Sport Type ပုံစံအလန်းစားကောက်ကြောင်းနဲ့ 2020 Toyota Camry

290

 

ဂျပန်နိုင်ငံရဲ့ အကြီးဆုံးကားကုမ္ပဏီကြီးဖြစ်တဲ့ Toyota ဟာ နာမည်ကျော်မိုဒယ်တစ်ခုဖြစ်တဲ့ Camry ကို ၁၉၈၂ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ Compact (Arrow-body) အမည်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်ကနေ လက်ရှိအချိန်အထိတော့ အရွယ်အစားပိုကြီးမားတဲ့ Mid-Size (wide-body) ဒီဇိုင်းနဲ့ ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။

စက်စွမ်းရည်
Camry မိုဒယ်ကို နိုင်ငံအများအပြားမှာ Trim Level အမျိုးမျိုးနဲ့ ခေါ်ဆိုကြပြီး အမေရိကန်မှာ တစ်မျိုး၊ သြစတြေးလျမှာ တစ်မျိုး၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာဆိုရင်လည်း အမျိုးမျိုးခေါ်ဆိုကြပါတယ်။Trim Level ခေါ်ဆိုပုံ အမျိုးမျိုးကွဲပြားနေပေမဲ့လည်း 2.5 Liter Dynamic Force 4-Cylinder DOHC 16-Valve , 3.5 Liter V6 DOHC 24-Valve D-4S Dual Injection with Dual VVT-i ဆိုတဲ့ အင်ဂျင်နှစ်မျိုး ရနိုင်ပါတယ်။ အင်ဂျင်တိုင်းက ဓာတ်ဆီ အင်ဂျင်ဖြစ်ပြီး Hybrid အမျိုးအစားကိုလည်း ထပ်ပြီးရွေးချယ်ခွင့်ပေးထား ပါတယ်။

အင်ဂျင်ပါဝါ အမြင့်ဆုံးကတော့ မြင်းကောင်ရေ ၃ဝ၁ ကောင်အားရှိ တဲ့ 3.5 Liter V6 DOHC အင်ဂျင်ဖြစ်ပြီး ၅ ဒသမ ၈ စက္ကန့်အတွင်း သုညမိုင်ကနေ မိုင်ခြောက်ဆယ်အထိ အရှိန်မြှင့်တင်နိုင်ပါတယ်။ 8- Speed Automatic with Manual Shifting Mode Transmission ဖြစ်ပြီး အမြင့်ဆုံးအနေနဲ့ တစ်နာရီ ၁၃၆ မိုင်နှုန်းအထိ မောင်းနှင်နိုင်ပါ တယ်။ ဆီစားနှုန်းကတော့ မြို့တွင်းတစ်ဂါလန် ၂၂ မိုင်နှုန်း၊ မြို့ပြင်တစ် ဂါလန် ၃၂ မိုင်နှုန်းနဲ့ ပျမ်းမျှဆိုရင်တော့ တစ်ဂါလန် ၂၆ မိုင်နှုန်းဖြစ်ပါတယ်။

တည်ဆောက်ပုံ
Lexus နဲ့ တခြား Toyota မိုဒယ်တွေမှာအသုံးပြုတဲ့ Toyota New Global Architecture (TNGA) Platforms ကိုပဲ အခြေခံတည်ဆောက် ထားတာဖြစ်ပါတယ်။ အထူးခြားဆုံးက ကားအရှေ့ဘက်ရုပ်ထွက်ဖြစ်ပြီး အမည်းရောင်ရှဲလ်(Grille)ကို Front Bumper Side Skirts နဲ့ နှစ် ကန့်ခွဲထားတဲ့ ပုံစံပါပဲ။ အပေါ်ဘက်အကန့်ကြား ဘောနတ်အောက်မှာ Toyota Logo ကို တပ်ဆင်ထားပြီး နေ့လင်းမီးတန်းစနစ်ပါဝင်တဲ့ ဂရိတ် အပြည့်အလျားလိုက် LED ရှေ့မီးအုံ၊ မီးအုံအောက်ဘက်က လေစုပ်ပေါက် တစ်ခုစီကြောင့် Camry XSE V6 ရဲ့အရှေ့ဘက်ဒီဇိုင်းက တခြားသော မိုဒယ်တွေနဲ့မတူညီဘဲ ထူးခြားတာကတော့ အမှန်ပါပဲ။
ကားအနောက်ဘက် Diffuser Area မှာတော့ နှစ်လုံးစီတစ်တွဲပါဝင် တဲ့ ခရိုမီယမ် အိပ်ဇောပိုက်တစ်စုံစီ ထည့်သွင်းပေးထားပြီး အိပ်ဇောပိုက် အရွယ်အစားက သေးငယ်ပါတယ်။ ကားနောက်မီးကို နောက်ဖုံးနဲ့တွဲစပ် ဖွဲ့စည်းထားပြီး မီးလုံးအစွန်းနှစ်ခုရဲ့အလယ်မှာ မိုဒယ်အမည် Camry ကို ရေးထိုးထားသလို Camry စာတန်းနဲ့ အနောက်ဘက် လေပင့်အား ထိန်းတောင်ပံငယ်ရဲ့ ကြားမှာတော့ Toyota Logo ကို ခတ်နှိပ်ထား ပါတယ်။ နောက်ဖုံးညာဘက်အောက်ထောင့်မှာ XSE စာလုံး ပါဝင်လာပြီး နောက်ခန်းရဲ့အပေါ်ဘက် မှန်သားစပ်မှာ ငါးမန်းတောင် Antenna တပ်ဆင်ပေးထားပါတယ်။ ဘော်ဒီ ကောက်ကြောင်းအရ Camry XSE V6 ဟာ အလန်းစား Mid-Size Sedan တစ်စီးဖြစ်တယ် ဆိုတာ ငြင်းမရနိုင်ပါဘူး။
ကားခေါင်မိုးမှာ Panoramic Glass Moonroof ပါဝင်သလို နေပူမ ခံချင်ရင် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ Moonroof အောက်ကနေ အကာတစ်ခု ထွက်လာပြီး ပိတ်ပေးသွားမှာပါ။ ၁၇ လက်မ၊ ၁၈ လက်မ၊ ၁၉ လက်မ ဘီးခွေတွေကို ရွေးချယ်ခွင့်ပေးထားပြီး ရာသီမရွေးသုံးနိုင်တဲ့ All Sea- son Tyre တွေကို အသုံးပြုထားပါတယ်။ ဒါကြောင့်လည်း Camry XSE V6 ကို America’s Favourite Mid-Size Sedan လို့ ခေါ်ဆိုနေကြတာ ဖြစ်ပါတယ်။

အတွင်းခန်း
ရှေ့ခန်းနဲ့ နောက်ခန်းက ထိုင်ခုံငါးလုံးစလုံးကို Fabric နဲ့ရော၊ Leather နဲ့ပါရနိုင်ပြီး ရှေ့ထိုင်ခုံတွေကို ပုံစံရှစ်မျိုး ပြောင်းလဲချိန်ညှိနိုင်ပါတယ်။ Center Console တည်ဆောက်ပုံမှာ တခြားမိုဒယ်တွေနဲ့ လုံးဝကွဲပြားပြီး ရေဘူးနှစ်ဘူးထည့်ထားနိုင်တဲ့ ဃကစ ံသိူနမ ပါဝင်ပါတယ်။ Center Console အပေါ်မှာ မျက်နှာပြင်အကျယ် ၁ဝ လက်မရှိတဲ့ HUD Color Display ပါဝင်ပြီး Navigation System , Audio , Phone , Temperature , Speedometer , Climate စတဲ့ Function တွေ လုပ်ဆောင်နိုင်ပါတယ်။

ဒါ့ပြင် Apple CarPlay , AM/FM , Bluetooth , Siri Eyes Free , USB Port , Wireless Charger , Satellite Radio စတဲ့ Function တွေ လုပ်ဆောင်နိုင်ပြီး ခေတ်မီအသံစနစ်ရရှိဖို့ ထိပ်တန်းအမေ ရိကန်ကုမ္ပဏီ JBL စပီကာခြောက်လုံး တပ်ဆင်ပေးထားပါတယ်။ လိုက်ပါ စီးနင်းမယ့်လူအားလုံးအတွက် ဂရိတ်အပြည့်လေအိတ်တွေ ထည့်သွင်း ပေးထားပြီး Ground Clearance က ၅ ဒသမ ၇ လက်မ ရှိပါတယ်။ Enhanced Vehicle Stability Control , Traction Control , 4- Wheel Anti-Lock Brakes , Smart Stop Technology , Pre-Collision System , Pedestrian Detection , Lane Departure Alert , Steering Assist , Dyanmic Radar Cruise Control စတဲ့ ယာဉ် မတော်တဆမှု အထောက်အကူပြု Features တွေ ပါဝင်တာကြောင့် လုံခြုံစိတ်ချမှုအပြည့် ပေးစွမ်းနိုင်ပါတယ်။

ဈေးနှုန်းနှင့် ပြိုင်ဘက်
2020 Toyota Camry မှာ Trim Level ၁၂ မျိုးအထိရှိပြီး XSE V6 က အမေရိကန်ဒေါ်လာ ၃၅,၁၃ဝ၊ TRD က အမေရိကန်ဒေါ်လာ ၃၁,၁၇ဝ၊ L က အမေရိကန်ဒေါ်လာ ၂၄,၄၂၅၊LEက အမေရိကန်ဒေါ် လာ ၂၄,၉၇ဝ၊ XLE က အမေရိကန်ဒေါ်လာ ၂၉,၄၅၅၊XLE V6 က အမေရိကန်ဒေါ်လာ ၃၄,၅၈ဝ၊ SE က အမေရိကန်ဒေါ်လာ ၂၆,၁၇ဝ၊SE Nightshade Edition က အမေရိကန်ဒေါ်လာ ၂၆,၈၇ဝ၊ XSE က အမေရိကန်ဒေါ်လာ ၃ဝ,ဝဝ၅၊ Hybrid LE က အမေရိကန်ဒေါ်လာ ၂၈,၄၃ဝ၊ Hybrid SE က အမေရိကန်ဒေါ်လာ ၃ဝ,၁၃ဝ၊ Hybrid XLE က အမေရိကန်ဒေါ်လာ ၃၂,၇၃ဝ ကျသင့်ပါတယ်။ ပြိုင်ဘက်တွေကတော့ 2020 KIA Optima , 2020 Honda Accord , 2020 Mazda6 , 2020 Hyundai Sonata တို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here