Nissan Myanmar မှ Nissan ကားအမျိုးအစား သုံးမျိုးကို Year-End Gold Rush Deal Promotion အစီအစဥ်ဖြင့် ရောင်းချမည်

190

 

ရန်ကုန်၊ ​အောက်တိုဘာ ၁၂

Nissan Myanmar မှ Nissan ကားအမျိုးအစား သုံးမျိုးကို Year-End Gold Rush Deal Promotion အစီအစဥ်ဖြင့် ​​အောက်တိုဘာလကုန်အထိ ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

Year-End Gold Rush Deal Promotion တွင် Nissan Terra ၊ Nissan Navara Plus နှင့် Nissan Sunny ကားအမျိုးအစား သုံးမျိုးကို အထူးအစီအစဥ်များဖြင့်ရောင်းချမည် ဖြစ်​သည်။

“Promotion အစီအစဥ်မှာ Nissan 𝐓erra(All-New SUV 7 Seater) နဲ့ 𝐍issan Navara Plus (Double Cab) ကားတွေကို
​ဝယ်ယူမယ်ဆိုရင် အများဆုံး ရွှေ သုံးကျပ်သားအထိ ရရှိနိုင်မယ့်အပြင် ငွေသားလက်ဆောင်​တွေနဲ့ Nissan Welcome Pack ကို ရရှိမှာဖြစ်ပါတယ်၊ (Car Model Year အလိုက် ရွှေ အလေးအချိန် အပြောင်းအလဲရှိမှာ ဖြစ်ပါတယ်) ဒါ့ပြင် Nissan Sunny ကို ဝယ်ယူမယ်ဆိုရင် ၆ ဒသမ ၉၅ လက်မရှိ Andriod Navigation System အပြင် ငွေသားလက်ဆောင် + Nissan Welcome Pack ​တွေပါ ရရှိနိုင်မှာဖြစ်ပါတယ်” ဟု Nissan Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Nissan Myanmar မှ Nissan ကားများ ဝယ်ယူမည်ဆိုပါက Nissan Terra ကို အမေရိကန်ဒေါ်လာ ၅၃,၉၉၀၊ Nissan Navara Plus ကို အမေရိကန်ဒေါ်လာ ၄၃,၈၀၀ နှင့် Nissan Sunny ကို မြန်မာငွေ ကျပ် ၂၈၈ သိန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ထိုကားများအတွက် အာမခံအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

ရဲထွန်း​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here