School Bus စနစ်သစ်ကို  ၂ဝ၁၈-၂ဝ၁၉    ပညာသင်နှစ်မှသာ    စတင်နိုင်မည်

636

ရန်ကုန်၊ ဇန်နဝါရီ

ရန်ကုန်မြို့တွင်းရှိ ကျောင်းပေါင်း ၂၂ ကျောင်းတွင် School Bus စနစ်သစ် ပြောင်းလဲပြေးဆွဲခြင်းကို လာမည့် ပညာသင်နှစ်မှသာ စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

School Bus စနစ်သစ်ကို ယခုပညာသင်နှစ်တွင် အဆင့်သုံးဆင့်ဖြင့် ပြောင်းလဲမည်ဟု လျာထားခဲ့သော်လည်း ညှိနှိုင်းမှုများ ပြုလုပ်နေရသည့်အတွက် လာမည့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှသာ စတင်ပြေးဆွဲနိုင်တော့မည် ဖြစ် ကြောင်း သိရသည်။

 

” School Bus စနစ်သစ်ကို လာမယ့် ပညာသင်နှစ်မှာ  စတင်မယ်၊ သေချာတာက လာမယ့် ဇွန် ၁ ရက်မှာ စနစ်သစ် စတင်မယ်၊ ဒီအချိန်မှာ လိုက်ထရပ်လိုမျိုး နောက်ဖွင့်ကားတွေ လုံးဝပြေးဆွဲခွင့် မရှိတော့ပါဘူး”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

 

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၌ School Bus စနစ် ပထမအဆင့် ပြောင်းလဲရာတွင် မြို့တွင်းအဓိက လမ်းမကြီးများပေါ်၌ရှိသော အထက (၁) ဒဂုံ၊ ပြည်လမ်း TTC နှင့် အထက (၂)ကမာရွတ်၊ အထက (၂) ဗဟန်း စသည့် အခြေခံပညာကျောင်းများတွင် စတင် ပြောင်းလဲပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျောင်းလေးကျောင်းတွင် School Bus စနစ် စတင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝယ်ယူထားသည့် School Bus အစီးနှစ်ရာဖြင့် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း School Bus စနစ်သစ် စတင်နိုင်ရန် စီစဉ်ခဲ့သော်လည်း စနစ်သစ်မှာ လက်ရှိပြေးဆွဲနေသည့် ကျောင်းကြို/ပို့ ယာဉ်များကဲ့သို့ အိမ်ရှေ့အထိ ပြေးဆွဲမည်မဟုတ်ဘဲ စုရပ်တစ်ခုသတ်မှတ်၍ ပြေးဆွဲမည် ဖြစ်သည့်အတွက် စုရပ်အဖြစ် ရပ်နားမည့်နေရာများကို သဘောထား တောင်းခံခြင်းနှင့် စီးနင်းမည့် ကျောင်းသား၊ ကျောင်းသူများ စာရင်းကောက်ခံခြင်းအပါအဝင် အုပ်ချုပ်မှုစီမံရန် ညှိနှိုင်းမှုများ လုပ်ဆောင်နေရသည့်အတွက် ပြေးဆွဲရန် ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here