနေ ဖန်တီးတည်ဆောက်ခဲ့ပါတယ်။ M4 ဟာ ပြိုင်ပွဲ သုံးပြိုင်ကားမျိုးဖြစ်ပေမဲ့ အရင် M3 မိုဒယ်လို ပြိုင်ပွဲ ဝင်ကားစီးရီးမျိုးတော့ တစ်ခါမှ မထုတ်ခဲ့ဖူးပါဘူး။ ပြီးခဲ့ တဲ့နှစ် နှစ်ကုန်ခါနီးမှာတော့ M3 GT4 မိုဒယ်ဟောင်းကို အစားထိုးပြီး M4 ရဲ့ ပထမဆုံးပြိုင်ပွဲဝင် ကားစီးရီး အဖြစ်  GT4 ဗားရှင်းသစ်ကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကမှ ပထမဆုံးအကြိမ် စမ်းသပ် မောင်းနှင်ပွဲထုတ်ခဲ့တဲ့ M4 GT4 ပြိုင်ကားသစ်လေးကို ၂ဝ၁၇ ခုနှစ်အတွင်းမှာပဲ ဝယ်သူတွေဆီ ရောင်းချသွားမှာ ဖြစ်တာကြောင့် လာမယ့် ၂ဝ၁၈ ခုနှစ်ရဲ့ ပြိုင်ပွဲ ရာသီအတွင်း အချိန်မီပြိုင်ပွဲဝင်နိုင်မှာပါ။ BMW ပြိုင်ကားလုပ်ငန်းခွဲရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ထားတဲ့ M4 GT4 ပြိုင်ကားသစ်ဟာ စရိတ် စက သက်သာဖို့နဲ့ ပြုပြင်ထိန်းသိမ်းရတာ လွယ်ကူ သက်သာဖို့အတွက် အဓိကအသားပေးတည်ဆောက်ထားပြီး အဆင့်မြင့်ခေတ်မီသလောက် ယုံကြည်စိတ်ချ စွာလည်း အသုံးပြုမောင်းနှင်နိုင်ပါတယ်။ ဒါ့ပြင် BMW ရဲ့အဆို M4 GT4 ကားသစ်ကို အာရှ၊ ဥရောပနဲ့ မြောက်အမေရိကက GT4 ကားပြိုင်မျိုးစုံရဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ကိုက်ညီအောင် အထူးဖန်တီးတည် ဆောက်ထားပါတယ်။ ပြိုင်ပွဲဝင်ကားစျေးကွက်မှာ McLaren 570S GT4 နဲ့ Porsche Cayman GT4 Clubsport တို့နဲ့ အဓိကပြိုင်ဘက်တွေဖြစ်လာမယ့် 2017 BMW M4 GT4 ပြိုင်ကားသစ်လေးရဲ့ စျေးကို ယူရို ၁၆၈,ဝဝဝ (အမေရိကန်ဒေါ်လာ ၁၈၈,၈ဝဝ)နဲ့ အထက် သတ်မှတ်ထားပြီး စျေးကွက်အပေါ် မူတည်လို့ စျေးအနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။ အဲဒီနှုန်းထားဟာ တခြား GT4 ပြိုင်ကားတွေနဲ့ ယှဉ်ရင် စျေးတော်တော်များတာမှန်ပေမဲ့ M6 GT3 ထက် စာရင်တော့ စျေးပိုသက်သာပါတယ်။

 

M4 မိုဒယ်ကို အခြေခံတည်ဆောက်ထားတဲ့ ပြိုင် ပွဲသုံး M4 GT4 မိုဒယ်ဟာလည်း M3 GT4 လို လမ်း ပေါ်မောင်းခွင့်ရ Coupe ပြိုင်ကားတစ်စီးပဲ ဖြစ်ပါ တယ်။ BMW ထုတ် ခေတ်သစ်ပြိုင်ပွဲဝင်ကားတွေလိုပဲ M4 GT4 ကားသစ်ဟာ ကားဘမ်ပါသစ်၊ စက်ဖုံးသစ်၊ ကြံ့ခိုင်တောင့်တင်းတဲ့ ကားဘီးခုံးတွေ၊ အရွယ်အစား ကြီးမားတဲ့ ဘေးဘက် Side Skirt တွေနဲ့ ကားနောက် ဖုံးစွန်းအပေါ်က အရွယ်အစားကြီးမားတဲ့ လေပင့်အား ထိန်းတောင်ပံကြီးတို့ ပါဝင်တဲ့ ခံ့ခံ့ညားညား ကားကိုယ် ထည်ဒီဇိုင်းမျိုးကို လက်ခံရရှိထားပါတယ်။ ကားကိုယ်ထည် အလေးချိန်ပေါ့ပါးစေဖို့ အင်ဂျင်စက်ဖုံးကိုတင်မကဘဲ ကားတံခါးတွေကိုလည်း ပေါ့ပါးကြံ့ခိုင်တဲ့ ကာဗွန်ဖိုင်ဘာသားတွေနဲ့ ဖန်တီးတည်ဆောက်ထားပါတယ်။ ကားရဲ့ မြေဝပ်အားကို တိုးတက်စေမယ့် Front Splitter နဲ့ လေခွင်းအားအတွက် အဓိကအထောက် အကူဖြစ်စေမယ့် အနောက်ဘက် လေပင့်အားထိန်း တောင်ပံကြီးကိုလည်း ကာဗွန်ဖိုင်ဘာသားတွေနဲ့ချည်း ဖန်တီးထားတာကြောင့် GT4 ဗားရှင်းသစ်ဟာ အပေါ့ ပါးဆုံး M4 ကားမိုဒယ်လို့တောင် ဆိုနိုင်ပါတယ်။ အခု ပွဲထုတ်ပြသထားတဲ့ M4 GT4 မိုဒယ်ရဲ့ အဖြူရောင် အောက်ခံကိုယ်ထည်မှာ BMW M  လုပ်ငန်းခွဲရဲ့ သကေင်္တအရောင်အသွေးတွေဖြစ်တဲ့ အနီ၊ ခရမ်းနဲ့ အပြာနုရောင်တို့ကို အလှပဆုံး ပေါင်းစပ်ဆေးခြယ်ထား တာကြောင့် အဝေးကမြင်ရုံနဲ့တင် BMW M မိုဒယ် ပြိုင်ပွဲဝင်ကားတစ်စီးမှန်း ထင်ရှားသိသာစေပါတယ်။ ပေါ့ပါးကြံ့ခိုင်တဲ့ ကားတည်ဆောက်ပုံအတွက် အဓိက စံနမူနာတစ်ခုလို့ဆိုရမယ့် M4 Coupe မိုဒယ်ကို အခြေခံတည်ဆောက်ထားတဲ့ M4 GT4 ပြိုင်ကားသစ် လေးမှာ ကာဗွန်ဖိုင်ဘာသားတွေကို ဖောဖောသီသီ အသုံးပြုထားတာကြောင့် အရင်မိုဒယ်တွေထက် အ လေးချိန် ပိုပေါ့ပါးပါတယ်။ အဲဒီလို ကိုယ်ထည်အလေး ချိန်ပေါ့ပါးတာကြောင့် ကားမောင်းနှင်မှုမှာ အကျိုး သက်ရောက်မှုရှိစေပြီး ဖျတ်လတ်သွက်လက်စွာ မောင်း နှင်နိုင်သလို ဆီစားလည်း သက်သာပါတယ်။ အချိုး အစားပြေပြစ်လှပတဲ့ ကားဘီးခုံးတွေအောက်မှာတော့ ၁၈ လက်မအရွယ် အလွိုင်းဘီးတွေကို ပြိုင်ပွဲသုံး တာယာတွေနဲ့ တွဲဖက်တပ်ဆင်ထားပါတယ်။

 

ဆီစားနှုန်းလို စရိတ်စကမျိုးတွေ သက်သာအောင် အထူးမွမ်းမံတည်ဆောက်ထားတဲ့ M4 GT4 ပြိုင်ကား သစ်မှာ တိုက်ရိုက်ဆီဖျန်းစနစ်နဲ့  M Twin Turbocharged နည်းပညာသုံး 3.0 Liter Straight-six အင်ဂျင်ကို တပ်ဆင်ပေးထားပြီး မြင်းကောင်ရေ ၄၃၁ ကောင်အားနဲ့အထက် ထုတ်လုပ်ပေးနိုင်ပါတယ်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ ကားပြိုင်ပွဲသုံးဆော့ဖ်ဝဲနဲ့ တွဲဖက်ထားတဲ့ ီကေူ-ဃူကအခ့ ဂီယာခုနစ်ချက်ကနေတစ်ဆင့် ကားနောက် ဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမှာပါ။ တံခါးနှစ်ပေါက် နဲ့ ပြိုင်ပွဲသုံးကားသစ်လေး M4 GT4 ရဲ့ ကားအတွင်းခန်းမှာ ကားမောင်းသူအနေနဲ့ မောင်းနှင်မှုကိုပဲ အထူး အာရုံစိုက်ထားနိုင်ဖို့အတွက် သက်သောင့်သက်သာရှိ အောင် အထူးမွမ်းမံဖန်တီးပေးထားပြီး M4 မိုဒယ်ရဲ့ အတွင်းခန်းမျိုးကိုပဲ အခြေခံဖန်တီးထားပေမဲ့ M6 GT3 လို ပြိုင်ပွဲဝင်ကားသုံး အတွင်းခန်းအစိတ်အပိုင်းတွေကို  အစားထိုးတပ်ဆင်ပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here