Power Eleven ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင်အချို့ပိုင်ဆိုင်သော ယာဉ်များ ပြန်လည်ရောင်းချရန် တင်ပြထား

651

ရန်ကုန်၊ ဇူလိုင် ၃၁
Power Eleven အများနှင့်သက် ဆိုင်သော ယာဉ်လိုင်းကုမ္ပဏီလက် အောက်တွင် ပြေးဆွဲနေသည့် ယာဉ် ပိုင်ရှင်များက ၎င်းတို့ ပိုင်ဆိုင်သော ယာဉ်များကို ကုမ္ပဏီထံ ပြန်လည် ရောင်းချရန် တင်ပြထားကြောင်း သိရသည်။
Power Eleven အများနှင့် သက်ဆိုင်သော ယာဉ်လိုင်းကုမ္ပဏီ အနေဖြင့် ငွေကြေးစီမံခန့်ခွဲမှု အား နည်းသည်ဟုဆိုကာ YRTA ထံ တိုင်ကြားခဲ့သော ယာဉ်ပိုင်ရှင် ၁၇ ဦးသည် ၎င်းတို့ပိုင်ဆိုင်သော ယာဉ် များကို ကုမ္ပဏီထံ ပြန်လည်ရောင်း ချရန် စျေးနှုန်းနှင့်တကွ အဆိုပြု တင်ပြထားကြောင်း သိရသည်။
‘‘ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုကို မကျေနပ်လို့ဆိုပြီး YRTA ကို တင်ပြထားတဲ့ ယာဉ်ပိုင်ရှင် ၁၇ ဦး ရှိပါတယ်၊ Power Eleven ကုမ္ပဏီ အနေနဲ့ ဝန်ဆောင်မှုကို အဓိက ထားတဲ့အတွက် ငွေကြေး အမြတ် အစွန်း အများကြီး မရတာမျိုး ရှိ တယ်၊ ဒါကြောင့် အဆင်မပြေတဲ့ ယာဉ်ပိုင်ရှင်တွေက ကားတွေ ပြန် ရောင်းရင် ကုမ္ပဏီကနေ ဝယ်ဖို့ အတွက် စီစဉ်နေပါတယ်၊ တိုင် ကြားထားတဲ့ ယာဉ်ပိုင်ရှင်တွေ ပိုင် ဆိုင်တဲ့ကား ၃၅ စီး ရှိပါတယ်၊ ဇူလိုင်လကုန်အထိ ရောင်းဖို့တင်ပြ ထားတဲ့ ကား ၁၂ စီး ရှိပါတယ်’’ဟု ‘Power Eleven အများနှင့် သက်ဆိုင်သော ယာဉ်လိုင်းကုမ္ပဏီ’ မန်နေဂျင်း ဒါရိုက်တာ ကို တရုတ်လေးက ပြောသည်။
ယင်းကဲ့သို့ ပြန်လည်ရောင်းချ ရန်အတွက် အဆိုပြုတင်ပြရာတွင် တစ်စီးလျှင် ကျပ်သိန်း ၂၅ဝ မှ သိန်းသုံးရာကျော်အထိ မိုဒယ်နှင့် အမျိုးအစားအလိုက် တင်ပြထား ကြပြီး ကုမ္ပဏီဘက်မှ ကာလတန်ဖိုး နှင့်အညီ ဝယ်ယူရန် စီစဉ်နေကြောင်း သိရသည်။
Power Eleven အများနှင့် သက်ဆိုင်သော ယာဉ်လိုင်းကုမ္ပဏီ လက်အောက်တွင် ပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင် ၁၇ ဦးက ငွေကြေး စီမံခန့်ခွဲမှု အားနည်းသည်ဟု ဆိုကာ ဇူလိုင်လဆန်းပိုင်းက YRTA ထံ တင်ပြထားခြင်း ဖြစ်သည်။ Power Eleven အများပိုင် ယာဉ် လိုင်း ကုမ္ပဏီသည် ၂၁ ယာဉ်လိုင်း ကို ယာဉ်အစီးရေ ၈၃ စီးဖြင့် တာဝန်ယူ ပြေးဆွဲနေခြင်း ဖြစ်သည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here