Shwe Daehan Motor မှ မိသားစု လုပ်ငန်းသုံးယာဉ် အမျိုးအစား H-1 ကို ပြည်တွင်းစျေးကွက်၌ စတင်ရောင်းချ

122

 

ရန်ကုန်၊ ဇန်နဝါရီ ၄

Shwe Daehan Motor မှ မိသားစု လုပ်ငန်းသုံးယာဉ် အမျိုးအစား H-1 ကို SKD စနစ်ဖြင့် ထုတ်လုပ်ကာ ပြည်တွင်း စျေးကွက်၌ စတင်ရောင်းချနေကြောင်း Hyundai Motor Myanmar မှ သိရသည်။

H-1 2021 (Starex)မှာ တတိယမျိုးဆက်ဖြစ်ပြီး စွယ်စုံသုံး ကားအမျိုးအစားအဖြစ် ထုတ်လုပ်ထားသည်။ မိသားစုခရီးသွားလာရာတွင် လူအများ လိုက်ပါစီးနင်းနိုင်သလို ကုမ္ပဏီသုံးကားတစ်စီးအဖြစ် လည်း အသုံးပြုနိုင်မည်ဖြစ်သည်။၂၀၂၁ ခုနှစ်အတွက် မြန်မာ့ ကားဈေးကွက် လိုအပ်ချက်များအပေါ် အခြေခံပြီး စွမ်းဆောင်ရည်ပေါင်း ၁၅ မျိုးကို ထပ်မံအားဖြည့်၍ တပ်ဆင်ပေးထား​ကြောင်း သိရသည်။

“၁၂ ယောက်စီး H-1 2021 ရဲ့ ဈေးနှုန်းကို ကျပ် ၄၈၉ သိန်း +ဝင်ငွေခွန် သတ်မှတ်ထားပါတယ်၊ အရစ်ကျ ငွေပေးချေစနစ်နဲ့ ၀ယ်ယူမယ် ဆိုရင် ကနဦးအနေနဲ့ ၂၀ ရာခိုင်နှုန်းကစပြီး AYA ဘဏ်၊ CB ဘဏ်၊ UAB ဘဏ်တို့နဲ့ ချိတ်ဆက်ပြီး တစ်နှစ်က​နေ ငါးနှစ်အထိ အရစ်ကျ လစဉ် ငွေပေးသွင်းမှုတွေနဲ့ ၀ယ်ယူလို့ ရနိုင်ပါတယ်´´ဟု Shwe Daehan Motor မှ
တာဝန်ရှိသူတစ်ဦးကပြောသည်။

Dual Auto Sliding Door ၊ Leather Seat ၊ Electric Folding Outside Mirrors ၊ Cruise Control နှင့် ရှစ်လက်မ Smart Touch Screen AV (Andriod) စနစ်များ ထည့်သွင်း ပေးထားပြီး အမြင့်ဆုံးစွမ်းရည်အ နေဖြင့် 170ps/3600 rpm ရှိကာ အမြင့်ဆုံးရုန်းအား 45kg.m/2250 rpm ရှိသည်။

၁၂ ယောက်စီး H-1 2021ကို ဝယ်ယူမည်ဆိုပါက အာမခံအ​နေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံရရှိမည် ဖြစ်​ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here