Nissan Patrol

145

ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Nissan ဟာ လေးဘီးယက်စွမ်းအားမြင့် ယာဉ် SUV အမျိုးအစား Nissan Patrol ကို ၁၉၅၁ ခုနှစ်ကနေ စတင် ထုတ်လုပ်လာတာ လက်ရှိအချိန်အထိဆိုရင် ၆၈ နှစ်တိုင် ရှိနေပါပြီ။ ဆယ်စုနှစ် ခုနစ်ခုနီးပါးတိုင် အောင်အောင်မြင်မြင် ဖြတ်သန်းနေတာကိုကြည့်ရင် Nissan Patrol ကို Customer တွေက ယုံယုံကြည်ကြည် အားပေးနေတယ်ဆိုတာ ထင်ရှားပါတယ်။ Nissan Patrol ဟာ လက်ရှိမှာ ဆဋ္ဌမ မျိုးဆက်အထိ ရောက်ရှိနေပြီး 2020 Version အဖြစ် ရောင်းချလျက် ရှိပါတယ်။
2019 Nissan Patrol မှာ Ti-L , Ti ဆိုတဲ့ Trim Level နှစ်မျိုး ရရှိနိုင်ပြီး Ti-L ဈေးပိုကြီးပါတယ်။ Ti က လူရှစ်ယောက် လိုက်ပါစီး နင်းနိုင်ပြီး Ti-L ကတော ခုနစ်ယောက်စီး ဖြစ်ပါတယ်။Trim Level နှစ် မျိုးစလုံးမှာ မြင်းကောင်ရေ ၄၂ဝ အား VK56VD 5.6 Liter V8 ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားပြီး 7- Speed Automatic Transmisson with Manual Mode ဖြစ်ပါတယ်။ ၂ဝ၁၉ မိုဒယ်ရဲ့ စွမ်းအင် ထုတ်လွတ်နိုင်မှု ဟာ Patrol မိုဒယ် အားလုံးထဲမှာ အ မြင့်မားဆုံး လည်း ဖြစ်ပါ တယ်။ မြို့တွင်း လမ်းမတွေရော၊ ခရီး ကြမ်းလမ်းတွေမှာပါ သက်သောင့်သက်သာ မောင်း နှင်နိုင်အောင် Independent Suspension ဆိုင်းထိန်းစနစ်နဲ့ တည်ဆောက်ထားပါတယ်။
ဒါကြောင့် ဘယ်လို လမ်းကြမ်းတွေမှာမဆို ကားဆောင့်တဲ့ဒဏ်က နေ သက်သာစေဖို့ Independent Suspension ဆိုင်းထိန်းစနစ်က ကူ ညီပေးမှာပါ။ နောက်ဘီးယက်၊ ဒါမှမဟုတ် လေးဘီးယက် စနစ်နှစ်မျိုးနဲ့ ရနိုင်ပြီး Sand , Snow , Rock , ESC စတဲ့ မောင်းနှင်မှုပုံစံ အမျိုးမျိုး ရှိတာကြောင့် ကျောက်ခင်းလမ်း၊ ရွံ့လမ်း၊ သဲလမ်း၊ နှင်းဖုံးနေတဲ့လမ်း တွေတင်မက ချောင်းငယ်၊ မြောင်းငယ်တွေမှာပါ ဖြတ်သန်းမောင်းနှင်နိုင် ပါတယ်။ ထိုင်ခုံသုံးတန်းလုံးကို အဆင့်မြင့် Leather တွေနဲ့ ချုပ်လုပ် ထားပြီး ရှေ့ခန်းထိုင်ခုံတွေနဲ့ စတီယာရင်ကို အနွေးဓာတ်ပေးနိုင်ပါတယ်။ ကားအတွင်းခန်းကို Wood Trim , Aluminium Trim ဆိုပြီး စိတ်ကြိုက် ရွေး ချယ်ခွင့် ပေးထားပါ တယ်။
Center Console အပေါ် ဆုံးမှာ မျက်နှာပြင်အကျယ် ရှစ်လက်မ ရှိတဲ့ Color Touch Screen ရှိပြီး Navigation System , iPod Connection , AM / FM Radio , Bluetooth , CD / DVD တို့ကို လုပ်ဆောင်နိုင်ပါတယ်။ ရှေ့ခုံတွေရဲ့ အနောက် ဘက်မှာ မျက်နှာပြင် အကျယ် ရှစ်လက်မရှိတဲ့ Touch Screen နှစ်ခု ထည့်ပေးထားလို့ ဒုတိယတန်းခုံတွေမှာ လိုက်ပါစီးနင်း သူတွေအတွက် သီချင်းပဲ နားထောင်မလား၊ ဗီဒီယိုပဲ ကြည့်မလား အဆင်ပြေစေပါတယ်။ Ground Clearance က ၁၁ လက်မ နီးပါးရှိတာကြောင့် ဘယ်လိုလမ်းမှာမဆို ကားအောက်ပိုင်း ထိခိုက်မှာကို မစိုးရိမ်ရပါဘူး။ Off-Road ကားပီပီ Hydraulic Body Motion Control System က လမ်းကြမ်းတွေမှာဆိုရင်လည်း ကားခုန် ပေါက်နေမှာကို ရှောင်လွဲနိုင်ပါတယ်။ Hill Descent Control က ကုန်းဆင်းလမ်းတွေမှာ ဘရိတ် မပေါက်အောင် ကူညီပေးနိုင်ပြီး ကား တာယာတွေ ကြံ့ခိုင်မှု ရှိ၊ မရှိ၊ ပန်းတွေ ပွန်းစားမှု ရှိ၊ မရှိကို မော်နီတာ ကနေ သိရှိနိုင်ပါတယ်။
Hill Start Assist က ကုန်းတက်တွေမှာ ကားနောက်ပြန်လိမ့်သွား တာမျိုး မဖြစ်ပေါ်စေနိုင်သလို Forward Collision Warning System ကလည်း ကားရှေ့ကနေ ရုတ်တရက် လူဖြတ်ကူးတာမျိုး၊ ရှေ့ကားပေါ်က ပစ္စည်းတစ်ခုခု ပြုတ်ကျတာမျိုးတွေဆိုရင် အချက်ပေးသံ ထွက်ပေါ်လာမှာဖြစ်လို့ အန္တရာယ် မဖြစ်အောင် ရှောင်လွဲနိုင်ပါတယ်။ Intelligent Blind Spot Intervention စနစ်က လမ်းကြောင်းပြောင်းမောင်းမယ်ဆိုရင် အနောက်ဘက် မမြင် ကွယ်ရာက လူ၊ တခြားကား စတာတွေကို မော်နီတာကနေ မြင်နိုင်တာ ကြောင့် အန္တရာယ်ကင်းစေပါတယ်။ Off-Road တစ်စီးပီပီ မြို့တွင်း၊ မြို့ပြင် လမ်းမတွေမှာရော၊ ခရီးကြမ်း တောတွင်းလမ်းတွေမှာပါ အန္တရာယ် ကင်းစေနိုင်တဲ့ ခေတ်မီနည်းစနစ်မျိုးစုံ ထည့်သွင်းပေးထားလို့ လုံခြုံ စိတ်ချမှုအပြည့် ရရှိစေမှာပါ။
ဘီးခွေက ၁၈ လက်မ အလွိုင်းဘီးခွေဖြစ်ပြီး လက်မ နှစ်ဆယ်ဘီးခွေ ကိုလည်း ရွေးချယ်ခွင့်ရှိပါတယ်။ ပစ္စည်းတွေထားလို့ရတဲ့ အကျယ်အဝန်း က ၅၅ဝ လီတာရှိပြီး တတိယတန်းထိုင်ခုံကို ခေါက်လိုက်ရင် ၁,၄၉ဝ လီတာ၊ ဒုတိယတန်းထိုင်ခုံကိုခေါက်လိုက်ရင် ၃,၁၇ဝ လီတာအထိ ထွက်လာမှာဖြစ်သလို ကားခေါင်မိုးပေါ်မှာလည်း ပစ္စည်းတွေ တင်နိုင် ပါသေးတယ်။ ဝန်ဆွဲနိုင်တဲ့ပမာဏက ပေါင် ၇,၈ဝဝ နီးပါးအထိရှိသလို အရောင်ခုနစ်မျိုးအထိ ရွေးချယ်နိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here