OMNI FOCUS ကုမ္ပဏီမှ ဒုတိယမြောက် Airport Shuttle ကို လေဆိပ်နှင့် အဝေးပြေးကားဂိတ် နှစ်ခု ချိတ်ဆက်ပြေးဆွဲမည်

221

ရန်ကုန်၊ နိုဝင်ဘာ
OMNI FOCUS ကုမ္ပဏီမှ ဒုတိယမြောက် Airport Shuttle ကို လေဆိပ်နှင့် အဝေးပြေးကားဂိတ် နှစ်ခု ချိတ်ဆက်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အောင်မင်္ဂလာအဝေး ပြေး ယာဉ်ရပ်နားဝင်း၊ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားဝင်းတို့ကို ချိတ်ဆက်ပြေးဆွဲမည့် Airport Shuttle ယာဉ်လိုင်းအသစ်ကို ယခု လအတွင်း ယာဉ်အစီး နှစ်ဆယ်ဖြင့် စတင်ပြေးဆွဲမည် ဖြစ်သည်။

“လက်ရှိပြေးဆွဲနေတဲ့ Airport Shuttle Bus အမည်နဲ့ပဲ အဝေးပြေးဝင်းနှစ်ခုကို လေဆိပ်နဲ့ ချိတ်ဆက်ပြေးဆွဲမှာ ဖြစ်ပါတယ်၊ ပြေးဆွဲခွင့်ကျထားပြီးဖြစ်လို့ လမ်း ကြောင်းရေးဆွဲတာနဲ့ အောင်မင်္ဂ လာအဝေးပြေးဝင်းမှာ ယာဉ်ရပ်နားဖို့နေရာအတွက် သက်ဆိုင်ရာဌာန နဲ့ ညှိနှိုင်းနေပါတယ်၊ ဒီလအတွင်း ပြေးဆွဲနိုင်မယ်လို့ မျှော်မှန်းထား ပါတယ်”ဟု OMNI FOCUS GENERAL Services Public Co,Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောသည်။

OMNI FOCUS ကုမ္ပဏီမှ လေဆိပ်အခြေပြု ယာဉ်လိုင်း Airport Shuttle Bus ကို ၂ဝ၁၈ ခုနှစ်၊ ဇွန် ၂၂ ရက်မှစ၍ လေဆိပ်-ဆူးလေ ခရီးစဉ်လမ်းကြောင်း တစ်လျှောက် ပြေးဆွဲခဲ့ပြီး ထပ်မံ၍ အောင်မင်္ဂလာ အဝေးပြေးကားဝင်း -လေဆိပ်-ဒဂုံဧရာ အဝေးပြေးကား ဝင်း လမ်းကြောင်းသစ်ကို ပြေးဆွဲမည် ဖြစ်သည်။ ထိုလမ်းကြောင်းသစ် အတွက် ယာဉ်စီးခကို ပုံမှန်အတိုင်း ကျပ် ငါးရာ သတ်မှတ်ထားသည်။ OMNI FOCUS ကုမ္ပဏီသည် YBS 56 ၊ YBS 20 ၊ YBS 82 ၊ YBS 83 ၊ YBS 98 ၊ YBS 99 ၊ YBS Airport Shuttle Bus စသည့် ယာဉ်လိုင်းများတွင် ယာဉ်အစီး သုံးရာကျော်ဖြင့် ပြေးဆွဲပေးနေ ကြောင်း သိရသည်။
ြကည်ြပာ

LEAVE A REPLY

Please enter your comment!
Please enter your name here