Power Up With Mab and BMW Easy Loan အစီအစဉ်ဖြင့် BMW ကားအမျိုးအစား လေးမျိုး ရောင်းချပေး

417

ရန်ကုန်၊ ဇွန်

Power Up With Mab and BMW Easy Loan အစီအစဉ်ဖြင့် BMW ကားအမျိုးအစား လေးမျိုးကို ရောင်းချပေးနေကြောင်း သိရသည်။

မိုးရာသီ ပရိုမိုးရှင်းဖြစ်သော Power Up With Mab and BMW Easy Loan အစီအစဉ်ဖြင့် BMW ကားသစ်များဖြစ်သည့် BMW X1 ၊ BMW X3 Series ၊ BMW 4 Series နှင့် The First-Ever BMW X3 ကားသစ်များကို ကားတန်ဖိုး ၁၀ ရာခိုင်နှုန်းသာ Down Payment ပေးသွင်းပြီး ၀ယ်ယူနိုင်ကြောင်း သိရသည်။ ပရိုမိုးရှင်းကာလအတွင်း အထူးအခွင့်အရေးအဖြစ် ငါးနှစ်အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်သလို Free Interest(Avg 1 Year) ၊ Free 1 Year Insurance ၊ BMW Lifestyle ပစ္စည်းများကို ၀ယ်ယူခွင့် ရရှိမည့် အမေရိကန်ဒေါ်လာ လေးထောင်တန်ဖိုးရှိ Gift Voucher ၊ ဓာတ်ဆီလီတာ 1000 Free နှင့် Warranty သုံးနှစ်ရရှိမည်ဖြစ်သည်။

Power Up With Mab and BMW Easy Loan အစီအစဉ်ဖြင့် BMW ကားများကို ရောင်းချပေးရာတွင် BMW X1 ကို အမေရိကန် ဒေါ်လာ ၉၆,၈၀၀၊ BMW X2 ကို အမေရိကန်ဒေါ်လာ ၁၀၂,၈၀၀ မှ ၁၁၈,၀၀၀ ကြား၊ BMW 3 Series ကို အမေရိကန်ဒေါ်လာ ၉၅,၈၀၀ နှင့် BMW 4 Series ကို အမေရိကန်ဒေါ်လာ ၁၃၃,၈၀၀ ဈေးသတ်မှတ်ထားပြီး Warranty ကီလိုမီတာ ခြောက်သောင်း၊ သို့မဟုတ် ငါးနှစ် Free Maintenance ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here