Off-Road နဲ့ လမ်းကြမ်းခရီးတွေကို အကောင်းဆုံး ဖြတ်ကျော်မောင်းနှင်နိုင်တဲ့ 2018 Ducati Scrambler

1279

 

လမ်းကြမ်းခရီးတွေမှာ Off-Road နဲ့ Jumping ဘီးတွေကို အင်ဂျင်ပါဝါကြီးကြီးနဲ့ မောင်းနှင်ချင်သူတွေအတွက် Ducati ရဲ့ Scrambler ဆိုင်ကယ်က အကောင်းဆုံးစွမ်းဆောင်ရည် ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။

Scrambler Ducati ဆိုင်ကယ်အမှတ်တံဆိပ်ကို ၁၉၆၂ ခုနှစ်မှာ အမေရိကန်စျေးကွက်အတွက် ဦးတည်ထုတ်လုပ် ရောင်းချခဲ့ပြီး ၁၉၆၈  ခုနှစ်ကစလို့ အီတလီနိုင်ငံမှာ ရောင်းချခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာတော့ Scrambler Ducati အမှတ်တံဆိပ်ကို ပြုပြင်ပြောင်းလဲခဲ့ပြီး Ducati က ထုတ်လုပ်တဲ့ Scrambler မော်တော်ဆိုင်ကယ်တွေဟာ ဒီဇိုင်းသွက်လက်ပေါ့ပါးမှုကြောင့် ဆိုင်ကယ်ချစ်သူ လူငယ်တွေအကြားမှာ တစ်ရှိန်ထိုး အောင်မြင်ကျော်ကြားခဲ့သလို ရေပန်းစားဆိုင်ကယ်တစ်စီးအနေနဲ့လည်း ရပ်တည်ခဲ့ပါတယ်။

Scrambler ရဲ့ တစ်မူထူးခြားချက်ကတော့ လူငယ်အများစုအကြိုက်တွေ့တဲ့ Freestyle အသွင်အပြင်တင်မကဘဲ Lifestyle တစ်ခုအနေနဲ့ပါ အကြိုက်တွေ့စေနိုင်တဲ့ ဆိုင်ကယ်အမျိုးအစားဖြစ်ပါတယ်။ အီတလီနိုင်ငံထုတ်ဖြစ်ပေမဲ့ နည်းပညာပိုင်းဆိုင်ရာအရ အမေရိကန်နဲ့ အီတလီနည်းပညာ နှစ်မျိုးပေါင်းစပ်ထုတ်လုပ်ထားတဲ့ ဒီဇိုင်းဖြစ်တာကြောင့် အရည်အသွေးမြင့် ဆိုင်ကယ်အနေနဲ့ အသိအမှတ်ပြုခံထားရတဲ့ ဆိုင်ကယ်အမျိုးအစားလည်း ဖြစ်ပါတယ်။

အင်ဂျင်ပါဝါ 803 CC ရှိပြီး အင်ဂျင်အမျိုးအစားအနေနဲ့ Euro 4  ၊ L-Twin ၊ Desmodromic Distribution ၊ 2 Valves Per Cylinder ၊ Aircooled အင်ဂျင်အမျိုးအစားဖြစ်ပါတယ်။ Classic ဒီဇိုင်းအနေနဲ့ ရိုးရိုးရှင်းရှင်းတည်ဆောက်ထားပြီး စပုတ်ဘီးပုံစံနဲ့ မီးခွက်ဝိုင်းပုံစံ ဖန်တီးထားပါတယ်။ လမ်းကြမ်းတွေမှာ Suspension ကစားလို့ကောင်းအောင် ရှေ့မားကတ်ကို ဘီးနဲ့ နေရာချဲပေးထားသလို ထူးခြားချက်အနေနဲ့ တခြား Classic ဘီးတွေနဲ့မတူဘဲ ချိန်ညှိလို့ရတဲ့ Fully Adjustable ဖောက် အသုံးပြုပေးထားပါတယ်။

Off-Road ဆိုင်ကယ်အမျိုးအစားဖြစ်တာကြောင့် ထိုင်ခုံအနေအထား အမြင့်ဆုံးဖြစ်ပြီး 860 mm အမြင့် ရှိပါတယ်။ ဒီဇိုင်းနဲ့ အရည်အသွေးကြောင့် Scrambler ဆိုင်ကယ်ကို မြို့တွင်း အသုံးပြုဖို့ထက် လမ်းကြမ်းခရီးနဲ့ Off-Road မောင်းနှင်သူတွေ ပိုပြီးအကြိုက်တွေ့စေပါတယ်။

လမ်းကြမ်းအသုံးပြုဖို့ အကောင်းဆုံးဖြစ်အောင် အရည်အသွေးမြင့် Pirelli SCORPION ပွိုင့်လုံးအကြီး တာယာအမျိုးအစားတွေ အသုံးပြုထားပါတယ်။ စက်သုံးဆီ ၁၃ ဒသမ ၅ လီတာဆံ့ ဆီတိုင်ကီပါရှိပြီး ကီလိုမီတာ တစ်ရာကို ၅ ဒသမ ၁ လီတာ အသုံးပြုနိုင်ပါတယ်။ ဆီစွမ်းအားမြင့်လေ၊ အင်ဂျင်ပါဝါကောင်းလေဖြစ်တာကြောင့် ဆီအသုံးပြုမှုအနေနဲ့ Octane 95 ဆီကိုပဲ အနိမ့်ဆုံးအသုံးပြုသင့်တယ်လို့ အကြံပြုထားပါတယ်။

ဆိုင်ကယ်တစ်စီးလုံးရဲ့ Dry Weight အနေနဲ့ 191 kg ရှိပြီး မြင်းကောင်ရေ ၇၃ ကောင်အား(54 KW) ထွက်ရှိပါတယ်။ အရည်အသွေးမြင့် Brembo ဘရိတ် အသုံးပြုထားပြီး ABS စနစ်ဖြစ်တာကြောင့် စလစ်ဖြစ်မှုကနေလည်း ကင်းဝေးစေနိုင်ပါတယ်။ အရောင်တွေအနေနဲ့ White Mirage ၊ Desert Slet Black Edition နဲ့ Red ဆိုပြီး အရောင်သုံးရောင်ထွက်ရှိရာမှာ White Mirage ကိုတော့ အကြိုက်တွေ့မှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here