Rolls-Royce  ကထုတ်သည့် ပထမဆုံး SUV ကားမိုဒယ် Cullinan ကို စတင်မိတ်ဆက်

560

ဗြိတိသျှကားကုမ္ပဏီ Rolls-Royce က ပထမဆုံးတည်ဆောက်သည့် SUV  စတိုင်လ် Cullinan ကားမိုဒယ်ကို ဗြိတိန်ကျွန်းစုတွင် စတင်မိတ်ဆက် ပြသသွားမည်ဖြစ်ကြောင်း မေ ၈ ရက်တွင် auto.ndtv သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

ဇိမ်ခံကားများကိုသာ ထုတ်လုပ်သည့် Rolls-Royce သည် ရှေ့ဘမ်ပါရှဲလ်ပေါ်တွင် Ecstasy အထိမ်းအမှတ်တံဆိပ်ပါပြီး ကိုယ်ထည်အမြင့်နှင့် လမ်းမရွေးမောင်းနိုင်သောကား ထုတ်လုပ်ရန် Project Cullinan စီမံကိန်းကို လွန်ခဲ့သော လေးနှစ်ကတည်းက စတင်ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့ သည့် သုံးနှစ်အတွင်း ကမ္ဘာတစ်ဝန်း စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် Rolls-Royce Cullinan ကားမိုဒယ်ကို မေ ၁ဝ ရက်တွင် ယူကေ၌ အများပြည်သူကို မိတ်ဆက်ပြသမည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် ရှာဖွေတွေ့ရှိ ထားသည့် စိန်တုံးများအနက် အကြီးဆုံးနှင့် အနာအဆာအကင်းဆုံး Cullinan  စိန်တုံးအမည်အတိုင်းပေးထားသည့် Rolls-Royce Cullinan ကားကို 6.8 L V12 အင်ဂျင်၊ Architecture of Luxury ဟု မှည့်ခေါ်ထားသော အလူမီနီယမ် Spaceframe တို့ဖြင့် တည်ဆောက်ထားကာ ဝယ်သူစိတ်ကြိုက်ရွေးချယ်ခွင့် အများအပြားပါဝင်ရန် မျှော်လင့်ခံထားရသည်။ Rolls-Royce Cullinan ကား၏ အသေးစိတ်အချက်အလက်များကို မသိသေးရသော်လည်း Effortless Everywhere  ဆောင်ပုဒ်အတိုင်း လမ်းမရွေးသွားနိုင်သော Rolls-Royce ၏ ပထမဆုံး SUV စတိုင်လ် ကားမိုဒယ်ဖြစ်လာမည် ဟု သိရသည်။ Ref : auto.ndtv

LEAVE A REPLY

Please enter your comment!
Please enter your name here