Motorbike Accessories

914

ဆိုင်ကယ်ချစ်သူတွေအတွက် Motorbike Accessories က@ကနေ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ Accessories တွေကို  စျေးနှုန်းနဲ့တကွ ဖော်ပြလိုက်ပါတယ်။

(စျေးနှုန်းများမှာ တစ်ပတ်အတွင်း စျေးနှုန်းများဖြစ်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်)

 

၁။ခြေတင်ပြား

 

Yamaha Fino ဆိုင်ကယ်သုံးခြေတင်ပြားဟာအရည်အသွေးကောင်းမွန်တဲ့ ရာဘာအပျော့ နဲ့ပြုလုပ်ထားပြီး အနီ၊ အနက်၊ အပြာစတဲ့ကာလစုံထွက်ရှိပါတယ်၊ ခြေတင်ပြားကို ဆိုင်ကယ်ခြေတင်ခုံမညစ်ပတ်စေရန်နဲ့အလှတင်ဆင်ကြလေ့ရှိပါတယ်။ စျေးနှုန်းက ၄၈ဝဝ ကျပ်။

 

 

၂။  သော့ကြိုး

 

ဆိုင်ကယ်လုံခြုံရေးစနစ်အတွက်အထောက်အကူဖြစ်စေမယ့် သော့ကြိုးဟာ အရည်အသွေးကောင်းမွန်တဲ့ သံမဏိကို နီကယ်စိမ်ကာပြုလုပ်ထားပြီးသံကြိုးအရှည်က ၃ ပေခန့်ရှိပါတယ်။ Original သော့နှစ်ချောင်းပါရှိပြီး ဆိုင်ကယ်အချင်းချင်းဖြစ်စေ၊ တိုင်၊ ခုံတို့နဲ့ဖြစ်စေတွဲချည်နှောင်နိုင်ပြီး သော့တုနဲ့လုံးဝဖွင့်လို့မရအောင် အထူးစီမံပြုလုပ်ထားတယ်လို့ သိရပါတယ်။ စျေးနှုန်းက  ၄၈ဝဝ ကျပ်။

 

 

၃။ခြေတင်တုံး

 

ခြေတင်တန်းသံပြားကို ခြေထောက်တင်တဲ့အချိန်အကာအကွယ်ပေးထားတဲ့ ခြေတင်တုံးဟာ ရာဘာအပျော့နဲ့ပြုလုပ်ထားပြီး ခြေတင်တန်းမှာစွပ်တဲ့အချိန်ကြပ်နေရင်ရေစွပ်ထည့်တာမျိုးသာပြုလုပ်သင့်ပြီး အင်ဂျင်ဝိုင်ထည့်တာမျိုးကိုရှောင်ရှားသင့်ပါတယ်၊ အင်ဂျင်ဝိုင်ထည့် အသုံးပြုခြင်းဟာ ခြေတင်တန်းမှာစစွပ်တဲ့အချိန်လွယ်ကူပေမယ့် နောက်ပိုင်းစီးနင်းတဲ့အချိန်မှာအလွယ်တကူကျွတ်ကျစေပါတယ်၊ စျေးနှုန်းက (၈ဝဝ) ကျပ်။

 

 

၄။ ရှေ့မီးသီး

 

တရုတ် GYG တံဆိပ် ရှေ့မီးသီးဟာ ဖန်သား၊ စတိန်းလက်စတီးစတာတွေနဲ့ပြုလုပ်ထားပြီး ဟိုင်ဒရိုင်ဂျင်တန်းပါတဲ့အတွက်လင်းအားကောင်းစေမယ်လို့ သိရပါတယ်။ မီးသီးထိပ်ဝဖန်သား မှာ Original အပြာရောင်တန်းပါရှိတဲ့အတွက် မီးအလင်းရောင်ဟာ အပြာရောင်အနည်းငယ်တန်းနေမှာဖြစ်ပြီး မီးအနိမ့်အမြင့်ပါလုပ်ဆောင်နိုင်မှာပါ။ စျေးနှုန်းက  ၁၃ဝဝ ကျပ်။

 

အမှတ်(၂ဝ)၊ ၆၉ လမ်း၊ ၄ဝ×၄၁ လမ်းကြား၊ မဟာမြိုင် (၁) ရပ်ကွက်၊ အပိုင်း(၉)၊

မန္တလေးမြို့။ ဝ၂-၆၂၈၂၅ ၊ ဝ၉-၂ဝ၅၂၂၆၈

LEAVE A REPLY

Please enter your comment!
Please enter your name here