SKD Brand တွေရဲ့ စက်ရုံဈေးနှုန်းကို ညှိနှိုင်းမှုမရှိဘဲ ဝန်ထမ်းပါမစ်နဲ့ ဝယ်မယ့်သူတွေကို ဈေးနှုန်းတစ်ခု သက်သာခွင့်မပေးဘူးဆိုရင်တော့ နောက်ထပ် ခြောက်လ၊ ခုနစ်လလောက်အထိ SKD ဈေးကွက် ယိမ်းယိုင်သွားဖို့ပဲ ရှိပါတယ်

290

 

Automobile: ကားဈေးကွက်အခြေအနေလေး ပြောပေးပါဦး . . .
KoMMM: ဒီရက်ပိုင်းမှာ ဝန်ထမ်းပါမစ် လျှောက်လို့ရပြီဆိုတော့ ကိုယ်တိုင်သွင်းဖို့အတွက် စုံစမ်းမေးမြန်းတာတွေ ရှိသလို ရောင်းချင်လို့ လာမေးတဲ့သူတွေလည်း ရှိပါတယ်။တကယ့်တကယ် ကားလိုအပ်တဲ့သူကလည်း ကျပ်သိန်း နှစ်ရာအောက်နဲ့ ရနိုင်တဲ့ကားလေးတွေကို HP နဲ့ ဝယ်ကြတာ တွေ့ရပါတယ်။ ညာမောင်းမိုဒယ်နိမ့်ကားတွေ ဈေးဆင်းသွားတာ တွေ့ရသလို Kluger ၊ ရွှေငါး၊ Harrier ၊ Vanguard ညာမောင်းကား တော်တော် များများ ဈေးကျဆင်းသွားတာကို တွေ့ရတယ်။ ဈေးကျရတဲ့အကြောင်းရင်းက ဘယ်မောင်းအမျိုးအစားက အခွန်သက်သာသွားတာနဲ့ တန်ဖိုးကျဆင်းသွားတာကြောင့် ညာမောင်းဈေးတွေလည်း ဆင်းသွားတာ ဖြစ်ပါတယ်။ ဝန်ထမ်းပါမစ်ကြောင့် ဆက်ဖြစ်လာနိုင်တဲ့ ဈေးကွက် အခြေအနေကို ဆက်စောင့်တဲ့သူတွေရှိသလို တကယ် လိုအပ်နေတဲ့သူတွေကတော့ ဝယ်တာလည်း ရှိပါတယ်။ အဓိကခြုံငုံပြီးပြောရရင် ကားဈေးကွက် ပြန်ငြိမ်သွားပေမဲ့ လုံးဝ ရပ်တန့်သွားတာမျိုးတော့ မဟုတ်ပါဘူး။

Automobile: ဝန်ထမ်းပါမစ်နဲ့ ဘယ်လိုကားတွေ အသွင်းများလာနိုင်သလဲ . . .
KoMMM: ဝန်ထမ်းပါမစ်မှာ လက်ထောက်ညွှန်ကြားရေးမှူးအောက်ကတော့ ထူးထူးခြားခြား သက်သာခွင့်မရှိပါဘူး။ အထူးသဖြင့် လျှောက်လို့ရတဲ့ကားအမျိုးအစားက Toyota Vios နဲ့ Toyota Avanza ကားအမျိုးအစား နှစ်ခုကို အဓိက လျှောက်ကြတာ တွေ့ရပါတယ်။ အရောင်းပြခန်းမှာ ဝယ်တယ်ဆိုတဲ့အတွက်ကြောင့် Brand New Distributor ၊ ဒါမှမဟုတ် Dealer တွေဆီကပဲ ဝယ်လို့ရမယ် ဆိုတာကို လူတွေက အဓိပ္ပာယ်မှားပြီး အရောင်းစင်တာမှာရှိတဲ့ Malibu ၊ Trailblazer ၊ C-HR တွေ လျှောက် လို့ရမယ်လို့ အထင်မှားနေတာလည်း ရှိပါတယ်။ တကယ် တမ်းလျှောက်ဖို့ စီးပွား/ကူးသန်းက ကြေညာထားတာက အရောင်းပြခန်းဖြစ်တဲ့အတွက် ၁၃၅၀ စီစီအောက်ဖြစ်တဲ့ Toyota Vios နဲ့ Avanza ပဲ တကယ်တမ်းဝယ်လို့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက SKD ကားတွေကိုလည်း ၁၈၀ဝ စီစီအောက် ဝယ်လို့ရတယ်လို့ ပြောထားပေမဲ့ SKD က လောလောဆယ်မှာ ဝန်ထမ်းပါမစ်နဲ့ သက်သာခွင့်ကို ထူးထူးခြားခြား ကြေညာထားတာ မရှိတဲ့အတွက်ကြောင့် တော်တော်များများက သက်သာခွင့် နည်းနည်းပိုများတဲ့ Toyota ဘက်ကို လှည့်ပြီးတော့ပဲ လျှောက်ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် ၉၀ ရာခိုင်နှုန်းလောက်က Toyota Vios နဲ့ Avanza ကိုပဲ လျှောက်ကြတာ တွေ့ရပါတယ်။ ညွှန်မှူးနဲ့ ဒုညွှန်ချုပ် ကနေပြီးတော့ ညွှန်ချုပ်အထိ ၃၅၀ဝ စီစီအောက်ကနေ ၁၈၀ဝ စီစီအထိ ကြားထဲမှာ ကားအမျိုးအစား အမျိုးမျိုးကို လျှောက်လို့ရပါတယ်။ အဓိကကတော့ ညွှန်ချုပ်ပါမစ်ကတော့ နည်းပါတယ်။ အများစုကတော့ ကိုယ်တိုင်ဝယ်စီးမှာဖြစ်ပြီး ဒုချုပ်ပါမစ်ကတော့ ပါမစ် ပြန်ရောင်းမယ့်သူ နည်းနည်းထွက်ပါတယ်။ အများစုဆိုရင် ညွှန်မှူးနဲ့ ဒုညွှန်မှူးကတော့ အများဆုံး ထွက်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကားစီးတဲ့သူတွေ တော်တော်များများကတော့ ကိုယ်နဲ့သိရာ Brand ကိုပဲ အဓိကလျှောက်ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် CR-V နဲ့ RAV4 ၊ Lexus ကို လျှောက်ကြတာ တွေ့ရ ပါတယ်။ Lexus ကတော့ အမှန်တကယ် ဆိပ်ကမ်းကထွက်တဲ့ နှုန်းထားအရဆိုရင် ၂၀၁၈ မိုဒယ် NX300 က ဒေါ်လာ ၂၂,၅၀ဝ နဲ့ ပုံမှန်ထုတ်ကြပါတယ်။ ဒါပေမဲ့ ဒေါ်လာ ၂၂,၅၀ဝ ကို လက်ရှိ ဒေါ်လာပေါက်ဈေးနဲ့ တွက်လိုက်ရင် ၂၀၁၈ မိုဒယ်တောင် မမီပါဘူး။ ယနေ့ ဒေါ်လာဈေးက မငြိမ်တဲ့အတွက် ၂၀၁၉ ဆိုရင်လည်း ပိုဝေးပါတယ်။ CR-V နဲ့ RAV4 နဲ့ကတော့ မီပါတယ်။ အဓိကကတော့ CR-V ၊ RAV4 အပြင် Misubishi Eclipse Cross ၊ Ford Edge နဲ့ GMC Terrain ၊ Chevrolet တွေကတော့ လျှောက်ကြတာ များပါတယ်။ Equinox ၊ Malibu ၊ Honda Civic ၊ Honda Accord စတဲ့ လူသိများတဲ့အမျိုးအစားလေးတွေလည်း လျှောက်ကြတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ မြန်မာ့ဈေးကွက်နဲ့ ရင်းနှီးမှုရှိပြီး လတ်တလောမှာ ဈေး ကွက်နေရာယူထားတဲ့ ဘယ်မောင်းအမျိုးအစား တော် တော်များများကို လျှောက်ကြတာပါ။

Automobile: ဝန်ထမ်းပါမစ် ထွက်လာပြီဆိုတော့ SKD ကားဈေးကွက် အခြေအနေကရော ဘယ်လိုအပြောင်းအလဲ ဖြစ်သွား နိုင်မလဲဆိုတာ သုံးသပ်ပေးပါ . . .
KoMMM: SKD Brand တွေက စက်ရုံဈေးနှုန်းကို ညှိနှိုင်းမှုမရှိဘဲနဲ့ ဝန်ထမ်းပါမစ်နဲ့ လာဝယ်တဲ့သူတွေကို ဈေးနှုန်းတစ်ခု သက်သာခွင့် မပေးဘူးဆိုရင်တော့ SKD ဈေးကွက် အလားအလာက ဝန်ထမ်းပါမစ်ထွက်တဲ့အရေအတွက်နဲ့ ယှဉ်ရင် နောက်ထပ် ခြောက်လ ခုနစ်လလောက်အထိက ယိမ်းယိုင်သွားဖို့ပဲ ရှိပါတယ်။ ဘာမျှ နာလန်ထူဖို့ အလား အလာမရှိပါဘူး။ SKD ဈေးကွက်ကို ရိုက်ချိုးသလိုဖြစ်ပြီး အပြင်မှာဝယ်ရင် Ertiga တစ်စီးကို ၂၉၀ ၊ ၂၉၅ သိန်း၊ အရောင်းပြခန်းမှာ လာဝယ်ရင်လည်း ၂၉၀ ၊ ၂၉၅ သိန်း၊ အခွန်သက်သာခွင့်က ဒီမှာလည်း ရတယ်၊ အပြင်မှာလည်း ရတဲ့အတွက် ၆ ရာခိုင်နှုန်း ဝင်ငွေခွန် သက်သာခွင့်ကလည်း ရတယ်ဆိုတော့ သက်သာခွင့်မရှိလို့ ဘယ်သူမှ လာဝယ်မှာမဟုတ်ပါဘူး။ ဝန်ထမ်းတွေရဲ့ ခံစားခွင့်ကို လိုချင်တဲ့အခါကျတော့ ဝန်ထမ်းပါမစ်ရရင် ငါတော့ ဘယ်လောက်ရမယ်၊ ၁၀ သိန်းရမလား၊ ၁၅ သိန်းရမလား၊ သိန်းနှစ်ဆယ်ရမလားဆိုပြီး အဲဒီပါမစ်ရဲ့ သက်သာခွင့်လေးကို လိုချင်တာ ဖြစ်ပါတယ်။

Automobile: ရာထူးအဆင့်အလိုက် ဝန်ထမ်းပါမစ်တွေကို ဘယ်လို မျိုးပေးဝယ်တာ တွေ့ရသလဲ . . .
KoMMM: ဝန်ထမ်းပါမစ်ကို လာပြီးလျှောက်တဲ့အရေအတွက်ကို ကြည့်လိုက်တဲ့အခါမှာ ညွှန်ချုပ်၊ အတွင်းဝန်တော်တော်များများက ရောင်းတဲ့အရေအတွက် နည်းတာတွေ့ရပါတယ်။ တော်တော်များများက သူတို့သက်သာခွင့်အလိုက် ဝယ်ပြီး ၈၀ ရာခိုင်နှုန်းလောက်က ဝယ်စီးဖို့များတာ တွေ့ရပါတယ်။ ဒုချုပ်ကနေ ဒုညွှန်မှူးအထိ စီးမယ့် ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ၇၀ ရာခိုင်နှုန်းလောက်က ပြန်ရောင်းမှာ တွေ့ရပါတယ်။ အဲဒီအပေါ်မှာ ဈေးနှုန်းတွေက အမျိုးမျိုးကွာသွားပါတယ်။ ဝန်ထမ်းတွေအတွက် အနည်းငယ် ကွာခြားမှုရှိတာက နယ်လိုင်စင်နဲ့ ရန်ကုန်လိုင်စင် ဖြစ်ပါတယ်။ လိုင်စင် အပေါ်မူတည်ပြီး ရရှိတဲ့ သက်သာခွင့်ကတူပေမဲ့ ခံစားခွင့် အကျိုးကတော့ နည်းနည်းကွာခြားတာ တွေ့ရပါတယ်။ လူတွေရဲ့စိတ်ထဲမှာ သူတို့ပါမစ်ကို အများကြီးတွက်နေတဲ့ သူလည်း ရှိပါတယ်။ တကယ်တမ်းကြတော့ ၁၅၀ဝ စီစီနဲ့ ၁၈၀ဝ စီစီအထိ ကားတစ်စီးရဲ့ သက်သာခွင့်တန် ဖိုးကို သူတို့တွေ မခန့်မှန်းတတ်ကြပါဘူး။ ဥပမာ ကား တစ်စီးရဲ့ သက်သာခွင့်က ကားအမျိုးအစားအပေါ် မူ တည်ပြီး တွက်ချက်တာ ဖြစ်တဲ့အတွက် ၁၈၀ဝ စီစီ အောက်ကို ဘယ်လောက်သက်သာခွင့်ပေးမလဲ တွက် ပေးလို့မရပါဘူး။ တွက်ပေးလို့ရမှာက CR-V သွင်းချင်တယ်၊ အခွန်သက်သာခွင့် ဘယ်လောက်ရမလဲဆိုရင် တွက်ပေးလို့ရပါတယ်။ CR-V ကို တွက်ကြည့်တဲ့အခါမှာ တကယ်တမ်းမှာ CR-V ရဲ့ သက်သာတဲ့နှုန်းထားတစ်ခုက ၆၀ နဲ့ ၇၅ ကြား သူတို့ရဲ့ အခွန် ၆ ရာခိုင်နှုန်းကလည်း အပြည့်ရချင်မှ ရမှာဆိုတော့ တချို့ဆိုလည်း ဆောင်ရမယ်လို့ နိုင်ငံတော်က ပြောပါတယ်။ တွက်ချက်ပြီး ဆောင်ရမယ့် အခွန်ရာခိုင်နှုန်းကိုတော့ နောက်လူက လည်း နာမည်ပြောင်းရမယ်၊ ဒါကြောင့် မတွက်ချက် ထားပါဘူး။ CR-V ၊ Eclipse Cross တို့ဆို ဝန်ထမ်း ပါမစ် သက်သာခွင့်က ၆၀ ၊ ၆၅ လောက်ပဲ ရှိပါတယ်။ နယ်ပါမစ်ကို အရောင်းအဝယ် ၃၀ နဲ့ ဖြစ်ရင်တောင် နောက်ဝယ်တဲ့သူက သူ့နာမည်ပြန်ပြောင်းရင် ကား ဈေးနှုန်းက တန်းတူလောက် ပြန်ကျသွားပါတယ်။ နာမည်ပြန်ပြောင်းရင် ၆ ရာခိုင်နှုန်းဆောင်ရမှာ ဖြစ်တဲ့ အတွက် Eclipse Cross တစ်စီးကို သိန်း ၄၅၀ သတ်မှတ် မယ်ဆိုရင် ၂၅ သိန်းဝန်းကျင်လောက် ဆောင်ရမှာ ဖြစ်လို့ အရင်းက အပြင်ပေါက်ဈေးနဲ့ တူတူလောက် သွားကျနေတာ တွေ့ရပါတယ်။ ရန်ကုန်လိုင်စင်ဆိုရင် တော့ သက်သာခွင့်က ၆၀ ၊ ၇၀ လောက်ရှိတယ်။ စလစ်က ၁၀ဝ လောက် ပေါက်တယ်။ ၁၇၀ လောက် ဖြစ်နေတဲ့အတွက် နဂိုကတည်းက စလစ်ဖိုးပေါင်းလိုက် ရင် Eclipse Cross ကို ဘယ်သူမှ ရန်ကုန်လိုင်စင်နဲ့ မစီးပါဘူး။ ဘာကြောင့်မစီးလဲဆိုရင် စလစ်ဖိုးထည့်ပေါင်း လိုက်ရင် တခြားသူ့ထက်မြင့်တဲ့ CR-V ၊ Lexus NX-200t ထပ်ပြီး ၁၀ဝ ၊ ၁၀ဝ ပေါင်းလိုက်တိုင်းမှာ တခြား အမျိုးအစား နယ်လိုင်စင်က ရရသွားပါတယ်။ ဒါကြောင့် ရန်ကုန်လိုင်စင်ကို တစ်ရာလို့ သွားတွက်လို့မရပါဘူး။

Automobile: ဝန်ထမ်းပါမစ်နဲ့ ပတ်သက်ပြီး ဝယ်ယူခွင့်နဲ့ တင်သွင်းခွင့် မသဲကွဲတာမျိုးတွေ၊ လျှောက်ရမယ့်ပုံစံ မှားယွင်းနိုင်တဲ့ အရာတွေကို ဘယ်လိုဆောင်ရွက်ရမလဲ . . .
KoMMM: ဝန်ထမ်းတွေကို လျှောက်လွှာ လျှောက်လို့ရပြီဆိုပြီး သက်ဆိုင်ရာဌာနအလိုက်ကို လျှောက်လွှာတင်ခိုင်းတယ်။ လျှောက်လွှာဖောင်ထဲမှာ ဆောလျင်စွာ တင်ပြရန် ပြော ထားတဲ့အတွက်ကြောင့် တချို့ဝန်ကြီးဌာနတွေမှာ ပါမစ် ကို နှစ်ရက်အတွင်းပြီးအောင် စစ်ပေးပါ၊ သုံးရက်အ တွင်းပြီးအောင် တင်ပေးပါဆိုတယ်။ ဝန်ထမ်းတွေအနေနဲ့ ကျတော့ Import လုပ်ငန်းလိုင်စင်အကြောင်းကို နားမလည်ဘူး။ နားမလည်တဲ့အခါကျတော့ အရင်တစ်ခါလို လျှောက်လွှာတင်မယ်ဆိုရင် ပြဿနာမရှိပေမဲ့ ဖောင်တင်ရုံပဲ ဆိုရင်တော့ သူတို့ရဲ့ အားနည်းချက်က ကားအမျိုးအစားကို ကျွမ်းကျွမ်းကျင်ကျင်မသိတာ CIF တန်ဖိုးကို ဘယ်လိုထည့်ရမလဲမသိတာ၊ CIF တန်ဖိုးကို လည်း ကားတန်ဖိုးလို့ထင်ပြီး ဖြည့်နေကြတယ်။ နောက် တစ်ခုက စီးပွား/ကူးသန်းကို တစ်ခါတည်းတင်ပြီး တစ်ခါ တည်း ပါမစ်ထုတ်နိုင်ခြေရှိတဲ့အခါကျတော့ Proforma Invoice နဲ့ Sale Contract လိုအပ်သွားတာ တွေ့ရ ပါတယ်။ တချို့ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဘာလုပ်လဲဆိုတော့ ကိုဗစ်ကာလမှာ သူတို့အခက်အခဲဖြစ် သွားတာက Proforma Invoice နဲ့ Sale Contract ကို Viber နဲ့ပို့ပေးတယ်။ Viber နဲ့ ပို့ပေးတာကို သူတို့တွေက ထုတ်တယ်။ ထုတ်တော့ မည်းတယ်၊ Original မဟုတ်ဘူး၊ Original ပြန်တောင်းတာမျိုးတွေ အခက်အခဲ ဖြစ်ပါတယ်။ တကယ်တော့ အဲ့လောက်ကြီး မလိုအပ်ပါဘူး။ စီးပွား/ကူးသန်းမှာ တင်တဲ့အခါ လွယ်လွယ်ကူကူပဲ တင်ရတာ ဖြစ်ပါတယ်။ လျှောက်တဲ့သူတွေက နဂိုကတည်းက ဘာလျှောက်ရမလဲမသိ၊ CIF တန်ဖိုး ဘယ်လောက် ရေးရမှန်းလည်းမသိ၊ ဘယ်လောက် သက်သာခွင့်ရမှန်းလည်း မသိ၊ ကားတစ်စီးကို တကယ် စီးချင်ရင်တောင် လက်ထဲမှာ သုံးရာပဲ ရှိတယ်၊ လိုချင် တာက CIF ၃၀ဝ အောက်သွင်းခွင့်ပြုပြီး CR-V လျှောက်တယ်၊ CR-V လျှောက်လို့ အခွန်ဘယ်လောက်ကျသွား မလဲမသိတဲ့ ဒုက္ခတွေလည်း ရှိပါတယ်။ Proforma Invoice နဲ့ Sale Contract ကိုလည်း အရောင်းစင်တာတွေရဲ့ အကူအညီနဲ့ တင်ပေးလိုက်ပေမဲ့ သူတို့တွေက ထပ်ပြီးတော့ မထင်ရှားတာမျိုး၊ မသဲကွဲတာမျိုး ထင်ပေမဲ့လည်း မည်းနေပါတယ်ဆိုပြီး ထပ်လုပ်တဲ့အခါကျတော့ ပါမစ်လျှောက်တဲ့သူတွေလည်း တော်တော်ကြီးကို ဒုက္ခရောက်ကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here