Multi Stage Test Lane ဖြင့်  မော်တော်ယာဉ် စစ်ဆေးခံရာတွင်  ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ  ထုတ်ပြန်

1001

Multi Stage Test Lane စက်ဖြင့် မော်တော်ယာဉ် စစ်ဆေးခံရာတွင် ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့ ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

 

ဒီဇင်ဘာ ၁ ရက်မှစ၍ ကနဦး မှတ်ပုံတင်ပြုလုပ်မည့်ကားများကို Multi Stage Test Lane ဖြင့် စစ်ဆေးရာတွင် ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်ခဲ့ရာ (၁) စစ်ဆေးခံမည့် မော်တော်ယာဉ်အား လက်ရှိ မောင်းနှင်နေသော ယာဉ်မောင်းသူများမှသာ တက်ရောက်မောင်းနှင်ရမည်၊ သတ်မှတ်လိုင်စင်ပါရှိရမည်၊ ထိုင်ခုံခါးပတ် ပတ်ထားရမည်။ (၂) စစ်ဆေးခံမည့် ယာဉ်ပေါ်တွင် ကုန်ပစ္စည်းများ၊ ခရီးသည်များ တင်ဆောင်ထားခြင်း လုံးဝ(လုံးဝ) မပြုရ။ (၃) ယာဉ်ကို သတ်မှတ်ထားသည့် လမ်းကြောင်း အတိုင်း 5km/hr နှုန်းထက် မကျော်ဘဲ ဖြည်းညင်းတည့်မတ်စွာ မောင်းနှင်တက်ရောက်ရမည်။ (၄) ယာဉ် မောင်းသူသည် မိမိယာဉ် စစ်ဆေးနေစဉ် ယာဉ်စစ်ဆေးသူညွှန်ကြား ပြသမှုအတိုင်း လိုက်နာဆောင်ရွက်ရမည်။ (၅) စက်ကိရိယာများဖြင့် စစ်ဆေးနေစဉ် အန္တရာယ်ကင်းရှင်းစေရန် ယာဉ်စစ်ဆေးသည့် လမ်းကြောင်းအတွင်း ယာဉ်စစ်ဆေးရေး တာဝန်ရှိသူမှအပ မည်သူမျှ လုံးဝ (လုံးဝ)ဝင်ရောက်ခြင်း မပြုရ။ (၆) စစ်ဆေးခံမည့်ယာဉ်၏ တာယာများ သန့်ရှင်းနေရမည့်အပြင် တာယာပန်းများအကြား ကျောက်ခဲများ၊ ခဲများ ညပ်မနေစေရ၊ တာယာအားလုံး လေပေါင်ညီရမည့်အပြင် ဘီးခွေလိမ်နေခြင်း၊ တာယာ စူထွက်နေ ခြင်း မဖြစ်စေရ၊ စက်ဆီ၊ ချောဆီယိုဖိတ်ခြင်း မရှိစေရ၊ ယာဉ်စစ်ဆေးခြင်းကို အန္တရာယ်ဖြစ်စေနိုင် ခြင်း၊ စက်ကိရိယာများ ပျက်စီးစေခြင်းများ ဖြစ်ပေါ်စေနိုင်သော အခြေအနေဖြစ်ပါက ယာဉ်စစ် ဆေးခြင်းကို ငြင်းပယ်ခြင်းခံရမည်။ (၇) Side-slip ကို ဖြတ်ကျော်စဉ် Steering Wheel လှည့်ခြင်း၊ ဘရိတ်နင်းခြင်း မပြုလုပ်ရ။ (၈) Speedometer စစ်ဆေးနေစဉ် ယာဉ်ကို တည့်မတ်နေစေရေး Steering Wheel ကို ထိန်းထားရမည်၊ ရုတ်တရက် Brake နင်းခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရ။ (၉) ရှေ့ဘီး Brake Tester ပေါ်သို့ရောက်လျှင် ဂီယာအား Free Position တွင်ထားပြီး Brake ကို လွှတ်ထားရမည်။ ယာဉ် ဝဲ/ယာ သို့ ရွေ့လျားခြင်း မရှိစေရန် Steering ကို မြဲမြံစွာ ကိုင်ထားရမည်။ ယာဉ် စစ်ဆေးသူမှ Brake နင်းခိုင်းလျှင် Service Brake Pedal ကို အဆုံးအထိ ရောက်အောင် ဖြည်းညင်းစွာ တင်ရမည်။ (၁ဝ) Axle Play စစ်ဆေးနေစဉ် ဂီယာကို Free Position တွင် ထားရှိရမည်။ (၁၁) ယာဉ်စစ်ဆေးသူ၏ညွှန်ကြားချက်များအတိုင်း လိုက်နာခြင်းမရှိသဖြင့် ယာဉ်စစ်ဆေးရေး စက်ကိရိယာများ ထိခိုက်ပျက်စီးခြင်း၊ ယာဉ်စစ်ဆေး အဆောက်အအုံနှင့် အခြားယာဉ်များ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ် လာပါက ကာလတန်ဖိုးအတိုင်း ပေးလျော်ခြင်း၊ ပြုပြင်ခြင်းများ ဆောင် ရွက်ပေးရမည်၊ ယာဉ်စစ်ဆေးရေး တာဝန်ရှိသူများ ထိခိုက်ဒဏ်ရာ ရရှိပါက ဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Multi Stage Test Lane စက်ဖြင့် မော်တော်ယာဉ်စစ်ဆေးခံ ရာတွင် ယာဉ်မောင်းသူများလိုက်နာ ရမည့်စည်းကမ်းချက်များကို စက် များဖြင့် ယာဉ်စစ်ဆေးသည့် ကညန ရုံးတိုင်း၌ သတိပေးကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here