Motorbike Accessories ( Vol 6 , No 48 )

765

ဆိုင်ကယ်ချစ်သူတွေအတွက် Motorbike Accessories က@ကနေ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ Accessories တွေကို စျေးနှုန်းနဲ့တကွ ဖော်ပြလိုက်ပါတယ်။

(စျေးနှုန်းများမှာ တစ်ပတ်အတွင်း စျေးနှုန်းများဖြစ်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်)

 

၁။ဘောက်ကာဗာ

 

ရှေ့ဘောက်ဝိုက်စီးမကောင်းတော့တဲ့အချိန် ဆီယိုစိမ့်မှုဖြစ်ပေါ်တတ်ချိန်မျိုးမှာ သဲ၊ ဖုန်မဝင်အောင် ကာကွယ်ပေးထားတဲ့ ဘောက်ကာဗာဟာ အရည်အသွေးကောင်းမွန်တဲ့ ရော်ဘာအပျော့နဲ့ပြုလုပ်ထားတဲ့အတွက် ကြာရှည်အသုံးခံမယ်လို့ သိရပါတယ်၊  အဝါ၊ အစိမ်း၊ အနီ၊ အပြာ စတဲ့ရောင်စုံ ထွက်ရှိပြီး ဘောက်ကာဗာမှာ သွပ်ပြားနဲ့ပြုလုပ်ထားတဲ့ ကလက်ကွင်းပါပါရှိတဲ့အတွက် လမ်းကြမ်းတွေမှာဆိုင်ကယ်အစီးများလာတာနဲ့အမျှ အောက်ခြေကိုလျှောမကျအောင် ထိန်းသိမ်းပေးစေမှာပါ။ စျေးနှုန်းက ၁၂ဝဝ ကျပ်။

 

ပင်စတင် (Piston)

 

ဆိုင်ကယ်အင်ဂျင်အတွင်းပိုင်း ဟတ်အနောက်ဖက် ဘလောက်နဲ့တွဲအသုံးပြုရတဲ့ ပင်စတင် (Piston) ဟာ ခိုင်ခံ့ကောင်းမွန်တဲ့သတ္တုနဲ့ပြုလုပ်ထားတာကြောင့် ကြာရှည်အသုံးခံမယ်လို့သိရပါတယ်။ ပင်စတင်ဟာ အင်ဂျင်ရုန်းအားကို အဓိကလုပ်ဆောင်ပေးတာကြောင့် အင်ဂျင်ကြာရှည်ခံစေရန် အင်ဂျင်ဝိုင်ပုံမှန်ရှိအောင် ဂရုစိုက်ပေးဖို့တော့လိုပါမယ်။ စျေးနှုန်းက (၃၆ဝဝ) ကျပ်။

 

။အချက်ပြမီး

 

တရုတ် CZI New ဆိုင်ကယ်သီးသန့်သုံး အချက်ပြမီးဟာ မှန်ကာဗာကို ခိုင်ခံ့တဲ့ပလတ်စတစ်အကြည်နဲ့ပြုလုပ်ထားပြီးမီးသီးအဝါတပ်ဆင်ထားပါတယ်။ အချက်ပြမီးဟာ 12 V ဘက်ထရီသုံးဖြစ်ပြီး နောက်ဖုံးကို စလောင်းအဖြူတပ်ဆင်ပေးထားတာကြောင့် မီးအချက်ပြတိုင်း လင်းအားကောင်းစေတာနဲ့အမျှ ယာဉ်လမ်းကြောအချိုးအကွေ့တွေမှာ များစွာအထောက်အကူပြုစေမယ်လို့ သိရပါတယ်။ စျေးနှုန်းက (၃၈ဝဝ) ကျပ်။

။ နောက်ကြည့်မှန်

 

ထိုင်း Click ဆိုင်ကယ်သီးသန့်သုံး HMA တံဆိပ်နောက်ကြည့်မှန်ဟာ ပါဝါမှန်အပြင် နောက်ဖုံးကိုလည်း ပလတ်စတစ်အမာသားနဲ့ပြုလုပ်တပ်ဆင်ထားတဲ့အတွက် မတော်တဆဆိုင်ကယ်လဲမိရုံနဲ့ အလွယ်တကူအက်ကွဲတာတွေမဖြစ်ပေါ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ပါဝါမှန်ဖြစ်နေတဲ့အတွက် ဆိုင်ကယ်နောက်မှာကပ်ပါလာတဲ့ ယာဉ်တွေကိုမြင်ကွင်းထင်ထင်ရှားရှားနဲ့ ကြည့်ရှုနိုင်မှာပါ။ စျေးနှုန်းက ၆၃ဝဝ ကျပ်။

 

အမှတ်(၂ဝ)၊ ၆၉ လမ်း၊ ၄ဝ×၄၁ လမ်းကြား၊ မဟာမြိုင် (၁) ရပ်ကွက်၊ အပိုင်း(၉)၊

မန္တလေးမြို့။ ဝ၂-၆၂၈၂၅ ၊ ဝ၉-၂ဝ၅၂၂၆၈

LEAVE A REPLY

Please enter your comment!
Please enter your name here