Motor Union Car Service Cente ကို မတ် ၁၈ ရက်က ဖွင့်လှစ်

349

ရန်ကုန်၊ မတ်

Motor Union Car Service Cente  ဖွင့်ပွဲကို မတ် ၁၈ ရက်က ဘုရင့်နောင်လမ်းမကြီးနှင့် ရာကျော်လမ်းထောင့်တွင်ရှိသည့် Motor Union Cente တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Motor Union Car Service Cente တွင် ကားများကို အလုံးစုံစစ်ဆေးပေးခြင်း၊ ကွန်ပျူတာဖြင့် စစ်ဆေးပေးခြင်း၊ အလိုင်းမန့်ချိန်ပေးခြင်း၊ အင်ဂျင်ဝိုင်လဲပေးခြင်း၊ ဂီယာဝိုင်လဲပေးခြင်း၊ ဘရိတ်ဆီလဲပေးခြင်း၊ ဘက်ထရီလဲပေးခြင်း၊ အဲကွန်းဂတ်စ်ဖြည့်ပေးခြင်း၊ ကား အောက်ပိုင်းပြုပြင်ပေးခြင်း၊ တိုင်မင်ပတ်ကြိုးလဲပေးခြင်း၊ ကားရေဆေးပေးခြင်းတို့ကို စျေးနှုန်းသက်သာစွာဖြင့် ပြုပြင်ဆောင်ရွက်ပေးနေ ကြောင်း သိရသည်။

Motor Union Car Service Cente မှာအရည်အသွေး ပြည့်ဝတဲ့ အမေရိကန်နိုင်ငံကထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်နဲ့ ဂျာမနီနိုင်ငံကထုတ်ထားတဲ့ ဂီယာဝိုင်တို့ကို အသုံးပြုပြီး Chemical ဆေးရည်တွေနဲ့ ဆေးကြောသန့်စင်လဲလှယ်ပေးမှာ ဖြစ်ပါတယ်။ နောက်ပြီး ခေတ်မှီတဲ့ စက်ကိရိယာတွေနဲ့ မြန်ဆန်သောဝန်ဆောင်မှုများကို Customer တွေကို စိတ်တိုင်းကျ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်”ဟု မန်နေဂျင်းဒါရိုက်တာ  ကိုဇော်မင်းလတ်က ပြောသည်။

Motor Union Car Service Cente ကို အမှတ်-၇ဝ၊ ဘု ရင့်နောင်လမ်းမကြီးနှင့် ရာကျော် လမ်းထောင့်၊ မြို့သစ်စျေးအနီး၊ အင်းစိန်မြို့နယ်တွင် ဖွင့်လှစ်ထား ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here