Ocado အွန်လိုင်း စူပါမားကတ် အနေဖြင့် အိမ်တိုင်ရာရောက် ကုန်ပစ္စည်းပို့ဆောင်ပေးရန် မောင်းသူ မဲ့ယာဉ်များကို စမ်းသပ်အသုံးပြုတော့မည်ဖြစ်ရာ ယခင်က ပစ္စည်း ပို့ဆောင်ပေးသော ယာဉ်မောင်းများ ၏ကဏ္ဍမှာ တဖြည်းဖြည်း မှေးမှိန် လာဖွယ်ရှိကြောင်း ဇွန် ၄ ရက်တွင် Daily Mail သတင်းဌာနက ရေး သားဖော်ပြခဲ့သည်။
မောင်းသူမဲ့ Van ကားများ အသုံးပြုခြင်းဖြင့် ပိုမိုဘေးကင်း လုံခြုံပြီး ကုန်ပစ္စည်းကို အချိန်မီ ပို့ဆောင် သွားနိုင်လိမ့်မည်ဟု Ocado က မျှော်လင့်ထားသည်။ Ocado ကုမ္ပဏီသည် တစ်ပတ်လျှင် ကုန်ပစ္စည်း အမယ်ပေါင်း ၁၇ဝ,ဝဝဝ ခန့်ကို ဝယ်ယူသူများထံ ပို့ဆောင်ပေးလျက်ရှိရာ မောင်းသူမဲ့ယာဉ်များဖြင့် လိုက်လံပို့ဆောင်မည်ဆိုပါက ကုန်ကျစရိတ်သက်သာသွားနိုင်သည်ဟု လက်လီအရောင်း လုပ်ငန်းကျွမ်းကျင်သူများက ဆိုသည်။ ၂ဝဝဝ ပြည့်နှစ်တွင် ဘဏ်လုပ်ငန်းရှင်သုံးဦး တည်ထောင်ခဲ့သည့် Ocado ကုမ္ပဏီသည် အွန်လိုင်း စူပါမားကတ်ဝန်ဆောင်မှုကို ဆောင်ရွက်သလို ၂ဝ၁၄ ခုနှစ် ကတည်းက အိမ်တိုင်ရာရောက် ကုန်ပစ္စည်းပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကိုပါ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ Ocado သည် မောင်းသူမဲ့ ယာဉ်များနှင့် ပတ်သက်ပြီး Oxford အခြေစိုက် Oxbotica နည်းပညာ ကုမ္ပဏီနှင့် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ကုန်ပစ္စည်းတင်ရန် အခန်း ငယ်ရှစ်ခန်း ပါဝင်သည့် မောင်းသူမဲ့ ပစ္စည်းပို့ကား ပစ္စည်းမှာယူသူထံ ရောက်ရှိပါက ပစ္စည်းရှိသည့်နေရာ ကို ညွှန်ပြမည့်မီး လင်းသွားမည် ဖြစ်ပြီး ဝယ်ယူသူအနေဖြင့် ကား ထဲမှ ပစ္စည်းကို ထုတ်ယူရမည် ဖြစ်သည်။ ယင်းစနစ်သည် အင် တာနက်မှတစ်ဆင့် ဈေးဝယ်ခြင်းနှင့် အိမ်တိုင်ရာရောက် ပစ္စည်းပို့ဝန် ဆောင်မှုများကို အားကိုးနေရသော သက်ကြီးရွယ်အိုများနှင့် မသန်စွမ်း သူများအတွက်မူ အဆင်မပြေနိုင် ဟု ဆိုသည်။ သို့သော် Ocado ကုမ္ပဏီအနေဖြင့် လူများအား ချက်ချင်း လက်ငင်း ဖယ်ရှားပစ်မည် မဟုတ်ဘဲ ကွန်ပျူတာက ယာဉ်မောင်းနှင်သည့်အလုပ်ကို ဆောင်ရွက်နိုင်ပြီး စားသုံးသူဝန်ဆောင်မှုကို လူကအာရုံစိုက်နိုင်ကြောင်း Ocado ကုမ္ပဏီ၏ နည်းပညာအကြီးအကဲ Paul Clarke က ပြောသည်။