Myanmar Car of the Year  ဆုချီးမြွင့်ပွဲအတွက်   ပထမအဆင့် အကောင်းဆုံးကားငါးစီးစီ   ထွက်ပေါ်

1274

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် Myanmar Car of the Year ဆု ချီးမြွင့်ပွဲအတွက် ပထမအဆင့်အနေဖြင့် အကောင်း ဆုံးကား ငါးစီးစီ ထွက်ပေါ်လာ ကြောင်း သိရသည်။

 

Drive Magazine Myanmar မှ ကြီးမှူးပြီး Authorized Automobile Distributors Association(AADA) ၏ ပံ့ပိုးမှုဖြင့် ကျင်းပပြုလုပ်သော Myanmar Car of the Year (MCOTY) Award ချီးမြွင့်သည့်ပွဲတွင် Automobile Weekly Car Journal  မှ အယ်ဒီတာအဖွဲ့အပါအဝင် နိုင်ငံတကာမှ ကားဂျာနယ်လစ်များ၊ မော်တော်ယာဉ်နှင့်ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များမှ အကဲဖြတ်ဒိုင်များအဖြစ် မြန်မာပြည်ကားစျေး ကွက်သို့ရောက်ရှိနေသော Brand New ကားများကို မဲစနစ်ဖြင့် ရွေး ချယ်ကြမည် ဖြစ်သည်။

 

MCOTY ဆုချီးမြွင့်ပွဲတွင် ဆုအမျိုးအစားအဖြစ် (၁)Small Car of the Year ၊ (၂) Medium Car of the Year ၊ (၃) Prestige Car of the Year ၊ (၄) MPV Car of the Year ၊ (၅) Compact SUV Car of the Year ၊ (၆) SUV Car of the Year ၊ (၇) Prestige SUV Car of the Year ၊ (၈) Pick-up Car of the Year ၊ (၉) People’s Choice Car of the Year ၊ (၁ဝ) Myanmar Car of the Year ဆုများ ပါဝင်မည် ဖြစ်သည်။

 

Brand New ကားများကို ရွေးချယ်ရာတွင် Top five list car များပေါ်ထွက်လာရာ Small Car တွင် Hyundai Grand i10 ၊ Mazda 2 ၊ Mazda 3 ၊ Suzuki Ciaz ၊ Toyota Vios ၊ Medium Car တွင် Chevrolet Malibu ၊ Hyundai Elantra ၊ KIA Opti-ma ၊ Nissan Sunny ၊Toyota Corolla ၊ Prestige Car တွင် Chevrolet Malibu ၊ Hyundai Elantra ၊ KIA Optima ၊ Nissan Sunny ၊Toyota Corolla ၊ Prestige Car တွင် Chevrolet Orlando ၊ Hyundai H1 ၊ Mercedes-Benz V-Class ၊ Peugeot 5008  ၊ Suzuki Ertiga ၊ Compact SUV Car တွင် Chevrolet Captiva ၊ Ford Kuga ၊GAC GS5 ၊ Hyundai Tucson ၊ KIA Sportage ၊ SUV ကားတွင် Chevrolet Traiblazer ၊ Ford Everest ၊ KIA Sorento ၊ Mercedes-Benz GLE-Class ၊ Toyota Fortune ၊ Prestige SUV Car  တွင် GAC Motor GS8 ၊ Jaguar F-Pace ၊ Range Rover Evoque ၊ Mercedes-Benz GLS-Class ၊ Volvo XC-90 ၊ Pick-up Car တွင် Chevrolet Colorado ၊ Ford Ranger Double Cab ၊ Hyundai H100 ၊ Mitsubishi L200 ၊Toyota Hilux Rev စသည့် ကားများပါဝင်ကြောင်း သိရသည်။

 

Myanmar Car of the Year ချီးမြင့်ပွဲကို လာမည့် စက်တင်ဘာ ၉ ရက်၌ Novotel Yangon Max တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here