PTT Lubricants Myanmar  ၁ဝ နှစ်ပြည့်  အထိမ်းအမှတ်အဖြစ်  Suzuki Ertiga  အပါအဝင် ဆုမဲပေါင်း   ၃၈၁  ခု   မဲဖောက်ပေး

657

ရန်ကုန်၊ မေ

PTT Lubricants Myanmar မှ ၁ဝ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်  Suzuki Ertiga အပါအဝင် ဆုမဲပေါင်း ၃၈၁ ခု မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

Tunn Star Co.,ltd  မှ PTT Lubricants ကို မြန်မာပြည်တွင်း၌ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း ၁ဝ နှစ်ပြည့် အထိမ်းအမှတ် Journey of Power ကံစမ်းမဲဖောက်ခြင်း အခမ်းအနားကို မေ ၈ ရက်က Novotel Yangon Max Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

”PTT ကို မြန်မာပြည် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူးရောင်းချခွင့်ရတဲ့ ၁ဝ နှစ်ပြည့် အခမ်းအနားဖြစ်ပါတယ်၊ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်၊ သုံးစွဲသူမရှိရင် ဒီလိုအောင်မြင်မှုတွေက ရရှိမှာမဟုတ်ပါဘူး၊ ဒါကြောင့် ၁ဝ နှစ်တာကာလအတွင်းမှာ PTT စက်ချောဆီကို ဝယ်ယူသုံးစွဲတဲ့ Customer တွေကို အထူးကျေးဇူးတင်ပါတယ်၊ PTT ကို ရောင်းချပေးတဲ့ အရောင်းကိုယ်စားလှယ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု Tunn Star Co.,ltd Deputy Managing Director  ဦးအောင်နိုင်ထွန်းက ပြောသည်။

PTT အမှတ်တံဆိပ် စက်ဆီ၊ ချောဆီအသုံးပြုသည့် Customer များကို ကျေးဇူးတုံ့ပြန်သောအားဖြင့်  ပစ္စည်းအမျိုးအစား ခုနစ်မျိုးထဲမှ ပထမဆုဖြစ်သည့် Suzuki Ertiga ကားသစ်တစ်စီး၊ Canda Motorcycle အစီးငါးဆယ်၊ TCL Aircooler အလုံးငါးဆယ်၊ Samsung J2 Prime အလုံးငါးဆယ်၊ Hisense 32” TV အလုံးငါးဆယ်၊ AEK EVD Player အလုံးရှစ်ဆယ် နှင့် Index ဆိုင်ကယ်ဦးထုပ်အလုံးတစ်ရာတို့ကို PTT Public Co.,ltd  နှင့် Tunn Star Co.,ltd တို့မှ တာဝန်ရှိသူများက မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး ပထမဆု Suzuki Ertiga ကားသစ်ကို မော်လမြိုင်မြို့မှ မကျင်စန်းက ရရှိခဲ့ကြောင်း သိရသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here