Motorbike Accessories

1025

ဆိုင်ကယ်ချစ်သူတွေအတွက် Motorbike Accessories က@ကနေ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ Accessories တွေကို  စျေးနှုန်းနဲ့တကွ ဖော်ပြလိုက်ပါတယ်။

(စျေးနှုန်းများမှာ တစ်ပတ်အတွင်း စျေးနှုန်းများဖြစ်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်)

၁။ LED မီး

ဆိုင်ကယ်ရှေ့မီးကြီးအဖြစ် အသုံးပြုတဲ့LED မီးဟာ LED မီးသီးလေးလုံးပါရှိတဲ့အပြင် မီးသီး နောက်မှာပါ ပန်ကာပါရှိတာကြောင့် မီးလင်းအားကောင်းစေမယ့်အပြင် မီးသီးစွမ်းဆောင်ရည်သက်တမ်းကိုကြာရှည်စေမှာပါ။ ဒါ့အပြင် LED မီးသီးကြိုးမှာပါ ဒိုင်အုပ်ပါရှိတာကြောင့်မီးဗို့အားများမှုကို ထိန်းညှိပေးမှာဖြစ်ပြီး မီးကိုလည်း အပေါ်မီးအောက်မီးနှစ်သက်ရာ အသုံးပြုနိုင်ပါတယ်။ စျေးနှုန်းက ၁၂,၈ဝဝ ကျပ် ။

 

၂။  CDI

အင်ဂျင်စက်နိုးမှုကို အထောက်အပံ့ပေးတဲ့ တရုတ် GYG တံဆိပ် CDI ဟာ ဒိုင်နမို Type ဖြစ်တဲ့အတွက် ဘက်ထရီအားမရှိလည်း စက်နိုးရလွယ်ကူစေမှာဖြစ်ပါတယ်။ Super Cap၊ ရုပ်ဆိုး၊  Dream 110 စသော ဆိုင်ကယ်အများစုမှာ အသုံးပြုနိုင်မှာဖြစ်ပြီး ပလတ်စတစ်အမာသား နဲ့ဖွဲ့စည်းတည်ဆောက်ထားတာကြောင့် ကြာရှည်ခံစေမှာပါ။ စျေးနှုန်းက ၁၆ဝဝ ကျပ်။

 

၃။ Silicone

ဆိုင်ကယ်တာယာ၊ ဆိုင်ကယ်ကူရှင်နဲ့ လက်ကိုင်စွပ်ကို အရောင်တင်ပေးတဲ့ Silicone ရည်ကို ပုံမှန်သုတ်လိမ်းပေးခြင်းဖြင့် ဝင်းလက်တောက်ပစေမယ့်အပြင် မြင်ရသူတိုင်း စိတ်ချမ်းသာစေမှာပါ။ Silicone ရည်ဟာ ပလတ်စတစ်(သို့) သံဖရိန်ကို သုတ်လိမ်းဖို့မဟုတ်ဘဲ ရော်ဘာသားနဲ့ပြုလုပ်ထားတဲ့ အစိတ်အပိုင်းပစ္စည်းတွေအတွက်သာ သီးသန့်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ စျေးနှုန်းက ၆ဝဝ ကျပ် ။

 

၄။ အမဲဆီ

 

ဆိုင်ကယ်တစ်စီးမှာပါရှိတဲ့ ဘော၊ ချိန်းစပေါ့ကတ်၊ ဇက်ခွက်စတဲ့ လှုပ်ရှားမှုပုံမှန်ပြုလုပ်နေတဲ့ အစိတ်အပိုင်းတွေအကုန်လုံးအသုံးပြုနိုင်တဲ့ PTT တံဆိပ် အမဲဆီဟာ ရေနံ၊ ဖယောင်း၊ Chemical စတာတွေနဲ့ ရောစပ်ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အမဲဆီ ပုံမှန်ထည့်ပေးခြင်းဟာ စက်ပိုင်းဆိုင်ရာလည်ပတ်မှုကို မြန်ဆန်စေမှာဖြစ်ပြီးဆိုင်ကယ်အစိတ်အပိုင်းတွေကို ကြာရှည်ခံစေမှာပါ။ စျေးနှုန်းက ၃၃ဝဝ ကျပ်။

 

အမှတ်(၂ဝ)၊ ၆၉ လမ်း၊ ၄ဝ×၄၁ လမ်းကြား၊ မဟာမြိုင် (၁) ရပ်ကွက်၊ အပိုင်း(၉)၊

မန္တလေးမြို့။ ဝ၂-၆၂၈၂၅ ၊ ဝ၉-၂ဝ၅၂၂၆၈

LEAVE A REPLY

Please enter your comment!
Please enter your name here