SKD ကားလောကမှာ စောင့်ကြည့်ရမည့် Brilliance ကားများ

733

Brilliance မန္တလေး၊ စစ်ကိုင်း ခရီးစဉ်
Myanmar Brilliance Auto ပိုင်ရှင် ဦးခင်မောင်ဆန်း၊ Bright Star Autoclinic က ဦးသက်ထွေးတို့ရဲ့ ဖိတ်ခေါ်မှုနဲ့ Brilliance မန္တလေး၊ စစ်ကိုင်းခရီးစဉ်ကို လိုက်ပါဖြစ်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ကားလောကသား တွေထဲက ကိုမြင့်ဇော်(၀န်းရံခ)၊ ကိုမင်းဇော်ဖေ(မင်းမြန်မာချစ်ခန့်)၊ ကို ပြည့်စုံ(Hyper Auto)တို့လည်း ပါ၀င်ပါတယ်။ Brilliance ခရီးစဉ်ကို လိုက်ပါဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်က ပြည်တွင်းမှာ SKD စနစ်နဲ့ တပ်ဆင် ထုတ် လုပ်တော့မယ့် V3 ၊ V6 ၊ V7 တို့ကို ကိုယ်တိုင်ကိုယ်ကျ စမ်း သပ်မောင်းနှင်လိုတဲ့အတွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကားပေါ်လစီအရ ပြည်တွင်းမှာ ကားတွေ တပ်ဆင်ထုတ်လုပ်ဖို့ကို ဦးစားပေးလာတဲ့အတွက် ဒီ ၁ နှစ်၊ ၂ နှစ်အတွင်းမှာ SKD စနစ်နဲ့ Brand အသစ်တွေ အများကြီး ၀င်လာပါတယ်။ အများစုကတော့ တရုတ်ကားတွေဖြစ်ပြီး SUV ကားတွေ ကို ဦးစားပေး ရွေးချယ်လာကြပါတယ်။ SKD ကားတွေထဲက Brand အသစ်ဖြစ်တဲ့ Brilliance ကိုလည်း စမ်းသပ်မောင်းနှင်ချင်တဲ့အတွက် ဒီခရီးစဉ်ကို ပါ၀င်ခဲ့တာပါ။

Brilliance မန္တလေး၊ စစ်ကိုင်းခရီးစဉ်ကို ဇွန် ၂၃ ရက် မနက် ၅ နာရီမှာ ရန်ကုန်ကနေ စတင်ထွက်ခွာခဲ့ပါတယ်။ ကားလုပ်ငန်းရှင်တွေနဲ့ အတူ ရိုက်ကူးရေးအဖွဲ့တွေ၊ တက်သစ်စအနုပညာရှင်တွေလည်း ပါ၀င်တဲ့ အတွက် V3 လေးစီး၊ V6 နှစ်စီး၊ V7 နှစ်စီးအထိ အသုံးပြုခဲ့ပါတယ်။ နေပြည်တော်ဝင်ပြီး ရိုက်ကူးရေးလုပ်ဖို့ ရှိတဲ့အတွက် ရန်ကုန်ကနေ နေ ပြည်တော်အထိ V3 ကားလေးကို မောင်းနှင်ခဲ့ပါတယ်။ V3 ဟာ V6 ၊ V7 တို့လောက် အရွယ်အစားမကြီးပေမဲ့ ခန့်ငြားတဲ့ ရှဲလ်၊ လေခွင်းအား ကောင်းအောင် ဒီဇိုင်းဆင်ထားတဲ့ ဘော်ဒီနဲ့ LED ရှေ့မီးကြီးတွေကြောင့် သူ့ရဲ့ ရုပ်ထွက်က ဆွဲဆောင်မှု ရှိပါတယ်။ အတွင်းခန်းကလည်း ကျယ် ၀န်းပြီး သားရည်ထိုင်ခုံတွေနဲ့ စီးနင်းသူကို သက်သောင့်သက်သာရှိအောင် ဖန်တီးထားပါတယ်။ 10.4-inch Control Colour Display ကို Dashboard မှာ တပ်ဆင်ထားပြီး ကားရဲ့ Function မျိုးစုံကို တိကျမြန်ဆန် စွာ လုပ်ဆောင်နိုင်သလို ဆူညံသံကို လျှော့ချပေးတဲ့ NVH လည်း ပါတဲ့ အတွက် အင်ဂျင်ဆူညံသံတွေ၊ တုန်ခါမှုတွေ ကင်းစင်ပြီး သက်သောင့် သက်သာ မောင်းနှင်နိုင်ပါတယ်။ တစ်ချို့နေရာတွေမှာ ကီလို ၁၂၀ အထိ မောင်းနှင်ပေမဲ့ Steering ကို အလွယ်တကူ အလိုက်အထိုက် ထိန်း ကျောင်းလို့ရပြီး လမ်းကွေ့တွေမှာလည်း ဘယ်၊ညာဆွဲသွားတာမျိုး မရှိဘဲ တည်ငြိမ်ပါတယ်။ နေပြည်တော်ရောက်ပြီး မန္တလေးကိုတက်တော့ V6 ကို ပြောင်းပြီး မောင်းခဲ့ပါတယ်။ V6 ရဲ့ ကားအရွယ်အစားကတော့ V3 ထက် ပိုကြီးတဲ့ အတွက် အမြန်လမ်းမောင်းတဲ့အခါမှာ ပိုငြိမ်သွားပါတယ်။ နောက်ပြီး V6 ရဲ့ ့hp ကလည်း V3 ထက်ပိုများတဲ့အတွက် အင်ဂျင် အဆွဲအရုန်း ပိုကောင်းပါတယ်။ V6 Off-road SUV အဆင့်ရှိတဲ့ အတွက် လမ်းအခြေအနေမျိုးစုံမှာ ကောင်းမွန်စွာ မောင်းနှင်နိုင်ပြီး လမ်းကြမ်းတွေမှာလည်း ယာဉ်တုန်ခါမှုကို လျှော့ချပေးတဲ့အတွက် တည်ငြိမ်မှု ရှိပါတယ်။ နေပြည်တော်ကနေ မန္တလေးအထွက် တပ်ကုန်းလမ်း ရောက် တဲ့အချိန်မှာ ကိုမိုးဆန်း(Marker Gyi)က ဖုန်းဆက်ပြီး ၂၈၅ မိုင် Feel မှာ နေ့လည်စာကျွေးမယ်ဆိုတာနဲ့ မိထ္တီလာမှာ ခဏနားခဲ့ပါတယ်။ အဲဒီနောက် မန္တလေးကို ခရီးဆက်ပြီး ဖွင့်တာမကြာသေးတဲ့ Grand Park Hotel မှာ အနားယူခဲ့ပါတယ်။ ခရီးစဉ် ဒုတိယနေ့မှာ စစ်ကိုင်း တောင်ပေါ်တက်ပြီး ဆွမ်းဦးပုညရှင် သက်သက်လွတ်ကျောင်းမှာ တရား အားထုတ်နေတဲ့ ရဟန်းသံဃာတွေနဲ့ သီလရှင်တွေကို နေ့ဆွမ်းကပ်ခဲ့ပါ တယ်။ နေ့လည်ပိုင်းမှာ ရိုက်ကူးရေးအစီအစဉ်အရ စစ်ကိုင်းကောင်းမှုတော် နဲ့ မင်းကွန်းဘက်သွားပြီး ပုထိုးတော်ကြီးမှာ ရိုက်ကူးရေးလုပ်ခဲ့ပါတယ်။ ခရီးစဉ်တတိယနေ့မှာ ကိုစိုင်း(Insight)က မနက်စာကျွေးမယ်ဆိုပြီး လာ ခေါ်တာနဲ့ ကိုခင်မောင်ဆန်း၊ ကိုမင်းဇော်ဖေ၊ ဗိုလ်ကြီးသက်ထွေးတို့နဲ့အတူ ရန်ကုန်မှာဆိုရင် နန်းကြီးသုပ်၊ မန်္တလေးမှာ မုန့်တီလို့ခေါ်တဲ့ ဒေါ်တော မုန့်တီမှာ မနက်စာ စားခဲ့ပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာ မန္တလေးကျုံး၊ ကုသိုလ်တော်၊ မန္တလေးတောင်ဘက်သွားပြီး ရိုက်ကူးရေးပြုလုပ်ခဲ့ပါတယ်။ ညနေပိုင်းမှာ နာမည်ကြီးနေတဲ့ Food Box ကိုသွားပြီး Brilliance ရဲ့အလှူအဖြစ် ထီးနဲ့ ထီလက်မှတ်တွေကို လှူဒါန်းခဲ့ပါတယ်။ ခရီးစဉ် နောက်ဆုံးနေ့ မနက်မှာ တောင်သမန်အင်းမှာ ရိုက်ကူးရေးပြုလုပ်ပြီး ရန်ကုန်ပြန်ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ V7 ကို မမောင်း နှင်ခဲ့ပေမဲ့ ဒီကားက BMW ရဲ့ နည်းစနစ်တွေ အပြည့်အဝ ထည့်သုံးထားတဲ့ အတွက် V3 ၊ V6 တို့ထက် ပိုကောင်းတယ်ဆိုတာကတော့ သေချာပါ တယ်။ အမြန်လမ်းတစ်လျှောက် ၂၈၅ မိုင်၊ ၁၁၅ မိုင်၊ ၃၉ မိုင် စတဲ့ ယာဉ်ရပ်နားစခန်းတွေ နားတဲ့အခါမှာ ဆွဲဆောင်မှုရှိတဲ့ Brilliance ကို ကြိုက်လို့ဆိုပြီး စိတ်ဝင်တစား မေးမြန်းကြတဲ့သူတွေ အများအပြားရှိတဲ့ အတွက် ဒီ Road Show က အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။

Brilliance Launching Ceremony

မန္တလေး၊ စစ်ကိုင်းခရီးစဉ်ပြန်လာပြီး ဇွန် ၃၀ ရက် ညနေပိုင်းမှာ Brilliance Launching Ceremony ကို Novotel Hotel မှာ ပြုလုပ် ခဲ့ပါတယ်။ ဒီပွဲမှာ Brilliance Auto ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Huachen Automotive Group Holding Co.,Ltd မှ CEO Mr.Liu အပါအဝင် အစိုးရအရာရှိတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပါတယ်။

““မြန်မာနိုင်ငံမှာ ပြည်ပက အသုံးပြုပြီးတဲ့ တစ်ပတ်ရစ် Used Car တွေကို နှစ်ကာလအတော်ကြာ အသုံးပြုခဲ့ကြပါတယ်။ အခုချိန်မှာတော့ တံခါးဖွင့်လိုက်တဲ့ နိုင်ငံရဲ့စီးပွားရေးစျေးကွက်မှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်တဲ့ ကားစက် ရုံတွေလည်း တစ်ခုပြီးတစ်ခု ၀င်ရောက်လာပြီ ဖြစ်ပါတယ်။ ဒီလို ပြည်တွင်းမှာ ကားသစ်တွေ တပ်ဆင်ထုတ်လုပ်တဲ့အတွက် မော်တော်ယာဉ် နဲ့ပတ်သက်တဲ့ နည်းပညာတွေ ရရှိသလို ပြည်သူတွေအနေနဲ့လည်း ကား သစ်တွေကို သင့်တင့်တဲ့စျေးနဲ့ ၀ယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ နောက်ပြီး ကားစက်ရုံတွေ ၀င်လာတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိပြီး တိုင်းပြည်ရဲ့ GDP လည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။
Myanmar Brilliance Auto Co.,Ltd ကနေ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ ကားတွေကို တရားဝင် အရောင်းကိုယ်စားလှယ်တွေ ကနေတစ်ဆင့် ဖြန့်ဖြူးရောင်းချပေးတဲ့အခါမှာ Sale ၊ Service ၊ Spare Parts စတဲ့ဝန်ဆောင်မှုတွေနဲ့အတူ ရောင်းချပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ Car Industry ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍမှာ တစ်စိတ် တစ်ဒေသကနေ ကူညီပံ့ပိုးပေးချင်တဲ့အတွက် Brilliance ကားတွေကို တပ်ဆင်ထုတ်လုပ်တာဖြစ်ပြီး မိခင်ကုမ္ပဏီကနေ နည်းပညာတွေ မျှဝေရ ရှိဖို့အတွက်လည်း အစွမ်းကုန်ကြိုးစားသွားမှာပါ။ စီးပွားရေး အခွင့်အလမ်း ကောင်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်မှုကလည်း အဆင့်မြင့်မားလာတော့မှာ ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့လည်း တစ်စိတ်ပိုင်းတပ်ဆင်ထုတ်လုပ်တဲ့ SKD စနစ်ကနေ အလုံးစုံတပ်ဆင် ထုတ်လုပ်တဲ့ CKD စနစ်အထိ ကူးပြောင်းနိုင်အောင် ရေရှည်စီမံကိန်းတွေ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်””ဟု Myanmar Brilliance Auto Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ဆန်းက ပြောသည်။

Myanmar Brilliance Auto Showroom Opening Ceremony

Myanmar Brilliance ကနေ ပထမဆုံး တရားဝင်အရောင်းပြခန်းသစ်ကို ဇူလိုင် ၂ ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်းမှာရှိတဲ့ မလိခအိမ်ရာမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီ Showroom မှာ CBU နဲ့ တင်သွင်းထားတဲ့ Brilliance V3 ၊ V6 ၊ V7 တို့အပြင် မကြာခင်မှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တော့မယ့် V3 ကိုလည်း ရန်ကုန်လိုင်စင်နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ မကြာခင်မှာ V6 နဲ့ V7 တို့ကိုလည်း SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တော့မှာ ဖြစ်တဲ့အတွက် ရန်ကုန်လိုင်စင်နဲ့ ရရှိမှာ ဖြစ်ပါတယ်။ မလိခအိမ်ယာမှာ ဖွင့်လှစ်ခဲ့တဲ့ Showroom အပြင် မကြာခင်မှာလည်း အရောင်းပြခန်းအသစ်တွေ ဖွင့်လှစ်ဖို့ ရှိပါတယ်။

SKD ကားလောကမှာ စောင့်ကြည့်ရမည့် Brilliance ကားများ

BMW ရဲ့ နည်းပညာ၊ အငွေ့အသက်တွေ ပါ၀င်တဲ့ Brilliance ကားတွေကို ဇူလိုင် ၃ ရက်ကစပြီး ပြည်တွင်းမှာ SKD စနစ်နဲ့ တပ်ဆင် ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ Brilliance ကားတွေ စတင်ထုတ်လုပ်တဲ့ ကနဦးကာလမှာ V3 ကို ဦးစားပေးထုတ်လုပ်မှာ ဖြစ်ပြီး မကြာခင်ကာလ အတွင်းမှာလည်း V6 နဲ့ V7 တို့ကို တပ်ဆင်ထုတ်လုပ်တော့မှာ ဖြစ်ပါ တယ်။ မြန်မာပြည်ကားလောကမှာ SKD ကားစျေးကွက်က တဖြည်း ဖြည်းအားကောင်းလာတော့မှာဖြစ်ပြီး Myanmar Brilliance Auto အနေ နဲ့လည်း Brand New Market မှာ စျေးကွက်ဝယ်စု ဘယ်လောက်အထိ ရအောင် ကြိုးစားပေးဆပ်သွားမယ်ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ် ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here