Motorbike Accessories ( Vol 6 , No 49 )

884

ဆိုင်ကယ်ချစ်သူတွေအတွက် Motorbike Accessories က@ကနေ ဆိုင်ကယ်နဲ့ပတ်သက်တဲ့ Accessories တွေကို စျေးနှုန်းနဲ့တကွ ဖော်ပြလိုက်ပါတယ်။

(စျေးနှုန်းများမှာ တစ်ပတ်အတွင်း စျေးနှုန်းများဖြစ်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်)

၁။ ဆိုင်ကယ်သံကြိုးသော့

ဆိုင်ကယ်တစ်စီး ခိုးယူခံရမှုကို ကာကွယ်ပေးနိုင်တဲ့ ဆိုင်ကယ်သံကြိုးသော့ဟာသံမဏိစတီးနဲ့ပြုလုပ်ထားတာကြောင့် ကြာရှည်အသုံးခံမယ်လို့သိရပါတယ်။ သံကြိုးအပေါ်ကိုလည်း သရေပိုက်စွပ်ပြီး တပ်ဆင်ထားတာကြောင့် အနီ၊ အပြာ၊ အစိမ်း ၃ ရောင်ထွက်ရှိတဲ့အတွက်မြင်ရသူတိုင်းကို စိတ်ကြည်လင်စေမှာပါ။ သံကြိုးအရှည်ဟာ ၂ ပေခွဲခန့်ရှိပြီး ဆိုင်ကယ်သံကြိုးသော့တံလည်း ၂ ချောင်းပါဝင်ပါတယ်။ စျေးနှုန်းကတော့ ၄၉ဝဝ ကျပ်ပါ။

 

၂။ ကလပ်ကိုင်းအစွပ်

ကလပ်ပါတဲ့ ဆိုင်ကယ်တွေရဲ့ ကလပ်ကိုင်းမှာ တပ်ဆင်အသုံးပြုတဲ့ အစွပ်လေးဟာ ရာဘာသား နဲ့ပြုလုပ်ထားတာကြောင့် ကြာရှည်အသုံးခံမယ်လို့ သိရပါတယ်။ ဘရိတ်ကိုင်း(သို့) ကလပ်ကိုင်းမှာ စစွပ်ချိန်မှာတော့ အင်ဂျင်ဝိုင်ဆီမသုံးဘဲ ပေါင်ဒါမုန့်သုံးတာက သက်တမ်းပိုကြာရှည်စေမှာပါ။ ရှေ့ဘရိတ်ကိုင်း(သို့) ကလပ်ကိုင်းအစွပ်ဟာ အဝါ၊ အစိမ်းစတဲ့ ရောင်စုံထွက်ရှိပြီး မိုးတွင်းမှာလည်းရေစိုခံနိုင်တယ်လို့ သိရပါတယ်။ စျေးနှုန်းကတော့ ၅ဝဝ ကျပ်ပါ။

 

၃။နောက်ဘရိတ်သီး

125 , ရုပ်ဆိုး , Dream စတဲ့ ဆိုင်ကယ်အများစုရဲ့ နောက်ဘရိတ်တံမှာအသုံးပြုတဲ့ ဘရိတ်သီးဟာ သံမဏိနဲ့ပြုလုပ်ထားတာကြောင့် ကြာရှည်အသုံးခံမယ်လို့ သိရပါတယ်။ဘရိတ်ရှုး အထူအပါးပေါ်မူတည်ပြီး ဘရိတ်ချိန်ဆမှုကို အတိုးအလျော့ စိတ်ကြိုက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စျေးနှုန်းကတော့ ၅ဝဝ ကျပ်ပါ။

 

၄။Disk ဝိုင်းပြား

ဆိုင်ကယ်ဝှီးတက်ထည့်တဲ့ အဝိုင်းကဒ် Disk ဝိုင်းပြားဟာ အလယ်ကို ပလတ်စတစ်အကြည်သားနဲ့ပြုလုပ်ထားတာအပြင် ခိုင်ခံတဲ့ကော်သားနဲ့ ကာရံထားတာကြောင့် ကြာရှည်အသုံးခံမယ်လို့ သိရပါတယ်။ Disk  ဝိုင်းပြားရဲ့ အလယ်ဟာ ပလတ်စတစ်အကြည်သားဖြစ်နေတဲ့အတွက် ဝှီးတက်ခ်အပြင် ဘီးလိမ့်ခွန်ကဒ်ပါပူးတွဲထည့်နိုင်မှာဖြစ်ပြီး အဝါ၊ အစိမ်း၊ အနီ၊ အပြာ စတဲ့ရောင်စုံထွက်ရှိပါတယ်။ စျေးနှုန်းကတော့ ၈ဝဝ ကျပ်ပါ။

အမှတ်(၂ဝ)၊ ၆၉ လမ်း၊ ၄ဝ×၄၁ လမ်းကြား၊ မဟာမြိုင် (၁) ရပ်ကွက်၊ အပိုင်း(၉)၊

မန္တလေးမြို့။ ဝ၂-၆၂၈၂၅ ၊ ဝ၉-၂ဝ၅၂၂၆၈

LEAVE A REPLY

Please enter your comment!
Please enter your name here