Nissan Tan Chong Motor Myanmar မှ Stay Safe & Save Promotion အစီအစဉ်ဖြင့် စက်တင်ဘာလကုန်အထိ ကားများ ရောင်းချမည်

194

 

ရန်ကုန်၊ ဇူလိုင် ၁၅
Nissan Tan Chong Motor Myanmar မှ Stay Safe & Save Promotion အစီအစဉ်ဖြင့် စက် တင်ဘာလကုန်အထိ ကားများရောင်း ချမည်ဖြစ်ကြောင်း သိရသည်။

Stay Safe & Save Promotion အစီအစဉ်တွင် Nissan Sunny ၊ Nissan Navara Plus ၊ Nissan Terra တို့ ပါဝင်မည်ဖြစ် သည်။

“Promotion ကာလကို စက်တင်ဘာလကုန်အထိ ပေးထား တာဖြစ်ပြီး ကားဝယ်ယူတဲ့အခါကုန် ကျမယ့် လိုင်စင်၊ ဝင်ငွေခွန်၊ တစ်နှစ်စာအာမခံကြေးတွေကို Nissan Tan Chong Motor Myanmar ကနေ ကျခံပေးသွားမှာဖြစ်တဲ့အပြင် ကားအမျိုးအစားအလိုက် Cash Back အစီအစဉ်တွေလည်း ပါဝင် မှာ ဖြစ်ပါတယ်”ဟု Nissan Tan Chong Motor Myanmar မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

Nissan Tan Chong Motor Myanmar မှ Nissan Sunny ကို ကျပ် ၂၈၈ သိန်း၊ Nissan Navara Plus ကို အမေရိကန်ဒေါ်လာ ၃၈,၅ဝဝ မှ ၄၄၂ဝဝ အထိ၊ Nissan Terra ကို အမေရိ ကန်ဒေါ်လာ ၅၉,ဝဝဝ မှ ၆၂၈ဝဝ အထိဖြင့် ရောင်းချလျက်ရှိပြီး Stay Safe & Save Promotion အစီအစဉ်အနေဖြင့် Nissan Sunny အတွက် စုစုပေါင်း ၈၆၄,ဝဝဝ ကျပ်၊ Nissan Navara Plus အတွက် အမေရိကန်ဒေါ်လာ ၂,၅ဝဝ အထိ၊Nissan Terra အတွက် အမေရိကန်ဒေါ်လာ ၃,၄ဝဝ အထိ အထူးသက်သာခွင့်များ ရရှိ မည်ဖြစ်သည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here