Peugeot Myanmar မှ Peugeot ကားများကို ဝန်ထမ်းပါမစ်များဖြင့် စတင်ဝယ်ယူနိုင်ပြီဖြစ်

149

 

ရန်ကုန်၊ ​အောက်တိုဘာ ၁၆

Peugeot Myanmar မှ Peugeot ကားများကို ဝန်ထမ်းပါမစ်များဖြင့် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် Peugeot Myanmar မှ Peugeot ကားများအား ဝန်ထမ်းပါမစ်ဖြင့်မဟုတ်ဘဲ ပုံမှန် ဝယ်ယူသည့် Customer များကိုလည်း အထူး Promotion အစီအစဥ်များဖြင့် အောက်တိုဘာလကုန်အထိရောင်းချမည်ဖြစ်​သည်။

“ဒီလထဲမှာတော့ Peugeot ကားတွေကို ဝန်ထမ်းပါမစ်နဲ့ စတင်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်၊ ဒါ့ပြင် တခြားဝယ်ယူသူ​တွေအတွက်ကိုလည်း Showroom မှာ Register လုပ်ပြီး အသက်သာဆုံးသော ဘဏ်တိုးနှုန်းစနစ်၊ နှစ်ရှည်အရစ်ကျစနစ်၊ ငွေသား Discount ၊ After-sales Promotion အစီအစဉ်တွေ ရရှိမှာဖြစ်ပါတယ်”ဟု Peugeot Myanmar မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Peugeot Myanmar မှ Peugeot ကားများ ဝယ်ယူမည်ဆိုပါက Peugeot 5008 ကို အမေရိကန် ဒေါ်လာ ၅၉,၉၀၀၊ Peugeot 3008 ကို အ​မေရိကန်​ဒေါ်လာ ၅၅,၉၀၀ ဖြင့် ရောင်းချနေပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here