Myanmar Tourism Strategic Recovery Roadmap (2021-2025)ကို ​ဒေသအသီးသီး၌ Stakeholder Forum များ ပြုလုပ်အတည်ပြုပြီး ၂၀၂၁ ခုနှစ်မှ စတင်အကောင်အထည်ဖော်သွားမည်

104

 

မန္တ​လေး၊ စက်တင်ဘာ ၂၇

Covid-19 အလွန်ကာလတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးအတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)၊ လူဇင်ဘတ် ဖွံ့ဖြိုးမှုအေဂျင်စီ (Lux Dev) တို့နှင့် ပူးပေါင်း၍ ရေးဆွဲလျက်ရှိသော Myanmar Tourism Strategic Recovery Roadmap (2021-2025) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Stakeholder Forum များ ပြုလုပ်အတည်ပြုကာ လာမည့် ၂၀၂၁ ခုနှစ်မှ စတင်အကောင်အထည်ဖော်သွားမည် ဖြစ်​ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ် Stakeholder Forum တွေမှာ ဒေသအလိုက် Destination Management Organization တွေပါ ပါ၀င်တက်ရောက်ပြီး ဒီ National Roadmap နဲ့ Aligned ဖြစ်တဲ့ သက်ဆိုင်ရာဒေသအလိုက် အားသာချက်၊ အားနည်းချက် အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေကို ထည့်သွင်း စဉ်းစားထားတဲ့ Regional Tourism Masterplan တွေကိုလည်း တစ်ပါတည်း ရေးဆွဲအတည်ပြုသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

စက်တင်ဘာ ၂၇ ရက်(ယ​နေ့) ကျရောက်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၀) ကို ကြိုတင်ဂုဏ်ပြုသည့်အနေဖြင့် စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့သော Tourism and Rural Development Online ဆွေးနွေးပွဲတွင် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဌလည်းဖြစ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးလည်းဖြစ်သူ ဦးအုန်းမောင်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ Sustainable Development Goals ကို ၂၀၃၀ ပြည့်နှစ်တွင် အကောင်အထည်ပေါ်လာစေရန် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် အကောင်အထည်ဖော်ရေး အစီအစဉ် MSDP ကို ဖော်ဆောင်နေကြောင်း၊ အဆိုပါ Myanmar Sustainable Development Plan (MSDP) နှင့်အညီ မြန်မာ့ခရီးသွားလုပ်ငန်းအား Reliable & Sustainable Tourism အဖြစ် ဆောင်ရွက်ရာတွင် အခြေကျပြီး ခရီးသွားဒေသများသာမက ကျေးလက်ဒေသများပါ လိုက်ပါဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်ဖြစ်သော ‘ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်းဖြင့် ပံ့ပိုးပေး’ နှင့် ကိုက်ညီလှကြောင်း ပြည်ထောင်စု၀န်ကြီး ဦးအုန်းမောင်က ထပ်မံပြောကြားသည်။

ယခုအခါ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတစ်၀န်း၌ Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် Essential Business & Offical Travelling ကလွဲ၍ နိုင်ငံတကာ ခရီးသွားလုပ်ငန်းသည် လုံး၀ရပ်ဆိုင်းသွားခဲ့သည်။ ထို့ပြင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယားများအရ ၂၀၂၀ ပြည့်နှစ်၏ ပထမနှစ်၀က်ကာလတွင် နိုင်ငံတကာခရီးသည် ၀င်ရောက်မှုသည် ၆၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၀င်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၄၆၀ ဘီလျံ ဆုံးရှုံးခဲ့ရသည့်အပြင် အလုပ်အကိုင် ဆုံးရှုံးမှုများလည်း ကြုံတွေ့ခဲ့ရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန (MOHT)

LEAVE A REPLY

Please enter your comment!
Please enter your name here