ODYSSEY အရောင်းပြခန်းမှ  ADIXIN ဆိုင်ကယ်များကို သကြင်္န်ကာလပရိုမိုးရှင်းအဖြစ် မတ်လ ၃ဝ ရက်မှ ဧပြီလ ၁ဝ ရက်အထိ ကျပ်လေးသောင်း လျော့ချပေးသွားမည်

1034

မန္တလေး၊ မတ်

မန္တလေးမြို့ရှိ ADIXIN ဆိုင်ကယ်ဝယ်ယူသူများအတွက် သကြင်္န်ကာလပရိုမိုးရှင်းအဖြစ် မတ်လ ၃ဝ ရက်မှ ဧပြီလ ၁ဝ ရက်အထိ ကျပ်လေးသောင်း လျော့ချပေးသွားမည် ဖြစ်ကြောင်း ODYSSEY အရောင်းပြခန်းပိုင်ရှင် ဦးနေမင်းဦးက ပြောသည်။

တရုတ်နိုင်ငံ ADIXIN ကုမ္ပဏီထုတ် မည်သည့်ဆိုင်ကယ်အမျိုးအစားကိုမဆို လျှော့ချပေးသွားမည်ဖြစ်ပြီး အဆိုပါလျှော့ချမှုအား ADIXIN ၏ မည်သည့်ဆိုင်ခွဲတွင် ဝယ်သူမဆို အကျုံးဝင်ပြီး ယခင်က Online Coupon Code ပြမှသာ လျှော့ချပေးသော်လည်း ယခုနှစ်၌မူ ဆိုင်ကယ်ဝယ်ယူသူတိုင်းအား လျှော့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

”အရင်ကတော့ အွန်လိုင်းကနေကြေငြာတာ ဘယ်လောက်ထိရောက်လဲဆိုတာသိချင်လို့ Code ကိုပြောမှ လျှော့ပေးတာပါ၊ ခုတော့ ဝယ်တဲ့သူ ဘယ်သူကိုမဆိုလျှော့ပေးသွားမှာပါ၊သကြင်္န်ကာလမှာ အထူးပရိုမိုးရှင်းအနေနဲ့ ADIXIN ဆိုင်ခွဲတွေအားလုံး လျှော့ပေးသွားမှာပါ”ဟု ၎င်းက ပြောသည်။

မန္တလေးမြို့၌ ADIXIN ဆိုင်ကယ်အရောင်းဆိုင်ခွဲပေါင်း ၁၄ ဆိုင်ရှိပြီး အဆိုပါဆိုင်ခွဲများအားလုံး၌ သကြင်္န်ကာလပရိုမိုးရှင်းအဖြစ် ဝယ်ယူသူများအား ကျပ်လေးသောင်း လျှော့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ၌ ADIXIN ဆိုင်ကယ် အမျိုးအစားများအနေဖြင့် Click, Scoopy,Smash,Dream, Fino,MSX,CZI အပြင် ဆိုင်ကယ်ဘီးကြီးအပါအဝင် ဆိုင်ကယ် အမျိုးအစားများစွာ ထွက်ရှိပြီးအော်တိုဂီယာအမျိုးအစားဖြစ်သည့် Click နှင့် Scoopyမှာမန္တလေးမြို့၌ လူကြိုက်အများဆုံးဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံ ADIXIN ကုမ္ပဏီထုတ် Click ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၁ဝ သိန်းငါးသောင်း၊ Scoopy 110 ကျပ် ၁၂ သိန်း ငါးသောင်း၊ Scoopy 125 ကျပ် ၉ သိန်း ၉ သောင်း၊ Smash ကျပ် ၇ သိန်း ငါးသောင်း၊ Fino တစ်စီးလျှင် ကျပ် ၁ဝ သိန်း နှစ်သောင်းမှ ဆယ်သိန်းရှစ်သောင်း ဝန်းကျင်၊ MSX  ကျပ် ကိုးသိန်း ရှစ်သောင်းငါးထောင်နှင့် ADIXIN ဘီးကြီးတစ်စီးလျှင် ကျပ် ၁၇ သိန်းဝန်းကျင်တို့ရှိကြောင်း သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here