Myanmar Honda Insight Club ၏ ၁၅ ကြိမ်မြောက် Member အသစ်ကြိုဆိုပွဲနှင့် စုံညီပွဲကျင်းပ

570

ရန်ကုန်၊ ဇူလိုင်
Myanmar Honda Insight Club ၏ ၁၅ ကြိမ်မြောက် Member အသစ်ကြိုဆိုပွဲနှင့် စုံညီပွဲကို ဇွန် ၃၀ ရက်က ရန်ကုန်မြို့၊ ကန်တော် ကြီးဝန်းနှင့် ဗိုလ်တထောင်ကမ်း နားတွင် ကျင်းပခဲ့သည်။

ထိုပွဲကို အစီအစဉ် နှစ်ပိုင်းခွဲ ကျင်းပခဲ့ပြီး ပထမအစီအစဉ်တွင် ကန်တော်ကြီးဝန်းအတွင်း၌ ကား များစုစည်းပြီး Member များကို မိတ်ဆက်ပေးခြင်းနှင့် Partner Shop များကို မိတ်ဆက်ပေးခဲ့ သည်။ ဒုတိယအစီအစဉ်တွင် MHIC Member ကားအစီး ၁၂၀ ကျော်မှ ဗိုလ်တထောင်ကမ်းနားသို့ စီတန်းမောင်းနှင်ပြီး သိန်း ရ၀ ကျော် တန်ဖိုးရှိသည့် ကံစမ်းမဲများ ကို မဲဖောက်ပေးခဲ့သည်။

““MHIC ကို မိသားစုပုံစံဖွဲ့ စည်းထားပြီး Member ကားအစီး ရ၅၀ ရှိပါတယ်၊ Club Member ကတော့ တစ်သောင်း ကျော်ရှိပါ တယ်၊ ဒီအဖွဲ့ကို Insight စီးတဲ့ သူတွေ တွေ့ကြုံရတဲ့အခက်အခဲ တွေနဲ့ Knowledge Sharing လုပ်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ တာ ဖြစ်ပါတယ်””ဟု MHIC ၏ Admin ကိုစိုင်းက ပြောသည်။

Myanmar Honda Insight Club ကို ၂၀၁၂ ခုနှစ်က စတင်ဖွဲ့ စည်းခဲ့ပြီး လာမည့်ဒီဇင်ဘာလတွင် ရ နှစ်ပြည့်မွေးနေ့အဖြစ် နေပြည် တော်တွင် Gathering ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here