Motorbike Accessories

988

ဆိုင်ကယ်ချစ်သူတွေအတွက် Motorbike Accessories  က@ကနေ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ Accessories တွေကို စျေးနှုန်းနဲ့တကွ ဖော်ပြလိုက်ပါတယ်။

(စျေးနှုန်းများမှာ တစ်ပတ်အတွင်း စျေးနှုန်းများဖြစ်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်)

၁။ဘရိတ်ဆီ

ထိုင်းနိုင်ငံထုတ် ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဘရိတ်ဆီဟာ 100 ml ပါရှိတာကြောင့် ကြာရှည်အသုံးခံမယ်လို့ သိရပါတယ်။ ဘရိတ်ဆီဟာ Disk  ဘရိတ်ပါရှိတဲ့ ဆိုင်ကယ်တွေသာ အသုံးပြုနိုင်မှာဖြစ်ပြီး ဘရိတ်ဆီ ပြတ်လပ်မှုရှိမရှိကိုတော့ မကြာခဏဂရုပြုပေးဖို့လိုပါမယ်။ ဒါမှသာ ဆိုင်ကယ်ဘရိတ် ချွတ်ယွင်းတာတွေ မဖြစ်မှာပါ။ စျေးနှုန်းကတော့ ၁ဝဝဝ ကျပ်ပါ။

၂။  ဘေးထောက်စပရိန်

ဘေးထောက်အတင်အချပြုလုပ်ရာမှ အထောက်အပံ့ပေးတဲ့ ဘေးထောက်စပရိန်ဟာ သံမဏိသားကို သွပ်ရေစိမ်ပြီး ပြုလုပ်ထားတာကြောင့် ကြာရှည်အသုံးခံမယ်လို့ သိရပါတယ်။ ဘေးထောက်စပရိန်ဟာ ၁၁ဝ , ၁၂၅ စတဲ့ဆိုင်ကယ်တိုင်းအသုံးပြုနိုင်မှာဖြစ်ပြီး စပရိန်အကွေးအဆန့်ပြုလုပ်မှုကြောင့် ကျိုးပြတ်တာတွေ မဖြစ်ပေါ်အောင်ထုတ်လုပ်ထားတဲ့အတွက် စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ စျေးနှုန်းကတော့ ၂ဝဝ ကျပ်ပါ။

 

၃။  ထိုင်ခုံစွပ်

တရုတ်နိုင်ငံထုတ် HAOXUN တံဆိပ် ထိုင်ခုံစွပ်ဟာ နိုင်လွန်ကြိုးနဲ့ပြုလုပ်ထားတာကြောင့် ဆိုင်ကယ်စီးနင်းသူကို High Way သွားရင်ပါ သက်တောင့်သက်သာရှိစေမှာပါ။ HAOXUN  တံဆိပ်ထိုင်ခုံစွပ်ဟာ ထိုင်းနိုင်ငံထုတ် Auto ဆိုင်ကယ်များသာအသုံးပြုနိုင်မှာဖြစ်ပြီး ဝါ၊စိမ်း၊ နီ၊ ပြာ အရောင်မျိုးစုံရှိတဲ့အတွက် ဆိုင်ကယ်စီးနင်းသူကို စိတ်ချမ်းသာမှုပါ ရစေမှာပါ။ စျေးနှုန်းကတော့ ၂၃ဝဝ ကျပ်ပါ။

၄။  ဆိုင်ကယ်ဦးထုပ်

တရုတ်နိုင်ငံထုတ် ADIO တံဆိပ် ဆိုင်ကယ်ဦးထုပ်ဟာ ပလပ်စတစ်အကြည်အထူသားနဲ့ပြုလုပ်ထားတာကြောင့် ဆိုင်ကယ်စီးနင်းသူတိုင်း အသက်အန္တရာယ်လုံခြုံမှုကို အပြည့်အဝပေးမှာဖြစ်ပါတယ်။ ရှေ့လေကာမှန်ကလည်းအပြာနုရောင်ဖြစ်တဲ့အတွက် ဆိုင်ကယ်စီးနင်းသူတိုင်းကို နေပူဒဏ်ထိတွေ့မှုအန္တရာယ်မှ ကာကွယ်ပေးမှာပါ။  ADIO တံဆိပ် ဆိုင်ကယ်စီးဦးထုပ်ဟာ အပြာ၊ ပန်းဆီရောင်၊ အဖြူစတဲ့ အရောင်မျိုးစုံထွက်ရှိတဲ့အပြင် ဝါးခက်ပုံစံဒီဇိုင်းများပါထည့်သွင်းပြုလုပ်ထားတာကြောင့် မြင်ရသူတိုင်း စိတ်ကြည်လင်စေမှာပါ။ စျေးနှုန်းကတော့ ၁၄,၅ဝဝ  ကျပ်ပါ။

အမှတ်(၂ဝ)၊ ၆၉ လမ်း၊ ၄ဝ×၄၁ လမ်းကြား၊ မဟာမြိုင် (၁) ရပ်ကွက်၊ အပိုင်း(၉)၊

မန္တလေးမြို့။ ဝ၂-၆၂၈၂၅ ၊ ဝ၉-၂ဝ၅၂၂၆၈

LEAVE A REPLY

Please enter your comment!
Please enter your name here