Peugeot ကားများကို ဇွန်လအတွင်း အထူးအစီအစဉ်များဖြင့် ရောင်းချမည်

206

 

ရန်ကုန်၊ ဇွန် ၁၅
Peugeot Myanmar မှ Peugeot Customer များအတွက် လတ်တလော ဖြစ်ပွားနေသည့် Covid-19 ရောဂါများကြောင့် ဇွန်လအတွင်း အထူးအစီအစဉ်အဖြစ် Online System များဖြင့် အိမ်အ ရောက် ကားပြပေးမည်ဖြစ်သည်။

ဒီဇိုင်းပိုင်း၊ Performance နှင့် Safety ပိုင်းများကြောင့် နိုင် ငံတကာ ဆုတံဆိပ်ပေါင်း ခြောက် ဆယ်ကျော် ရရှိထားသည့် Peugeot 3008 သည် ငါးယောက်စီး SUV ကား အမျိုးအစားဖြစ်ပြီး 5008 သည် ခုနစ်ယောက်စီး ကား အမျိုးအစား ဖြစ်သည်။

Peugeot 3008 နှင့် 5008 ကို 1.6L (Gasoline) အင်ဂျင် အ သုံးပြုထားသည့်အတွက် ဆီစားနှုန်းသက်သာပြီး အင်ဂျင်လုပ်ဆောင် ချက်များကို နှစ်ဆ တိုးမြှင့်ပေးနိုင် သည့် Turbocharger နှင့် တွဲဖက် လုပ်ဆောင်ပေးနိုင်သည်။

ပရိုမိုးရှင်း ကာလအတွင်း Peugeot SUVs ကားများကို အရစ်ကျ ဝယ်ယူလိုပါက သုံးလ တိတိ လစဉ်ကြေး ပေးသွင်းစရာ မလိုသည့် Own a Peugeot with $0 ကိုရရှိမည် ဖြစ်သည့်အပြင် သုံးလတိတိ အရစ်ကျလစဉ်ကြေးအခမဲ့၊ သက်သာသော ၁ဝ ရာခိုင်နှုန်းဘဏ် အတိုးနှုန်း၊ ကနဦးပေးသွင်းငွေ ကား တန်ဖိုး ၁ဝ ရာခိုင်နှုန်း၊ ခုနစ်နှစ် အရစ်ကျစနစ်တို့ ပါဝင်မည်ဖြစ်သည်။

“အခုလို အပြင်မထွက်သင့် တဲ့ အချိန်အခါအတွင်းမှာ လူကြီး မင်းတို့အနေနဲ့ ပြင်သစ် ကား အမျိုးအစား Peugeot SUVs တွေမှာ ဘယ်လိုနည်းပညာ၊ ဒီဇိုင်း ဖွဲ့စည်းမှုတွေနဲ့ ဖန်တီးထားသလဲ ဆိုတာကို လေ့လာရန်ဖြစ်စေ၊ ကား သစ်ဝယ်ယူဖို့ စိတ်ကူးရှိသည် ဖြစ်စေ Online ကနေ Form ဖြည့် လိုက်ရုံနဲ့ အိမ်အရောက် Sale Advisor တွေက Peugeot ကား တွေရဲ့ အားသာချက်၊ အထူး အ ခွင့်အရေးတွေနဲ့ ဝယ်ယူနိုင်မယ့် အစီအစဉ်တွေကို အသေးစိတ် ဆက်သွယ် ရှင်းပြပေးသွားမှာ ဖြစ် ပါတယ်”Peugeot Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Peugeot Myanmar မှ Peugeot ကားများ ဝယ်ယူမည် ဆိုပါက Peugeot 3008 ကို အမေရိကန်ဒေါ်လာ ၆၁,၇ဝဝ ဖြင့် လည်းကောင်း၊ Peugeot 5008 ကို အမေရိကန်ဒေါ်လာ ၆၆,၈၅ဝ ဖြင့် လည်းကောင်း ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here