Prestige Automobiles Co.,Ltd မှ BMW X2 ကားသစ်ကို စျေးကွက်အတွင်း စတင်မိတ်ဆက်

628

ရန်ကုန်၊ ဇူလိုင် ၁၁
Prestige Automobiles Co., Ltd. မှ BMW X2 ကားသစ်ကို စျေးကွက်အတွင်း စတင်မိတ်ဆက် ခဲ့ကြောင်း သိရသည်။
BMW X Family တွင် New Model ဖြစ်သည့် The first-ever BMW X2 ကားသစ်သည် ဒီဇိုင်း နှင့် အရည်အသွေးကို အကောင်း မွန်ဆုံး ဖန်တီးထားပြီး BMW X2 sDrive 18i Msport X တွင် 1499 CC ၊ Three-cylinder Petrol Engine နှင့် Seven-speed Ste-ptronic Dual-clutch Transmis-sion တို့ တပ်ဆင်ထားသည်။ BMW X2 xDrive20i Sportx တွင် 1998 CC ၊ Four-cylinder Petrol Engine ၊ Eight-speed Steptronic Transmission ကို တပ်ဆင်ပေးထားသည်။
လှပဆန်းသစ်စွာ ဖန်တီးထား သော BMW X2 အပြင်ပိုင်းအပြင် အဆင်တွင် Kidney Grilleသည် BMW အမှတ်တံဆိပ်၏ သိသာ ထင်ရှားသော အသွင်အပြင်ဖြစ်ပြီး Outline သည် အပေါ်ထက် အောက်ခြေက ပိုမိုကျယ်ဝန်းကာ Sportier Appearance ကိုလည်း ပေါ်လွင်စေသည်။ ရှေ့မီးခွက်တွင် နှစ်ခုတွဲ မီးလုံးအဝိုင်း (LED Day-time Driving Light) နှင့် နှင်းခွဲမီး တို့ ပေါင်းစပ်ထားသောကြောင့် Six-eyed Face အသွင်ကို ပေါ် လွင်စေသည်။
ကားအတွင်းပိုင်းတွင် Ce-ntre Console သည် Contrast Stitching နှင့် Sensatec Lea-ther တို့ ပါဝင်ပြီး Instrument Panel သည် Contrast Stitching နှင့် Decorative Stitching တို့ ပါဝင်သည်။ ကားနောက်ခန်း အတွင်းပိုင်းသည် ၄၇ဝ လီတာ ကျယ်ဝန်းပြီး စက်ဘီးနှင့် အခြား ပစ္စည်းများ တင်ဆောင်နိုင်သည်။
BMW X2 သည် Sport Activities Coupe တစ်စီးပုံစံပေါ် လွင်ပြီး အမြန်မောင်းနှင်နိုင်သော အသွင်ပုံစံကြောင့် လူငယ်များ အကြိုက်တွေ့နိုင်မည့် ကားပုံစံဖြစ် သည်။ Prestige Automobiles Co.,Ltd. မှ The first-ever BMW X2 ကားသစ်ကို အမေရိ ကန်ဒေါ်လာ ၁ဝ၂,၈ဝဝ မှ စတင် ရောင်းချနေပြီး Warranty ကာလ အဖြစ် သုံးနှစ် သတ်မှတ်ထား ေြကာင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here