Photochromatic နည်းပညာသုံး နေကာပြား Electronic Smart Sun Visor

80

 

စူးရှတောက်ပသော အလင်းရောင်သည် ယာဉ်မောင်းသူ၏ မျက်လုံးအိမ် အမြင်လွာပေါ်သို့ကျရောက်ပြီး မျက်စိပြာသွားစေသည်။ မျက်စိပြာသွား သော ယာဉ်မောင်းသည် တစ်ခဏတာအတွင်း မြင်နိုင်စွမ်းအား ကျဆင်း သွားပြီး အချို့သောအရာဝတ္ဃုများကို ရုတ်တရက်မမြင်တော့ပါ။ ယာဉ် မောင်းသူတစ်ဦးသည် ရှေ့လေကာမှန်ကို ဖြတ်သန်း ဝင်ရောက်လာသော တောက်ပစူးရှသည့် အလင်းတန်းများ၊ နေရောင်ခြည်များ၊ ကားမီးကြီး အလင်းတန်းများကြောင့် ယာဉ်မောင်းနေစဉ် အမြင်အာရုံ အနှောင့် အယှက်ဖြစ်ရသည်။ ယာဉ်မောင်းသူ၏အမြင်အာရုံကို ထိခိုက်နှောင့်ယှက် မှုကြောင့် မတော်တဆ ယာဉ်တိုက်မှုဖြစ်ရန် တွန်းပို့နေသကဲ့သို့ ရှိသည်။
မနက်စောစော ကားမောင်းနေစဉ် နေထွက်ရာအရှေ့ဘက်စူးစူးသို့ ကားလမ်းက ဦးတည်နေပါက မနက်ပိုင်းပြူထွက်လာသော နေအလင်း ရောင်သည် ယာဉ်မောင်းသူနှင့် မျက်နှာချင်းဆိုင်ဖြစ်၍ မျက်လုံးထဲ တန်းဝင်နေသည်။ မျက်လုံးကို နေရောင်ခြည် တိုက်ရိုက်ထိုးခြင်းမှ ကာ ကွယ်ရန် ကားများတွင် နေကာပြား(Sun Visor)ကို တပ်ဆင်ပေးထားသည်။ နေကာပြားကို ကားအမိုးမျက်နှာကြက်တွင် ခေါက်သိမ်းထားနိုင်ပြီး လိုအပ် ချိန်တွင် ကားမှန်ရှေ့သို့ ဆွဲချနိုင်သည်။ ခေတ်ဟောင်းကားများတွင် နေကာပြား ကို ရိုးရှင်းစွာ တပ်ဆင်ထားသည်။
အီလက်ထရွန်းနစ် နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာသော ၂၁ ရာစု ခေတ်တွင် ရှေးရိုးနေကာပြားကိုအလှဆင်ပြီး မှန်ကြည့်ရန်နှင့် ဖျော်ဖြေမှု များကြည့်ရှုခံစားနိုင်ရန် အသုံးချလာကြသည်။ နေကာပြားပေါ်တွင် နေရာ လွတ်မထားတော့ဘဲ အသုံးမဝင်ဖြစ်နေသော နေကာပြားတစ်ဖက် မျက် နှာပြင်တွင် အီလက်ထရွန်းနစ်ပစ္စည်းများ တပ်ဆင် အသုံးပြုလာကြသည်။ ခုနစ်လက်မ LCD မော်နီတာနှင့် DVD Player တို့ တပ်ဆင်ထားသော ခေတ်သစ်နေကာပြားများကို ကားပစ္စည်းစျေးကွက်၊Aftermarket Accessory ပစ္စည်းများတွင် ဝယ်ယူရရှိနိုင်သည်။ ရှေးဟောင်းကားများတွင် ခေတ်မမီတော့သော နေကာပြားများနေရာ၌ ခေတ်ပေါ်အီလက်ထရွန်းနစ် ဖျော်ဖြေရေးကိရိယာများပါသော Smart Sun Visor များကို အစားထိုး လဲလှယ်တပ်ဆင်နိုင်သည်။
သာမန်ရိုးရိုး နေကာပြားတစ်ချပ်သည် ယာဉ်မောင်းသူ၏ မျက်နှာနှင့် မျက်လုံးများပေါ်သို့ နေရောင်ခြည်အလင်းတန်း တိုက်ရိုက်ကျရောက်ခြင်းကို ကာထားရန်သာဖြစ်သည်။ ရိုးရိုးနေကာပြားသည် ပလတ်စတစ်ပြား၊ ဖိုင် ဘာပြားတစ်ချပ်သာဖြစ်၍ အလင်းတန်းကို လုံးဝမဝင်ရအောင် ထီးကဲ့သို့ ကာလိုက်ခြင်းသာ ဖြစ်သည်။ အလင်းတောက်ပမှုကို မှေးမှိန်လျော့ ကျသွားအောင်လုပ်ပြီး စူးရှသောအလင်းရောင်ကြောင့် မျက်စိစူးခြင်း၊ မျက်စိပြာခြင်းကို ကာကွယ်ပေးသောစနစ်မျိုး မဟုတ်သေးပါ။
အီလက်ထရွန်းနစ် နေကာပြားဆိုသည်မှာ အလင်းတောက်ပမှုကို အာရုံခံဆင်ဆာများက ထောက်လှမ်းပြီး ကွန်ပျူတာသို့ သတင်းပို့ကာ အလင်းရောင်စူးရှမှုကို လျော့ကျမှေးမှိန်သွားအောင် ကွန်ပျူတာကပင် အလိုအလျောက် ထိန်းညှိပေးသော အဆင့်မြင့်နည်းပညာ ဖြစ်ပါသည်။ အလင်းရောင် သက်ရောက်မှု အနည်းအများအပေါ်မူတည်၍ အရောင် ပြောင်းလဲသွားနိုင်သော မှန်ကို Photochromatic Glass ဟု ခေါ်ပါသည်။ အကောင်းစား နေကာမျက်မှန်များသည် ခရမ်းလွန်ရောင်ခြည်ကို ကာ ကွယ်နိုင်ပြီး Photochromatic နည်းပညာကို အသုံးချထား၍ ပူလောင် စူးရှသော နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်ပါသည်။
မနက်စောစော နေထွက်ချိန်တွင် အရှေ့ဘက်စူးစူးသို့ မျက်နှာမူ၍ ကားမောင်းပါက မျက်နှာနှင့် မျက်စိသို့ နေရောင်ခြည်တည့်တည့် တိုးဝင် ပါသည်။ ထိုနည်းအတူ ညနေစောင်းနေကျချိန်တွင် အနောက်ဘက်စူးစူးသို့ ဦးတည်ထားသော ယာဉ်လမ်းကြောင်းအတိုင်း မောင်းနှင်ပါက စူးရှပြင်းထန် သော နေရောင်ခြည်သည် ယာဉ်မောင်းမျက်လုံးအစုံသို့ တန်းတန်းမတ်မတ် တိုးဝင်လာပါသည်။ ညနေပိုင်း နေအလင်းရောင်က ပို၍တောက်ပပြီး ယာဉ်မောင်းသူတို့ကို များစွာဒုက္ခပေးပါသည်။ စူးရှပြင်းထန်သော နေ အလင်းတန်းများက ယာဉ်မောင်းသူတို့၏ မျက်စိနှစ်ကွင်းကို တိုးဝင်ပါက မျက်စိများပြာသွားပြီး လမ်းပေါ်မှ အခြားအရာများ၊ လူများ၊ စက်ဘီး ဆိုင်ကယ်များ၊ လမ်းဖြတ်ကူးသူများကို ကောင်းကောင်းမမြင်နိုင်တော့ပါ။ ယာဉ်မောင်းသူ၏အမြင်အာရုံလွဲမှားမှုသည် ယာဉ်တိုက်မှုကို တွန်းပို့ပေး နေသော အခြေအနေမျိုး ဖြစ်ပါသည်။
ယနေ့ခေတ်ပေါ် အမြင့်ကားများတွင် ယာဉ်မောင်းသူ၏ အမြင်အာရုံ ကို ထိခိုက်စေသော အခက်အခဲများကို အီလက်ထရွန်းနစ်နည်းပညာမြင့် နေကာပြား၊ နေကာကိရိယာပစ္စည်းဖြင့် ဖြေရှင်းနိုင်ပါသည်။ Photochromatic Technology ခေါ် အလင်းပြင်းအားအလျောက် မှန်အရောင်ပြောင်း လဲပေးနိုင်သော နည်းပညာကိုအသုံးချပြီး အီလက်ထရွန်းနစ် အလင်းမှိန် ကျသွားစေနိုင်သော နေကာကိရိယာကို တပ်ဆင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
အဆင့်မြင့် Smart Sun Visor နည်းပညာများ ပေါ်ထွက်လာခြင်းသည် လေကြောင်းပျံသန်းရေးနယ်ပယ်မှ စတင်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်မှူး ပိုင်းလော့တစ်ဦးသည် လေယာဉ်ပျံသန်းစဉ် နေရောင်ခြည်အလင်းတန်းနှင့် မျက်နှာချင်းဆိုင်တည့်တည့် ကျရောက်သော ဦးတည်ရာလမ်းကြောင်း အတိုင်း ပျံသန်းရသည့်အခြေအနေများနှင့် ရင်ဆိုင်ရလျှင် နေရောင်ခြည် ကြောင့် လေယာဉ်မှူး၏မြင်နိုင်စွမ်းအားကို မထိခိုက်အောင် ကာကွယ် ရသည်။ အလင်းတန်းထိန်းချုပ်သော နည်းပညာများ ပေါ်ပေါက်လာ၍ Smart Glass ခေါ် အလင်းကို တုံ့ပြန်ကစားနိုင်သော အထူးမှန်များ ပြုလုပ်လာနိုင်သည်။ အီလက်ထရွန်းနစ်နည်းဖြင့် အလင်းမှိန်ကျ ကစား ပေးနိုင်သော နေကာပြားများကို လေယာဉ်နှင့်ရဟတ်ယာဉ်များတွင် စတင် သုံးစွဲခဲ့သည်။Vision System အမြင်စနစ်နည်းပညာများကို သုတေသန ပြု၍ လေကြောင်းပျံသန်းရေး၊ ရေကြောင်းသွား သငေ်္ဘာများနှင့် မော် တော်ယာဉ်များတွင် အီလက်ထရွန်းနစ် နေကာပြား ခေါ် နေရောင်ကာ ကိရိယာများကို အသုံးပြုလာနိုင်သည်။
မော်တော်ယာဉ်များတွင် နေ့အချိန်သာမက ညပိုင်းတွင်လည်း အလင်းပြင်းအားကောင်းသော ရှေ့ကားမီးကြီးများကြောင့် ယာဉ်မောင်း သူ၏ အမြင်အာရုံကို ထိခိုက်စေသည်။ မျက်နှာချင်းဆိုင်မှ ထိုးလာသော ကားမီးရောင်သည် မိုးရေစက်များတင်နေသော ကားလေကာမှန်နှင့် ထိတွေ့ပါက အလင်းဖြာပြီး ယာဉ်မောင်းသူကို ဒုက္ခပေးပါသည်။ တစ် ကိုယ်ကောင်းဆန်ပြီး ကျင့်ဝတ်မလိုက်နာသည့် အချို့သော ယာဉ်မောင်း များကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည်။ Anti-glare Visor က စူးရှ တောက်ပသောအလင်းတန်းများ ဝင်မလာစေရန် ကာကွယ်ပေးသည်။
Volkswagen မှ တီထွင်လိုက်သော Electronic Anti-glare System (အီလက်ထရွန်းနစ် အလင်းမှေးမှိန်စေသောစနစ်)တွင် ကွန်ပျူတာ ထိန်းချုပ်မှုနှင့် မှန်၏အရောင်ကို ရင့်သွားစေခြင်းဖြင့် တောက်ပစူးရှသော အလင်းတန်းများ ယာဉ်မောင်းသူ၏မျက်စိသို့ ထိတွေ့မှုမရှိစေရန် တား ဆီးပေးသည်။ နေရောင်ခြည်အခြေအနေနှင့် ယာဉ်မောင်းသူ၏ မျက်လုံး အနေအထားကို အာရုံခံဆင်ဆာများက ထောက်လှမ်းအာရုံခံပြီး ကွန်ပျူ တာသို့ သတင်းပေးပို့သည်။ ကွန်ပျူတာတွက်ချက်ပြီး မှန်အတွင်း၌ Dark Spot များဖြစ်ပေါ်စေကာ နေရောင်ခြည်ကို မျက်စိတွင်း စူးမဝင်စေရန် တားဆီးပေးသည်။ Electronic Matix နည်းကိုသုံး၍ နေရောင်ခြည် အလင်းတန်းကို မှေးမှိန်သွားစေခြင်းဖြင့် စူးရှတောက်ပသောအလင်းများကို ကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။
အနာဂတ်တွင် အီလက်ထရွန်းနစ်နည်းပညာများ ပိုမိုတိုးတက်လာ ပါက မော်တော်ယာဉ်ဆိုင်ရာ အမြင်စနစ်များ ပိုမိုကောင်းမွန်လာပြီး ခရမ်း လွန်ရောင်ခြည်အလင်းတန်းများကို ကာကွယ်နိုင်သော၊ တောက်ပ စူးရှ ပူလောင်သည့်အလင်းများ အလွယ်တကူ ထိုးဖောက်မဝင်ရောက်နိုင်သော၊ ခရီးသည်နှင့်ယာဉ်မောင်းသူတို့၏ မျက်စိအမြင်အာရုံကို ကာကွယ်ပေးနိုင် သော Electronic Smart Glass များ ေပါ်ထွန်းလာမည်ြဖစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here