Omni Focus ယာဉ်လိုင်းများထဲမှ ယာဉ်လိုင်းနံပါတ် ၂၀ ဇွန် ၁ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်၊ ကျန်ယာဉ်လိုင်းများအားလုံး လမကုန်မီပြေးဆွဲမည်

221

 

ရန်ကုန်၊ မေ ၃၁

Omni Focus ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲနေသည့် ယာဉ်လိုင်းများထဲမှ ယာဉ်လိုင်းနံပါတ် ၂၀ ကို ဇွန် ၁ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး ကျန်ယာဉ်လိုင်းများအားလုံးကို လမကုန်မီ ပြေးဆွဲရန် စီစဉ်နေကြာင်း သိရသည်။

Covid-19 ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက်ပိုင်း ခရီးသည်သွားလာမူကျဆင်းခြင်းနှင့် ရောဂါပိုးအန္တရာယ်ကာကွယ်ရန်အတွက် Omni Focus ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲသည့် ယာဉ်လိုင်း ရှစ်လိုင်းကို ရပ်နားထားခဲ့ရာ ဇွန် ၁ ရက်တွင် ယာဉ်လိုင်းနံပါတ် ၂၀ ကို ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။ ထို့နောက် ကျန်ယာဉ်လိုင်း ခုနစ်လိုင်းကို ဇွန်လအတွင်း ပြန်လည်ပြေးဆွဲနိုင်ရန်အတွက် စီစဉ်နေကြောင်း Omni Focus ကုမ္ပဏီမှ သိရသည်။

“ဇွန် ၁ ရက်မှာ ယာဉ်လိုင်းနံပါတ် ၂၀ ကို ပြန်ပြေးဆွဲမယ်၊ ကနဦး ယာဉ် ၁၅ စီးနဲ့ ပြေးဆွဲမယ်၊ ခရီးသည်လိုအပ်ချက်အပေါ်မူတည်ပြီး အစီးရေ ထပ်တိုးဖို့လည်း ရှိပါတယ်၊ အချိန်ကတော့ နံနက် ၅ နာရီကနေ ည ၉ နာရီ အထိ ပြေးဆွဲပေးဖို့စီစဉ်ထားပါတယ်၊ ၂၀ ယာဉ်လိုင်းပြေးဆွဲပြီးတာနဲ့ ကျန်တဲ့ယာဉ်လိုင်းတွေကိုတော့ တဖြည်းဖြည်းပြန်လည်စတင်ပြေးဆွဲမယ်၊ ကုမ္ပဏီက ယာဉ်လိုင်းအားလုံးကို ဇွန်လအတွင်းမှာပဲ အကုန်ပြေးဆွဲပေးဖို့စီစဉ်နေပါတယ် ” ဟု Omni Focus General Services Public Co., LTD မန်နေဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။

ယာဉ်လိုင်းပြေးဆွဲရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီပြေးဆွဲသွားမည်ဖြစ်ပြီး ယာဉ်အစီးတိုင်းတွင် ရေမလိုလက်သန့်ဆေးရည်(Antibacterial Hand Sanitizer)များ ထားရှိပေးမည်ဖြစ်ပြီး စီးနင်းသည့် ခရီးသွားပြည်သူများအနေဖြင့် Mask တပ်ခြင်း၊ Social Distancing ပြုလုပ်စီးနင်းခြင်းတို့အတွက် အသိပေးကြပ်မတ်ဆောင်ရွတ်မည်ဖြစ်ကြောင်း သိရသည်။ Omni Focus ကုမ္ပဏီမှ Airport Shuttle Bus ယာဉ်လိုင်းနှင့် YBS ၂၀၊ ၈၂၊ ၈၃၊ ၉၉၊ ၉၈၊ ၁၀၁၊ ၅၆ ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲပေးနေခြင်း ဖြစ်သည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here