အရည်အသွေးရှိ နာမည်ရ Brand အဝတ်အထည်များ ရောင်းချလျက် ရှိသော မန္တလေးမြို့ Mr.Tiger King ဆိုင်မှ ၂၀၁၈ နှစ်သစ်ကိုကြို ဆိုသောအားဖြင့် အနည်းဆုံးကျပ် တစ်သိန်းခွဲဖိုး ဝယ်ယူသော Customer များအတွက် ကျပ်သုံး သောင်းတန် ကံစမ်းမဲကူပွန်လက်မှတ်တစ်စောင်ပေး၍ သိန်း ၁၇၀ တန် ၂၀၁၅ မိုဒယ် Harley Davidson 48 ဆိုင်ကယ်တစ်စီးမဲ ဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
”မနှစ်က 2017 Happy New Year ဇော်ဝင်းထွဋ်ပွဲမှာ Harley-Davidson ဆိုင်ကယ် တစ်စီးမဲဖောက်ပေးတာကျွန်တော်ပေါက်ခဲ့တယ်၊ကိုယ် ကိုယ်တိုင် လည်း Biker ဖြစ်နေတော့အဲဒီအ ချိန်တုန်းက မပြောပြတတ်အောင် ပျော်ခဲ့တယ်၊ Harley-Davidson ဆိုင်ကယ် မဲပေါက်တဲ့ ပျော်ရွှင်မှုက ဘာနဲ့မှမလဲနိုင်တဲ့အတွက်အခြားသူ တွေလို ကျွန်တော်လို့ပျော်ရွှင်မှုတွေ ရအောင် အပျော်တွေကူးစက် အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခု ကျွန်တော့်ဆိုင်မှာ လာဝယ်တဲ့ Customer တွေအတွက်ကံစမ်းမဲ ဖောက်ပေးဖို့ စီစဉ်ဖြစ်သွားတာပါ”ဟု အဝတ်အထည် များသာ ရောင်းချလျက်ရှိသော Mr.Tiger King ဆိုင်မှ ဆိုင်ပိုင်ရှင်ကို ကျော်ဇင်ဝင်းက ရှင်းပြသည်။
Mr.Tiger King ဆိုင်တွင်လာ ဝယ်သော Customer များနှစ် သစ်ကူးတွင် ပျော်ရွှင်စေရန် မြန်မာ ပြည်၌ ရောင်းအားအသွက်ဆုံးနှင့် လူကြိုက်အများဆုံး အမျိုးအစား ဖြစ်သော သိန်း ၁၇၀ တန် ၂၀၁၅ Harley-Davidson 48 ဆိုင်ကယ်ကို ကြိုတင်ရွေးချယ် ဝယ်ယူထားပြီး လက်မှတ်စောင်ရေ ၇၀ဝ သတ်မှတ်ထားကြောင်း၊ ယခု အချိန်မှအနည်းဆုံး ကျပ်တစ်သိန်း ခွဲဖိုးဝယ်ယူသော Customer များ ကို ကံစမ်းမဲလက်မှတ်တစ်စောင် လက်ဆောင်ပေးသွားမည်ဖြစ်ပြီး အဝတ်အထည်များမဝယ်ယူသူများ အတွက်လည်း လက်မှတ်တစ်စောင် လျှင် ကျပ်သုံးသောင်းဖြင့် သီးသန့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အဆိုပါဆိုင်မှ သိရသည်။
”အခုအချိန်ကစပြီး ဒီဇင်ဘာ လ ၁ ရက်မတိုင်မီ လာဝယ်ကြတဲ့ Customer တွေအကုန်လုံးအကျုံး ဝင်မှာဖြစ်ပါတယ်၊ ဒါပေမယ့်လက် မှတ်က စောင်ရေ ၇၀ဝ ပဲသတ်မှတ် ထားတာဖြစ်လို့ ၇၀ဝ ပြည့်တာနဲ့ လုံးဝ ရပ်လိုက်မှာပါ၊ ကျပ်တစ်သိန်း ခွဲဖိုးဝယ်တဲ့ Customer တွေကို တော့ ကံစမ်းမဲလက်မှတ်တစ်စောင် ပေးမယ့်အပြင် ဖွင့်ပွဲနေ့ကျရင် ဘီ ယာ သုံးခွက်အခမဲ့တိုက်ဖို့ စီစဉ် ထားတယ်၊ တကယ်လို့အဝတ်အ စား မဝယ်ဖြစ်လို့ဆိုလည်းစိတ်ဝင်စားတဲ့သူက ကျပ် သုံးသောင်းနဲ့ ကူပွန်လက်မှတ်တစ်စောင် သီးသန့်
လာဝယ်လို့ရပါတယ်၊ လက်မှတ် ရောင်းရတဲ့ငွေနဲ့ ဆိုင်ကယ်ဖိုး၊ ကံ စမ်းမဲဖောက်ပွဲစီစဉ်ရတဲ့ ကုန်ကျစ ရိတ်တွေတွက်လိုက်ရင် ကျွန်တော့် အတွက် ဘာအမြတ်မှ ကျန်မှာမ ဟုတ်သလို မြတ်ဖို့အဓိကလုပ် တာ မဟုတ်ပါဘူး၊ ကိုယ်တိုင်လည်း မဲပေါက်ဖူးလို့ အဲဒီလိုအပျော်မျိုးနှစ် သစ်မှာ ခံစားလို့ရအောင် စီစဉ်ပေး ဖြစ်သွားတာပါ”ဟု ကိုကျော်ဇင် ဝင်းက ထပ်မံပြောသည်။
အဆိုပါ Harley-Davidson 48 ဆိုင်ကယ်ကို လာမည့်ဒီဇင်ဘာ လ ၁ ရက်တွင် မန္တလေးမြို့ကန်တော် ကြီး Green စားသောက်ဆိုင်တွင်ညနေ ၅ နာရီမှ ၇ နာရီအတွင်းကံ စမ်းမဲဖောက်ပေးသွားမည်ဖြစ်ပြီး ဆုကြေငြာချိန်၌ ကံစမ်းမဲလက်မှတ် ပြသနိုင်သောသူကိုသာ ကံထူးရှင် အဖြစ် ရွေးချယ်သွားမည်ဖြစ် သိရသည်။
Mr. Tiger King ဆိုင်ကို မန္တလေးမြို့ ၇၁ လမ်း၊ လမ်း ၃၀×၃၁ လမ်း ကြားတွင် ဖွင့်လှစ်ထားပြီး မန္တလေးမြို့တော်တွင် အဝတ်အစား များရောင်းချသည့် ဆိုင်များစွာထဲမှ ပထမဦးဆုံးအဖြစ် တန်ဖိုးကြီးသော Harley-Davidson ဆိုင်ကယ်ကို မဲဖောက်ပေးမှုလည်း ဖြစ်သည်။
ကျော်ကျော်အောင်(ကလေး)