Parallel and Series Hybrid Systems အပြိုင်လျှပ်စီးပတ်လမ်းနှင့် အတန်းလိုက်လျှပ်စီးပတ်လမ်း ဟိုက်ဘရစ်စနစ်များ

1405

ဟွန်ဒါမှာတော့ ဘတ်ကြိုး/ချိန်းကြိုးနဲ့ အဆက်မပြတ်မောင်းနှင်ပေးတဲ့ ဂီယာဘောက်စ် စစ်စစ်ဖြစ်တဲ့ CVT ဂီယာဘောက်စ်ကို သုံးတာ တွေ့ရပါတယ်။ ဒါကြောင့် ဟွန်ဒါ စနစ်မှာတော့ မိုတာဂျင်နရေတာ ယူနစ်နဲ့ ICE  တို့ဟာ ပင်မဝန်ရိုးကနေ ဘီးတွေဆီကို စွမ်းအင်ပို့လွှတ်ဖို့ တစ်လှည့်စီ အလုပ်လုပ်ပေးပါတယ်။ ဒီစနစ်ကြောင့် တိုယိုတာရဲ့ အဆင့်မြင့်တဲ့ ဟိုက်ဘရစ်စနစ်မှာကဲ့သို့ ဆီစားနှုန်းသက်သာမှုမရှိဘဲ ဆီစားနှုန်းများတာ ကိုလည်းတွေ့ရပါတယ်။ ဒါပေမဲ့ V-TEC (Valve Timing Electronic Control)  အင်ဂျင်အမျိုးအစားရှိတဲ့ ဟိုက်ဘရစ်ယာဉ်တွေမှာတော့ ဆီစားနှုန်းသက်သာမှု ရှိပါတယ်။ ဒီဟွန်ဒါ ဟိုက်ဘရစ် မိုတာဂျင်နေရတာယူနစ်ရဲ့ လက္ခဏာတစ်ခုကတော့ Flywheel Rotor ကို အနည်းငယ် ခွာထားတာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ထားတဲ့အတွက် Solid Metal Rotor ရဲ့ပတ်ပတ်လည်မှာ စွမ်းအင်ပြည့်ဝတဲ့ သံလိုက်စက်ကွင်းတစ်ခု ဖြစ်ပေါ်စေပါတယ်။ V-TEC စနစ်ကို ဆင့်ပွားထားတဲ့ ဆလင်ဒါတွေ ပိတ်/ဖွင့်လုပ်တဲ့စနစ်လည်း ဟွန်ဒါရဲ့ ဟိုက်ဘရစ်စနစ်မှာ ပါဝင်ပါသေးတယ်။ ဟွန်ဒါ ICE ရဲ့ ဆလင်ဒါသုံးလုံးဟာ အားပြန်သွင်းပေးတဲ့ ဘရိတ်စနစ်အတွင်းမှာ အလုပ်မလုပ်ဘဲ ပိတ်ထားပါတယ်။ ဒီလို ပိတ်ထားတာဟာ အလွန်အကျွံ ဘရိတ်နင်းတဲ့အတွက် HV ဘက်ထရီကို အားသွင်းနေတဲ့ မိုတာဂျင်နရေတာယူနစ်ရဲ့ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ မလိုလားအပ်တဲ့ အကျိုးဆက်တွေ မဖြစ်ပေါ်စေအောင် ကာကွယ်ပေးပါတယ်။

 

ဆလင်ဒါလေးလုံးထဲက သုံးလုံး အလုပ်မလုပ်တော့တဲ့အခါမှာ အဝင်လေဘားတွေ ကို ပိတ်ထားလိုက်တဲ့အတွက် ဆလင်ဒါအားလုံးဟာလည်း အလုပ်လုပ်ခြင်းမရှိတော့တာ ဖြစ်ပါတယ်။ ဟွန်ဒါ ICE ရဲ့ တခြားလက္ခဏာတစ်ခုကတော့ အင်ဂျင်တုန်ခါမှုနည်းစေဖို့ လျှပ်စစ်စနစ်ရဲ့ တည်ငြိမ်ခြင်းအပေါ်မှာ အမှီပြုထားခြင်းဖြစ်ပါတယ်။ မိုတာဂျင်နရေတာ တစ်ခုချင်းစီရဲ့ ကွိုင်တွေဟာ ICE  လည်ပတ်တဲ့အခါမှာ လွတ်လွတ်လပ်လပ် လည်ပတ် နိုင်အောင် ပြုလုပ်ထားပါတယ်။ ဟွန်ဒါရဲ့ ICE ဟာ အလွန်သေးငယ်ပါတယ်။ ၁ ဒသမ ၃ လီတာရှိတဲ့ ဓာတ်ဆီ အင်ဂျင်အသေးလေးဟာ တုန်ခါမှုအတော်အသင့်ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်လည်း လျှပ်စစ်စနစ်ရဲ့ အကူအညီထိန်းချုပ်မှုနဲ့ တည်ငြိမ် အောင်ပြုလုပ်ထားရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဟွန်ဒါမှာ ဟိုက်ဘရစ်စနစ်ကို ပိတ်လိုက်တဲ့အခါတိုင်း လျှပ်စစ်စနစ်ထိန်းချုပ်မှု အကူအညီဟာ ရပ်ဆိုင်းသွားတဲ့အတွက် ICE ဟာ တုန်ခါမှု ဖြစ်ပေါ်လာမယ်ဆိုတာကို သိရှိထားရမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here