Software Engineer ဘဝမှ ဆိုင်ကယ်စတန့်မယ်ဖြစ်လာသည့် Akhitha MD က အောင်မြင်သည့်ပရော်ဖက်ရှင်နယ်ဖြစ်ရန် အလိုရှိ

1027

အိန္ဒိယတောင်ပိုင်းတွင် ဆိုင်ကယ်စတန့်ပြကွက်များ လှည့်လည်ပြသနေသည့် Legendary Stunts Inc  မှ တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင် Akhitha MD  က တစ်ချိန်ချိန်တွင် အောင်မြင်ကျော်ကြားသော ပရော်ဖက်ရှင်နယ် အမျိုးသမီး စတန့်ဆိုင်ကယ်မယ်ဖြစ်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည် ဟု ဇွန် ၉ ရက်တွင် timesofindia သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြထားသည်။

လက်ရှိအချိန် အသက် ၂၅ နှစ်ရှိပြီဖြစ်သော Akhitha MD  သည် ခုနစ်တန်းကျောင်းသူအရွယ်ကပင် ဖခင်၏ သင်ကြားပေးမှုကြောင့် ဆိုင်ကယ်စီးတတ်ခဲ့ကာ ၁ဝ တန်းအရောက်တွင် YoutTube မှ ဆိုင်ကယ်စတန့် ဗီဒီယိုများ ကြည့်ပြီး အလားတူ လိုက်လံလုပ်ဆောင်ရန် ဆန္ဒပြင်းပြခဲ့သည်။ Akhitha MD  သည် အင်ဂျင်နီယာ ဘွဲ့ရပြီးနောက် IT ထိပ်တန်းကုမ္ပဏီ ကြီး  Infosys တွင်  Software Engineer အဖြစ် ၂ဝ၁၄ ခုနှစ်မှ စတင် ဝင်ရောက်လုပ်ကိုင်ခဲ့သော်လည်း ဆိုင်ကယ်စတန့်မယ်ဖြစ်ရန် အိပ်မက်ကို မစွန့်လွှတ်သေးဘဲ လစာငွေဖြင့် Pulsar 180  ဆိုင်ကယ်ဟောင်းတစ်စီး ဝယ်ပြီး အလုပ်အားချိန်များ၌ ဆိုင်ကယ်စတန့်ကွက်များကို တစ်ဦးတည်း လေ့ကျင့်ခဲ့သည်။ နောက်ပိုင်း၌ လမ်းညွှန်ပြသမည့်သူ လိုကြောင်း Akhitha MD  နားလည်သဘောပေါက်ကာ Legendary Stunts Inc  သို့ သွားရောက်ပူးပေါင်းခဲ့သည်။

ပြီးခဲ့သည့်နှစ်များတွင်  Wheelies ၊ Stoppies ၊ Burnouts ၊ The Christ နှင့်  High Chairs  စသည့် စတန့်ပြကွက်များကို ခက်ခဲစွာ လေ့ကျင့်ခဲ့ပြီးနောက် Akhitha MD  သည် သူမ၏ ပထမဆုံး ပရော်ဖက်ရှင်နယ်စတန့် စီးနင်းမှုကို ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ပရိသတ်ရှေ့၌ အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။ လက်ရှိတွင် ဆိုင်ကယ်အသစ်ဖြင့် စတန့်ပြကွက်များ လှည့်လည်ပြသနေသော Akhitha MD  က တစ်နေ့နေ့၌ အိန္ဒိယ၏ အောင်မြင်ကျော်ကြားသော ပရော်ဖက်ရှင်နယ် ဆိုင်ကယ်စတန့်မယ်ဖြစ်ရန် အလိုရှိနေကြောင်းထုတ်ဖော်ပြောခဲ့သည်။

Ref : timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here